2/14/2017

♪ “Apple ရဲ့ ယခုနှစ်ထုတ် iPhone အားလုံးမှာ ကြိုးမဲ့အားသွင်းစနစ်ပါမည်” ♫

Image may contain: phone

Apple က ဒီနှစ်ထဲမှာ iPhone ၃ လုံးကိုမိတ်ဆက်မယ်လို့ သတင်းများထွက်နေ ပါတယ်။ iPhone ထုတ်လုပ်ရောင်းချခြင်း ၁၀ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ OLED Touchscreen တပ်ဆင်ထားတဲ့ အထူးထုတ် iPhone Model ကိုလည်း မိတ်ဆက်မယ်လို့ သိရပါတယ်။ အဲဒီမော်ဒယ်ကို iPhone 8 သို့မဟုတ် iPhone X လို့ အမည်ပေးမယ်လို့ သိရပါတယ်။ 


iPhone ၃ လုံးရဲ့ အရွယ်အစားများဟာ ၄.၇ လက်မ၊ ၅.၅ လက်မနဲ့ ၅ လက်မ များ ဖြစ်ကြမယ်လို့ သတင်းထွက်နေပါတယ်။ အခုနောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းအရ iPhone အားလုံးမှာ ကြိုးမဲ့ အားသွင်းစနစ်ပါလာမယ်လို့ သိရပါ တယ်။ 



အဲဒီသတင်းကို KGI Securities ရဲ့ ခွဲခြမ်းစိတ်ဖြာသူ Ming-Chi Kuo က ပြောကြားလိုက်တာ ဖြစ်ပါတယ်။ ကြိုးမဲ့အားသွင်းစနစ် ထည့်သွင်းရင်တော့ ဖုန်းရဲ့ အတွင်းပိုင်းအပူချိန်ဟာ မြင့်မားမယ်လို့ သူကပြောပါတယ်။ Apple ဟာ OLED Display တပ်ဆင်ထားတဲ့ iPhone စကရင်ကို 3D Touch နည်းပညာ အသစ်ဖြင့် ဖန်တီးထားနိုင်ပါတယ်။ အဲဒီနည်းပညာအသစ်ဟာအပူလွန်ကဲခြင်း ကိုလျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ မကြာခင်ကခန့်မှန်းချက်များအရ OLED Model ဟာဒေါ်လာ ၁၀၀၀ အထက်မှာရှိမယ်လို့ သိရပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com