2/14/2017

♪ “Vivo V5” Price - 298,000/- ♫

Image may contain: phone

Vivo စမတ်ဖုန်းကိုသုံးစွဲလိုသူတွေအတွက် လှပသောအကောင်းဆုံး Selfie ပုံရိပ်တွေကိုရိုက်ကူးနိုင်မယ့် Vivo V5 ဖြစ်ပါတယ်။ ကင်မရာပိုင်းတွင် 20MP အရည်အသွေးရှိ အရှေ့ကင်မရာကြောင့် စွမ်းဆောင်ရည်ပြည့်ဝ တဲ့ ဓာတ်ပုံတွေကို ရိုက်ကူး နိုင်ပါလိမ့်မယ်။ ကိုယ်ထည်ပိုင်းကိုဖုန်းကြာရှည် အသုံးပြုရာတွင်ဖြစ်ပေါ်လာမည့် အပူရှိန်ကို သက်သာစေသည့် အရည်အသွေး ကောင်းမွန်သော သတ္တုဖြင့် ဖန်တီးတည်ဆောက်ပေးထားပြီး မျက်နှာပြင်ပိုင်း ကိုတော့ အစင်းရာ၊ အခြစ်ရာများဖြစ်ပေါ်မှုမှ ကင်းဝေးအောင် Corning Gorilla Glass 4 ဖြင့် ဖုံးအုပ်ပေးထားပါတယ်။ 

Screen size 5.5” ရှိသဖြင့် မျက်နှာပြင်ကျယ်ကျယ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Resolution (1280x720) IPS LCD Capacitive Touch Screen ကို အသုံးပြုပေးထားသော ကြောင့် အရည်အသွေးကောင်းမွန်သော ဗီဒီယိုဖိုင်များကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ သိုလှောင်မှုပိုင်းတွင် 32GB အထိအသုံးပြု ပေးထားသောကြောင့် Data များစွာကို သိမ်းဆည်းထားနိုင်ခြင်း၊ အချက်အလက်များ ပုံမှန်ထက်လျင်မြန်စွာ ကူးပြောင်းရန် RAM 4GB ကိုထည့်သွင်းပေးထားခြင်း၊ Processor အနေဖြင့် 64-bit Octa Core ကိုအသုံးပြု ပေးထားတဲ့အတွက် လုပ်ဆောင်ချက် ပိုင်းတွင်လည်းပိုမိုမြန်ဆန်စေမှာ ဖြစ်ပါတယ်။

သိုလှောင်မှုအနေဖြင့် 32GB ကိုသုံးပေးထားပြီး ထပ်မံတိုးချဲ့လိုပါက Micro SD 128 GB အထိ တိုးချဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အချက်အလက်များကူးပြောင်းရန် RAM 4GB ကိုထည့်သွင်းပေးထားပါတယ်။ ကင်မရာအနေဖြင့် အနောက်ကင်မရာ 13 Megapixel နှင့် အရှေ့ကင်မရာ 20 Megapixel ကို အသုံးပြုပေးထားသည့် အပြင် LED Flash အနေဖြင့် အရှေ့ရော၊ အနောက်ပါ နှစ်ဖက်စလုံးတပ်ဆင် ပေးထားသောကြောင့် မည်သည့်နေရာ အနေအထားတွင် မဆို မိမိဘ၀ရဲ့ တန်ဖိုးရှိတဲ့ အလှတရားများစွာကို ရိုက်ကူးသိမ်းဆည်းထားနိုင်မှာဖြစ်ပါတယ်။ ထို့ပြင် Phase Detection Auto Focus စနစ်ထည့်သွင်းပေးထားသဖြင့် အလျင်စလို မြန်မြန်ရိုက်ယူလိုက်သည့်အခါများတွင် လက်တုန်၍ ပုံေ၀၀ါး သွားခြင်း၊ မှုန်ဝါး သွားခြင်းမရှိဘဲ ကြည်လင်ပြတ်သားသော ရုပ်ထွက် ကောင်းမွန်မှုကို အပြည့်အ၀ရရှိနိုင်မှာဖြစ်ပါတယ်။ လုံခြုံရေးအနေဖြင့် Finger Print Scanner ကို ထည့်သွင်းပေးထားပါတယ်။

Android OS အနေဖြင့် 6.0 (Marshmallow) ကို အသုံးပြုပေးထားပါတယ်။ Battery အနေဖြင့် Li-ion 3000 mAh ကို သုံးပေးထားတဲ့အတွက် အချိန်ကြာကြာအသုံးပြုနိုင်မှာဖြစ် ပါတယ်။ လုံခြုံရေးအနေဖြင့် ပုံမှန်အသုံးပြုနေကြအတိုင်း Home Button ကိုဖိ၍ ဖွင့်စရာမလိုဘဲ Home Button ပေါ်တွင် မိမိဖုန်းလုံခြုံရေးအတွက် အသုံးပြု မည့် လက်ကိုတင်လိုက်ရုံဖြင့် Fingerprint Sensor ကို တိုက်ရိုက် အသုံးပြုနိုင်ခြင်းတို့ဖြစ်ပါတယ်။


<Specification>

. 5.5" IPS Capacitive Touch Screen (1280x720)
. Processor 64-bit Octa Core
. RAM 4GB
. Storage 32GB included (Up to 128GB)
. Android 6.0 (Marshmallow)
. Rear Camera 13MP & 20MP Front Camera
. Li-Ion 3000 mAh Battery
Price - 298,000/-

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com