2/05/2017

♪ Huawei Mate 9 - Price : 899,000 ရဲ့ အားနည်းချက် အားသာချက် နှင့် အသေးစိတ်ဖော်ပြချက်များ ♫


အားသာချက်
တန်ဖိုးမြင့် ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး ဖုန်းထဲမှာ ထည့်သွင်း အသုံးပြုထားတဲ့ Hardware နဲ့ Software ပိုင်းတွေမှာ ကောင်းမွန်တဲ့ ဖုန်းအမျိုးအစား တစ်ခုပါ။ မှတ်ဉာဏ်ပိုင်းမှာ မြင့်မားတဲ့အပြင် ဖုန်းမှာအသုံးပြုထားတဲ့ ကင်မရာဟာလည်း Megapixels မြင့်မားကောင်းမွန်တဲ့ အချက်က ဒီဖုန်းရဲ့ အားသာချက်တွေပါပဲ။ Sensor ပိုင်းတွေမှာ စုံလင်လှတဲ့အပြင် ဖုန်းရဲ့ပါဝါအသုံးပြုနှုန်းအတွက် သိုလှောင်မှုပမာဏ မြင့်မားတဲ့ ဘက်ထရီပါဝင်ပြီး အားသွင်းမြန်ဆန်တဲ့ Fast Battery Charging နည်းပညာကိုလည်း ထည့်သွင်းပေးထားပါတယ်။

အားနည်းချက်
Dual Sim အသုံးပြုနိုင်ပေမယ့် Sim 2 နေရာဟာ SD Card နဲ့အတူ တွဲထားတာကြောင့် SD Card အသုံးပြုမယ် ဆိုရင်တော့ Sim Card တစ်ကတ်ပဲ အသုံးပြုနိုင်ပါတယ်။ အလေးချိန် အနည်းငယ်များပြီး FM Radio စနစ်လည်း ပါဝင်တာ မတွေ့ရပါဘူး။

ဒီဇိုင်း
ဖုန်းကိုယ်ထည်ကို သတ္တု ကိုယ်ထည်နဲ့ ပြုလုပ်ပေးထားပြီး ရှေ့မြင်ကွင်း မျက်နှာပြင်အနားဘေး ဘောင်တွေဟာလည်း ပါးလွှာပါတယ်။ ကျောဘက်ကာဗာပေါ်မှာ ကင်မရာနှစ်လုံးကို အထက်အောင် တပ်ဆင်ပေးထားပြီး ကင်မရာရဲ့အောက်ဘက်မှာတော့ Fingerprint Sensor ကို ထည့်သွင်းထားပါတယ်။ စပီကာတွေကိုတော့ ဖုန်းရဲ့အောက်ခြေ ဘောင်ပေါ်မှာ တပ်ဆင်ထားတာပါ။ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၅.၆၉ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၇.၈၉ စင်တီမီတာနဲ့ ထုထည်ကတော့ ၀.၇၉ စင်တီမီတာ ရှိပါတယ်။ အရွယ်အစားကြီးမားတဲ့ ဖုန်းမျိုးဖြစ်ပေမယ့် လက်ထဲမှာ ကိုင်တွယ်အသုံးပြုချိန်မှာတော့ သိပ်ပြီးအခက်အခဲ မရှိပါဘူး။ ဒါပေမယ့် အလေးချိန်ကတော့ ၁၉၀ ဂရမ်ဖြစ်တဲ့အတွက် အလေးချိန်တော့ အနည်းငယ်များသလို ခံစားရစေပါတယ်။

မြင်ကွင်း
၅.၉ လက်မရှိတဲ့ IPS LCD Screen အမျိုးအစားဖြစ်ပြီး Resolution ကတော့ 1080 x 1920 pixels (~373 ppi pixel density) ထိရရှိနိုင်မှာပါ။

