2/03/2017

♪ “Vertu က စွမ်းဆောင်ရည်မြင့် တန်ဖိုးကြီး စမတ်ဖုန်းကို မိတ်ဆက်” ♫

Image may contain: phone

တန်ဖိုးကြီး စမတ်ဖုန်းများ ထုတ်လုပ်ရောင်းချနေတဲ့ Vertu က Constellation အမည်ရ စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ သူဟာ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းဖြစ်ပြီး Dual-SIM ဖန်ရှင် ပါပါ တယ်။ သူဟာ Vertu ရဲ့ ပထမဆုံး Dual-SIM Smartphone လည်း ဖြစ်ပါတယ်။ Vertu Constellation မှာ ၅.၅ လက်မ QHD AMOLED Display တပ်ဆင်ထားပါ တယ်။ 

အနောက်ဘက်မှာ 12 Megapixel Camera တပ်ဆင်ထားပြီး 4K Video များ ရိုက်ကူးနိုင်ပါတယ်။ Qualcomm Snapdragon 820 Chipset မောင်းနှင် မှာ ဖြစ်ပါတယ်။ 4GB RAM, 128GB Internal Storage တပ်ဆင်ထားတဲ့အပြင် microSD Card Slot လည်း ထည့် ပေးထားပါတယ်။ NFC, Type-C Port, 3220mAh Battery တပ်ဆင်ထားပါတယ်။ ကြိုးမဲ့အားသွင်းစနစ်လည်း ပါပါ တယ်။

Android 6.0.1 Mrshmallow ထည့်သွင်းထားပါတယ်။ Nougat ကို အဆင့်မြှင့်ပေးမလားဆိုတာကို တော့ မသိရသေးပါဘူး။ Vertu က ဖုန်း မျက်နှာပြင်ကို ခြစ်ရာခံနိုင်တဲ့ ၁၄၀ ကာရက် ဆဌမမျိုးဆက် Sapphire Crystal ဖြင့် ကာကွယ်ထားတယ်လို့ ပြောပါတယ်။ အင်္ဂလန်မှာ လက်ဖြင့် အသေးစိတ် ဖန်တီးထားတာ ဖြစ်ပြီး အလူမီနီယမ်ကိုယ်ထည်ကို အီတလီထုတ် သားရေဖြင့် ဖုံးအုပ်ထားပါတယ်။ အရှေ့ဘက်မှာ Dolby Digital Plus Vritual Surround Sound ပါတဲ့ စပီကာများ တပ်ဆင်ထားပါတယ်။ ကမ္ဘာ့အကြီးဆုံး ၀ိုင်ဖိုင် ကွန်ရက် ဖြစ်တဲ့ iPass ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလလယ်မှာ စတင်ရောင်းချပေးမှာဖြစ်ပေမယ့် Vertu က ဈေးနှုန်း ကို ကြေညာခြင်း မရှိသေးပါဘူး။ 

ကျွမ်းကျင်သူများက Vertu Constellation စမတ်ဖုန်းဟာ ဒေါ်လာ ထောင်ဂဏန်းရှိမယ်လို့ တွက်ဆထားကြပါတယ်။ Vertu ရဲ့ နာမည်ကျော် ဟိုတယ်၊ စားသောက်ဆိုင် ၂၄ နာရီ ၀န်ဆောင်မှုကို လည်း အဲဒီဖုန်းဝယ်ယူသူများခံစားနိုင်မှာဖြစ်ပါတယ်။ Vertu ရဲ့ လှပခန့်ညား တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com