2/11/2017

♪ " LG G6 အား မတ်လတွင် မြင်တွေ့ရမည်ဟု သတင်းများထွက်ပေါ် " ♫

Image may contain: phone

LG G6 နှင့်ပတ်သက်သော သတင်းများ ဆက်တိုက်ထွက်ပေါ်နေပြီး ၀ယ်ယူသုံးစွဲချင်သူများအနေဖြင့် မတ်လ 9 ရက်တွင် ကြိုတင်အမှာ စတင်လက်ခံမည်ဟု သတင်းထွက်ပေါ်လာခဲ့ပြီး ဧပြီ 7 ရက်နေ့တွင်မှ စတင်ဖြန့်ချိပေးသွားမည်ဟု ဆိုသည်။ ထိုအချိန်တွင် US သို့ စတင်ရောက်ရှိမည်ဟု ဆိုသည်။

LG အတွက် အသစ်ထွက်မည့် ဖုန်း G6 အောင်မြင်မှုသည် စီးပွားရေးအရ အရေးပါသော အချက်ဖြစ်လာခဲ့သည်။ ယမန်နှစ်က ထုတ်လုပ်ခဲ့သည့် modular G5 ဖုန်းမှာ ရောင်းအားထင်သလို မရှိခဲ့ကြောင်း သိရသည်။ G6 ဖုန်းအသစ်တွင် အဓိက feature များစွာ ပါဝင်လာမည်ဟုဆိုထားပြီး ရေစိုဒဏ်ခံနိုင်ကာ ဘက်ထရီကိုလည်း အတွင်းတွင် အသေတပ်ဆင်လိမ့်မည်ဟု ဆိုခဲ့သည်။

LG G6 သည် Samsung Galaxy S8 နှင့် S8 Edge တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ LG သည် တောင်ကိုရီးယားတွင် G6 ရောင်းချပြီး တစ်လကြာမှ US တွင် စတင်ဖြန့်ချိမည်ဖြစ်သော်လည်း Galaxy S8 ဖုန်းများထက်စောကာ US သို့ ရောက်ရှိမည်ဟု ယူဆရသည်။ လက်ရှိပေါက်ကြားသော သတင်းများကို Gaalxy S8 တွင် Snapdragon 835 processor ပါဝင်မည်ဖြစ်သဖြင့် Snapdragon 820 (သို့) 821 တို့ထက် သိသာသောအားသာချက်ရှိမည်ဟု ယူဆနိုင်သည်။

LG မှ 5.7” QHD display 2880 x 1440 resolution နှင့် 18.9 Screen ratio " Full Vision " နှင့် ဘေးဘောင်များ အထူးပါးလွှာအောင် ဖန်တီးထားသည်ဟု တရားဝင်ဆိုထားသည်။ LG သည် G6 ကို MWC ပွဲတွင် ဖေဖော်ဝါရီ 26 ၌ စတင်ပြသရန် မျှော်လင့်ထားသည်။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com