ကျောင်းသားများအတွက်သာမက အလုပ်လုပ်ကိုင်နေကြရတဲ့ လူတွေအတွက် မနက်တိုင်းမှာ အချိန်မီနိုးထနိုင်ဖို့ Android Phone များမှာ Alarm Clock App တွေထည့်သွင်းပေးထားကြပါတယ်။ ဖုန်းတွေမှာ နဂိုပါတဲ့ Alarm Clock App တွေထက် စွမ်းဆောင်ချက်ပိုများတဲ့ App တွေကို ဖန်တီးပေးထားကြပါတယ်။ အဲဒီထဲက တစ်ခုက Wave Alarm ဖြစ်ပါတယ်။ Wave Alarm ကို အသုံးပြုရင် အိပ်ယာနိုးထချိန်မှာ ဖုန်းကို လိုက်ရှာပြီး ခလုတ်တွေနှိပ်ပြီး Silence လုပ်ရတဲ့ ဒုက္ခကင်းဝေးမှာ ဖြစ်ပါတယ်။ ဖုန်းအရှေ့မှာ လက်ကို ဝှေ့ယမ်းလိုက်တာနဲ့ Wave Alarm က Silence လုပ်ပေးမှာ ဖြစ်ပါတယ်။ Wave Alarm က ဖုန်းရဲ့ အရှေ့ဘက်ကင်မရာကို အသုံးပြုပြီး သင် လက်ဝှေ့ယမ်းလိုက်တာကို သိရှိတာ ဖြစ်ပါတယ်။
Wave Alarm ကို အင်စတောလုပ်ပြီးရင် Alarm, Intervals နဲ့ Settings ဆိုတဲ့ ကဏ္ဍသုံးခုကို စကရင်ရဲ့ အပေါ်မှာ ပြသပေးမှာပါ။ Alarm တစ်ခုဖန်တီးဖို့ အောက်ခြေမှ Create Alarm ခလုတ်ကို နှိပ်ပါ။
အချိန်သတ်မှတ်ဖို့အတွက် 12:05 ကိုနှိပ်ပါ။
အချိန်သတ်မှတ်ပြီးရင် AM or PM ရွေးချယ်ပေးပါ။ Ringtone ကိုလည်း ပြောင်းလဲနိုင်သလို Repeat ဖြစ်အောင် ပြုလုပ်နိုင်ပါတယ်။ ပြီးရင် Ok ကိုနှိပ်ပါ။
နောက်အဆင့်မှာ အောက်ခြေမှ Add ခလုတ်ကို နှိပ်ပါ။
သတ်မှတ်ထားတဲ့ အချိန်ရောက်ရင် Alarm မြည်ပါလိမ့်မယ်။
လက်ကို ဖုန်းအရှေ့ဘက်မှာ ဝှေ့ယမ်းပေးလိုက်တာနဲ့ အသံတိတ်ပေးမှာ ဖြစ်ပါတယ်။
Wave Alarm မှာ Timer လည်းပါရှိပြီး Intervals ကဏ္ဍမှာ အသုံးပြုနိုင်ပါတယ်။
အချိန်သတ်မှတ်တာကတော့ အပေါ်ကနည်းအတိုင်းပဲ ဖြစ်ပါတယ်။
Start ခလုတ်ကို နှိပ်ပြီး Timer ကို စတင်နိုင်ပါတယ်။ အချိန်ပြည့်သွားရင် အသံမြည်ပြီး အသိပေးမှာ ဖြစ်ပါတယ်။
Settings ကဏ္ဍမှာတော့ Camera Sensitivity ကိုချိန်ညှိနိုင်ပါတယ်။ သာမာန်အားဖြင့်တော့ နဂို Settings က အဆင်ပြေပါတယ်။ ဒါပေမယ့် လက်ဝှေ့ယမ်းလို့ အသံတိတ် မသွားဘူးဆိုရင်တော့ Camera Sensitivity ကို တိုးမြှင့်ပေးရမှာ ဖြစ်ပါတယ်။
နေ့စဉ်နေ့တိုင်း Alarm ကို အသုံးပြုနေကြသူတွေအတွက် Wave Alarm က ပိုမိုအဆင်ပြေတဲ့ နည်းလမ်းကို ပံ့ပိုးပေးထားပါတယ်။ Wave Alarm ကို Android 4.0.3 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။
Download
Myanmar Digital Life Journal
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။