2/03/2017

♪ “Meizu Pro 7 မှာ 4K Screen ပါမည်” ♫

Image may contain: phone

Meizu Pro 7 ရဲ့ သတင်းတွေ ပေါက်ကြားထွက်ပေါ်နေပါတယ်။ တရုတ် မီဒီယာတစ်ခုက Meizu Pro 7 မှာ ၅.၇ လက်မ 4K Display တပ်ဆင်ထား မယ်လို့ ပြောပါတယ်။ Display Resolution မှာ 3840x2160 ဖြစ်ပါတယ်။ အနောက်ဘက်မှာ Sony IMX362 12 Megapixel Camera ကို LED မီးသီး ငယ် ၁၀ လုံးပါတဲ့ Flash Array နဲ့ ပူးတွဲတပ်ဆင်ထားပါတယ်။

Meizu Pro 7 မှာMediaTekHelio X30 Chipset မောင်းနှင်မှာ ဖြစ်ပြီး တိုက်တေနီယမ် ကိုယ်ထည် တပ်ဆင်ထားပါတယ်။ မော်ဒယ် သုံးမျိုး ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်နိမ့် မော်ဒယ်မှာ4GB RAM, 64GB Storage တပ်ဆင်ထားမှာ ဖြစ်ပြီးဒေါ်လာ ၄၇၉ တန်ကြေးရှိ ပါတယ်။ နောက်မော်ဒယ်မှာ 6GB RAM, 128GB Storage ပါရှိပြီးဒေါ်လာ ၅၂၃ တန်ကြေးရှိပါတယ်။

စွမ်းဆောင်ရည်မြင့် မော်ဒယ်မှာ 8GB RAM, 128GB Storage တပ်ဆင် ထားပြီး ဒေါ်လာ ၅၅၂ တန်ကြေးရှိပါတယ်။ Meizu Pro 7 ကိုမကြာခင်မှာ မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com