2/07/2017

♪ " Sony Xperia X (F5122) " Price - 589,000 Ks ♫

Image may contain: phone

Sony Xperia X ကို ကိုင်တွယ်သုံးစွဲလို့ကောင်းတဲ့ compact ဖုန်းတစ်လုံးအဖြစ် ထုတ်လုပ်ပေးထားပြီး ပါးလွှာပေါ့ပါးမှုလည်းရှိပါတယ်။ ဖုန်းရဲ့ ဘယ်အစိတ်အပိုင်းကိုမှ ပိုမိုသာလွန်ကောင်းမွန်အောင် ဦးစားပေးပြုလုပ်မပေးထားဘဲ အားလုံးကို တစ်ပြေးညီ ဘက်စုံသင့်တင့်ကောင်းမွန်အောင် လုပ်ဆောင်ပေးထားတာကို တွေ့ရပါတယ်။ 

ဒါပေမဲ့ Sony ရဲ့ ထုံးစံအတိုင်း တခြားဖုန်းတွေနဲ့ယှဉ်ရင် ကင်မရာစွမ်းအားကတော့ ပိုမိုကောင်းမွန်နေမှာပါ။ ဒါကြောင့် ယုံကြည်စိတ်ချစွာသုံးစွဲနိုင်တဲ့ အလယ်အလတ်တန်းစား စမတ်ဖုန်းတစ်လုံးလို့ ပြောနိုင်ပါတယ်။ GSM, HSPA နဲ့ LTE networks တွေမှာ သုံးစွဲနိုင်ပြီး Single SIM နဲ့ Nano SIM ဆိုတဲ့ version ၂ မျိုးကို ခွဲခြားထုတ်လုပ်ပေးထားပါတယ်။ Non-removable Li-Ion 2620mAh battery စွမ်းအားက သာမန်အဆင့်သာရှိပေမယ့် built-in battery-saving mode ပါရှိတာကြောင့် အဆင်ပြေပါတယ်။ ဒါ့အပြင် Quick Charge 2.0 စနစ်က ဖုန်းအားသွင်းရာမှာလည်း မြန်ဆန်စေပါတယ်။ Sony Brand ထဲကမှ ပေါ့ပေါ့ပါးပါး အိတ်ကပ်ထဲထည့်သွားနိုင်မယ့် အဆင့်မြင့်စမတ်ဖုန်းကို ရှာနေတဲ့သူတွေအတွက်ကတော့ ကွက်တိပါပဲ။

* Design & Build *

၎င်းရဲ့တည်ဆောက်ပုံဒီဇိုင်းက ပါးလွှာပေါ့ပါးမှုကို ဦးစားပေးထားတာကြောင့် ဒီဇိုင်းလေးက ရိုးရိုးရှင်းရှင်းလေးပါပဲ။ အနောက်ဘက်ကို matte glass နဲ့ ဖုံးအုပ်ပေးထားတာကြောင့် သစ်လွင်တောက်ပမှုရှိပါတယ်။ Glass က ထောင့်စွန်းလေးတွေမှာ အနည်းငယ်ဝိုင်းသွားပြီး ဘေးဘောင်တွေနဲ့ သေသပ်စွာ တွဲစပ်ပေးထားပါတယ်။ ဖုန်းအရွယ်အစားက 142.7×69.4×7.9mm ရှိပြီး 153g အလေးချိန် လေးပါတယ်။ အရှေ့မျက်နှာပြင်အောက်ခြေမှာ capacitive buttons ၃ ခုပါရှိပြီး ၎င်းတို့ရဲ့အောက်အလယ်တည့်တည့်မှာ စပီကာပေါက်တည်ရှိပါတယ်။ SIM tray, ပါဝါခလုတ်နဲ့ အသံအတိုးအကျယ်ခလုတ်တွေက ညာဘက်ဘေး ဘောင်အောက်ခြေနားမှာ ထားပေးထားတဲ့အတွက် လက်တစ်ဖက်တည်းနဲ့ အလွယ်တကူ ထိန်းချုပ်ကိုင်တွယ်နိုင်ပါတယ်။ အောက်ဘက်ဘောင်ရဲ့အလယ်တည့်တည့်မှာတော့ micro USB ပေါက်ကို တွေ့မြင်နိုင်ပါတယ်။ အနောက်ကင်မရာက နောက်ကျောဘက်ရဲ့ ညာဘက်ထောင့်မှာတပ်ဆင်ထားတာကြောင့် လျှပ်တပြတ်ဓာတ်ပုံတွေ အမြန်ရိုက်တဲ့အခါမှာ လက်ချောင်းနဲ့ကွယ်နေတာမျိုးတွေ မဖြစ်စေနိုင်ပါဘူး။ သေးသွယ်လှပတဲ့ ကိုယ်ထည်ဒီဇိုင်းပုံစံကို White, Graphite Black, Lime Gold နဲ့ Rose Gold ဆိုတဲ့ အရောင် ၄ မျိုးနဲ့ ထုတ်လုပ်ပေးထားပါတယ်။