နည်းပညာ
Huawei ဖုန်းတွေအတွက် နည်းပညာအသစ် အနေနဲ့ မြင်တွေ့ရမှာက တော့ App Twin ဆိုတဲ့ စနစ်ပါပဲ။ ဒီစနစ်ဟာ App တွေကို နှစ်ခုအနေနဲ့ခွဲပြီး အသုံးပြုနိုင်တဲ့ စနစ်ဖြစ်ပါတယ်။ Xiaomi ရဲ့ MIUI 8 မှာပါဝင်တဲ့ Dual App စနစ်နဲ့ ဆင်တူပါတယ်။ ပါဝါအသုံးပြုခြင်းအတွက် Ultra Battery Saving စနစ်ကိုအသုံးပြုတဲ့အခါမှာလည်း ဖုန်းကပေးတဲ့ စနစ် တွေကိုပဲ အသုံးပြုရမှာမဟုတ်ပဲ ကိုယ့်စိတ်ကြိုက် အသုံးပြုချင်တဲ့ App စနစ် ၆ ခုကိုရွေးချယ် အသုံးပြုနိုင်ပါတယ်။ နောက်ဘက်ကင်မရာ ၂ လုံး ရဲ့ စွမ်းဆောင်ရည်ပိုင်းနဲ့ ဓာတ်ပုံရုပ်ထွက် Resolution ပိုင်းတွေ ကောင်းမွန်တဲ့အပြင် စုံလင်တဲ့ ဓာတ်ပုံအသုံးပြု နည်းပညာတွေကိုလည်း မြင်တွေ့ရမှာပါ။ ဖုန်းကို Remote Control လိုအသုံးပြုနိုင်တဲ့ Smart Controller ဆိုတဲ့ စနစ်လည်း ပါဝင်ပါတယ်။

သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင်တော့ Mate 9 ဟာ ဖုန်းထဲမှာ အသုံးပြုထားတဲ့ CPU, GPU, Memory အစရှိတဲ့ Hardware ပိုင်းတွေမှာ မြင့်မားကောင်းမွန်တဲ့အပြင် ဓာတ်ပုံစနစ်အတွက်လည်း ကောင်းမွန်တဲ့ ကင်မရာတွေ ပါဝင်တာ တွေ့ရပါတယ်။ ဖုန်းတွင်းအသုံးပြု စနစ်တွေမှာလည်း EMUI 5.0 ရဲ့ နည်းပညာ အသစ်တွေနဲ့ ဖုန်းမှာအသုံးပြုနိုင်တဲ့ စနစ်တွေကလည်း ကောင်းမွန်ပါတယ်။ ဖုန်းကိုကိုင်တွယ် အသုံးပြုရတာ အဆင်ပြေပေမယ့် အလေးချိန် အနည်းငယ်များတယ်လို့ ခံစားရစေပါတယ်။ ဖုန်းရဲ့ စွမ်းဆောင်နိုင်မှု အပိုင်းကောင်းမွန်ပြီး ပါဝါအသုံးပြုခြင်းအတွက် ဘက်ထရီပိုင်းနဲ့ Screen Resolution ပိုင်းတွေမှာလည်း ကောင်းမွန်ပါတယ်။


Network        GSM - 2G/ 3G/ 4G
SIM               Dual SIM (Nano Sim Dual Standby)
OS               Android OS, v7.0
CPU            Octa-core (4x2.4 GHz Cortex-A73 & 4x1.8GHz Cortex-A53)
GPU            Mali-G71 MP8
Memory       Internal 64GB, 4GB RAM , Micro SD 256GB
Camera       Dual 20 MP +12 MP, f/2.2, 27mm, OIS, 2xzoom, Leica optics, phase detection & laser
                    autofocus, dual-LED (dual tone) flash, Geotagging, touch focus, face/smile detection,
                    panorama, Video, Front 8 MP, f/1.9, 26mm, 1080p
Wi-Fi           802.11 a/b/g/n/ac, dual-band, DLNA, WiFi Direct, hotspot
Bluetooth   v4.2, A2DP, EDR, LE
Battery       Li-Po 4000 Battery




သူတို့အမြင်
ကိုဝင်းကို (စမ်းသပ်အသုံးပြုသူ)
ဖုန်းကကိုင်ရတာတော့ အဆင်ပြေတယ်။ ဆိုဒ်ကြီးတယ်ဆိုပေမယ့် လက်ထဲမှာကိုင်ရတာ သိပ်မခက်ဘူး။ ကင်မရာကိုတော့ တော်တော်သဘောကျတယ်။ ကင်မရာက အရမ်းကောင်းတယ်။ Megapixels ကလည်း များတဲ့အပြင် Leica Lens တွေနဲ့ဆိုတော့ ကျွန်တော်အရမ်း သဘောကျပါတယ်။ ဖုန်းထဲမှာသုံးတဲ့ စနစ်တွေကလည်း တော်တော်လေးများတယ်။ သုံးနိုင်တာတွေက စုံနေတာပဲ။ ဒါပေမယ့် ဈေးကတော့ တော်တော်လေး များတယ်။ သူ့ဈေးနဲ့ သူဆိုပေမယ့် ဒီဈေးနဲ့ဆိုတော့ ဝယ်ဖို့တော့ နည်းနည်းစဉ်းစားရမယ်။ ဒါကတော့ ကျွန်တော့် အမြင်ပေါ့နော်။ ဖုန်းကတော့ သုံးရတာအဆင်ပြေတယ်။

ကိုအောင်သူ (စမ်းသပ်အသုံးပြုသူ)
ဖုန်းက High end ဖုန်းဆိုတော့ ဖုန်းထဲမှာ သုံးထားတဲ့ Hardware ပိုင်းတွေ OS ပိုင်းတွေကတော့ တော်တော်လေး ကောင်းပါတယ်။ ဖုန်းထဲမှာ ထူးခြားတဲ့စနစ်လို့ ပြောရရင်တော့ App ကို နှစ်ခုခွဲပြီး သုံးလို့ရတဲ့ App Twin ဆိုတဲ့စနစ်၊ ဖုန်းကို Remote Control လို သုံးတဲ့စနစ်တွေကတော့ အသစ်လို့ ပြောလို့ရတယ်။ ကျန်တဲ့ အခြားစနစ် တွေကတော့ အရင်နဂိုရှေ့က ထွက်ခဲ့တဲ့ဖုန်းတွေပါတဲ့ စနစ်မျိုးတွေကိုပဲ Upgrade ပြန်ဖြစ်လာတဲ့ ပုံစံမျိုးတွေ့ရတယ်။ ကင်မရာကတော့ တော်တော်လေးကောင်းတယ်။  ကင်မရာပိုင်းမှာ Megapixels မြင့်တဲ့ ကင်မရာတွေကို သုံးထားတဲ့အပြင် Lens တွေကလည်း Leica နဲ့ ဆိုတော့ ဓာတ်ပုံအတွက်ကတော့ စိတ်ကျေနပ်စရာပါပဲ။ ဒါပေမယ့် ဈေးကတော့ မြင့်တယ်လို့ ခံစားရတယ်။

ကိုခင်မောင်မြင့် (စမ်းသပ်အသုံးပြုသူ)
အဓိက ဒီဖုန်းကို သတိထားမိတာကတော့ ဈေးလို့ပြောရမယ်။ Huawei ထဲမှာ ဒီလောက်မြင့်တဲ့ ဈေးနဲ့ဆိုတော့ နည်းနည်းတော့ စိတ်ဝင်စားတယ်။ သူ့ရဲ့ Specification ပိုင်းကို ကြည့်တော့လည်း မဆိုးဘူးပဲ ပြောရမယ်။ Hardware ပိုင်းတွေ ကောင်းပါတယ်။ OS ပိုင်းမှာလည်း Android 7.0 နဲ့ EMUI 5.0 ဆိုတော့ OS ရော UI ကပါ အသစ်ဆိုတော့ ဒါကလည်း မဆိုးပါဘူး။ နောက်ပြီးတော့ ကင်မရာပိုင်း။ ကင်မရာပိုင်းမှာလည်း Leica တွေကို သုံးထားတဲ့အပြင် Megapixels ကလည်း မြင့်တဲ့ ကင်မရာတွေဆိုတော့ ဓာတ်ပုံပိုင်း အတွက်လည်း ကောင်းတယ်။ ဖုန်းထဲမှာသုံးတဲ့ စနစ်တွေမှာဆိုရင်လည်း တော်တော်လေး စုံတယ်လို့ ပြောရမယ်။