* Display *

၅ လက်မအကျယ်ရှိတဲ့ မျက်နှာပြင်ကို IPS LCD Capacitive touch screen display အမျိုးအစားနဲ့ ပြုလုပ်ထားပါတယ်။ ၎င်းမျက်နှာပြင်က 1080× 1920 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကိုပြသပေးနိုင်ပြီး ၁ လက်မမှာရရှိမယ့် သိပ်သည်းဆပမာဏကတော့ ~441 ppi pixels ဖြစ်ပါတယ်။ မျက်နှာပြင်ပေါ်မှာ multitouch စနစ်ကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။

* Operating System and Camera *

Android OS,v6.0.1 (Marshmallow) ကိုအသုံးပြုထားပါတယ်။ အနောက် ကင်မရာက 23MP ရှိပြီး ကြည်လင်ပြတ်သားတဲ့ဓာတ်ပုံတွေနဲ့ 30fps မှာ 1080p အရည်အသွေးရှိတဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။ အရှေ့ကင်မရာက 13MP ပါရှိပြီး လှပတဲ့ selfie ဓာတ်ပုံလေးတွေရိုက်ကူးဖို့ အကောင်းဆုံးပါပဲ။ ကင်မရာ ၂ ခုလုံးမှာတော့ f/2.0 aperture ကို သုံးစွဲထားပါတယ်။

* Performance *

စွမ်းဆောင်ရည်မြင့်မားတဲ့ လုပ်ဆောင်ချက်တွေကို Qualcomm MSM 8956 Snapdragon Chipset နဲ့ Hexa-core(4×1.4 GHz Cortex-A53 & 2×1.8 GHz Cortex-A72) processor ကိုသုံးစွဲထားပြီး Adreno 510 ကိုသုံး GPU ကိုလည်း ပံ့ပိုးပေးထားပါတယ်။ ဒါ့အပြင် RAM 3GB ပါရှိခြင်းကလည်း နောက်ဆုံးပေါ်ဂိမ်းကြီးတွေနဲ့ apps တွေအကုန်လုံးကိုသုံးစွဲဖို့အတွက် လုံလောက်ပြီး တိကျမြန်ဆန်တဲ့စွမ်းဆောင်ရည်တွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ၎င်းဂိမ်းတွေနဲ့ app ကြီးတွေကို အသုံးပြုနေစဉ်အတွင်းမှာ လည်း ဘာ error မှမဖြစ်စေနိုင်ဘဲ အဆင်ပြေပြေ အသုံးပြုနိုင်မှာပါ။

Specification
Display : 5.0 inch, IPS LCD Capacitive touchscreen, 16M colors Memory : 64 GB, 3 GB RAM, microSD, up to 256GB
Camera : 23MP, phase detection, autofocus, LED Flash
OS : Android OS, v6.0.1 (Marshmallow)

Phone - 09-455209100 (UNiQUE)

Price - 589,000 Ks

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com