ဖုန်းထဲမှာရှိတဲ့ Facebook လို App တွေကို နှစ်ခုခွဲပြီး အကောင့်နှစ်ခု အသုံးပြုနိုင်တဲ့ App Twin ဆိုတဲ့စနစ် ပါဝင်ပါတယ်။

  

ဖုန်းကို TV, Air corn, DVD Play အစရှိတဲ့ အီလက်ထရွန်းနစ် ပစ္စည်းတွေအတွက် အဝေးထိန်း Remote Control လိုပုံစံမျိုး အသုံးပြုနိုင်တဲ့ Smart Controller ဆိုတဲ့ စနစ်ပါဝင်ပါတယ်။

  

Multitasking, Dual Windows စနစ်အသုံးပြုချင်တယ် ဆိုရင်တော့ ဖုန်းရဲ့အောက်ခြေမှာ ရှိနေတဲ့ Recent Key ကို နည်းနည်းလေး ဖိနှိပ်ထားလိုက်ရင် Multitasking စနစ်ပေါ်လာ ပါလိမ့်မယ်။ ဒါ့အပြင် Multitasking စနစ်စတင်တာနဲ့ Recent Key ဟာလည်း Dual Windows ပုံစံမျိုးပြောင်းလဲ သွားမှာပါ။

  

ကင်မရာပိုင်းမှာလည်း ဓာတ်ပုံအတွက် အသုံးပြုနိုင်မယ့်စနစ် တွေစုံစုံလင်လင် ပါဝင်နေတဲ့အပြင် ပုံတွေရဲ့ အရည်အသွေး အတွက်လည်း ကိုယ့်စိတ်ကြိုက် Resolution တွေနဲ့ အသုံးပြုနိုင်မှာပါ။

  

Fingerprint စနစ်ကလည်း ဖုန်းရဲ့ အချက်အလက် လုံခြုံရေးအတွက်အပြင် ဖုန်းထဲမှာ အသုံးပြုတဲ့ ဓာတ်ပုံစနစ်၊ Notification စနစ်၊ Ring စနစ်အစရှိတဲ့ စနစ်တွေ အတွက်လည်း ထိန်းချုပ် အသုံးပြုနိုင်ပါတယ်။

  

Navigation ဆိုတဲ့ စနစ်ထဲမှာလည်း ဖုန်းရဲ့ Back, Home, Recent အစရှိတဲ့ Key တွေကို လိုအပ်သလို ပြောင်းလဲရွှေ့ပြောင်း အသုံးပြုနိုင်ပါတယ်။

  

Home Screen ရဲ့ပုံစံကိုလည်း စိတ်ကြိုက်ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။

  

ဖုန်းထဲမှာ ကွန်ပျူတာတွေမှာလို အကောင့်တွေ ခွဲခြားအသုံးပြုတဲ့ User ဆိုတဲ့စနစ် ပါဝင်ပါတယ်။

  

Huawei P9 မှာတုန်းကလို ရှေ့မျက်နှာပြင်ကို လက်နဲ့ ခါက်လိုက်တာနဲ့ Screenshot လုပ်ပေးတဲ့ စနစ်အပါအ၀င် အခြား Gesture စနစ်တွေလည်း ပါဝင်ပါတယ်။

  



Credit to ==> Internet Journal



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com