2/10/2017

♪ တန်ဖိုး ၃၀၉,၀၀၀/- ကျပ်ဝန်းကျင်ရှိ - “Huawei GR5 2017” ♫

Image may contain: 1 person, standing and text

Huawei GR5 2017 မှာ ၅.၅ လက်မ high-definition မျက်နှာပြင်ပါဝင် ပါတယ်။ အဆင့်မြင့်ထိတွေ့မှုရှိပြီး အသုံးပြု သူများအတွက် တစ်သားတည်း ဖြစ်နေတဲ့ ကိုယ်ထည်ဖြစ်သလို ကိုယ်ထည်တစ်ခုလုံး သတ္ထုဘောင်နဲ့ပြုလုပ် ထားခြင်းဖြစ်တာ ကြောင့် Huawei GR5 2017 ရဲ့ မျက်နှာပြင်ဖော်ပြမှုဟာ ပြင်ပမှာအမှန်တကယ်ရှိတဲ့ အရောင်ပြင်ပတွင် အမှန်တကယ်ရှိသော အရောင်များဖြင့် အံ့သြစရာကောင်းလောက်အောင် ရွှန်းလဲ့တောက်ပတဲ့ ဓာတ်ပုံတွေ၊ ရုပ်ပုံတွေနဲ့ ဗီဒီယိုတွေကိုပြသနိုင်စွမ်း ရှိမှာပါ။ စမတ်ဖုန်းတစ်လုံး ရဲ့ မျက်နှာပြင်က စူးရှတဲ့အလင်းရောင်ကို ထိတွေ့နေရခြင်းက သက်သောင့် သက်သာ မဖြစ်စေသလို သင့်ကျန်းမာရေးကိုတောင် ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် မျက်လုံးကို ကာကွယ်ဖို့အတွက် Huawei က တရုတ်အမျိုးသား အင်ဂျင်နီယာ သုတေသနစင်တာနဲ့ ပူးပေါင်းပြီး မျက်လုံးသက်သာစေတဲ့ စနစ်ကို မိတ်ဆက်ထားပါတယ်။ အသုံးပြုသူတွေက ရိုးရှင်းတဲ့ ချိန်ညှိချက် တစ်ခုတည်းနဲ့ Huawei GR5 2017 မှာ မျက်လုံးညောင်းညာခြင်းကို သက်သာ စေဖို့ အပြာရောင်အလင်း တွေကို စစ်ထုတ်လို့ရပါတယ်။ e-book တွေနဲ့ ဆောင်းပါးရှည်တွေကို ဖုန်းပေါ်မှာ ဖတ်ရှုရတာကို နှစ်သက်ပေမယ့် စူးရှတဲ့ ဖုန်း မျက်နှာပြင်က အလင်းရောင်နဲ့ ထိတွေ့ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ မျက်လုံးနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းတွေကို ဖယ်ရှားပေးပါ လိမ့်မယ်။ Huawei အနေနဲ့သုံးစွဲသူတွေကို အနောက်ကင်မရာနှစ်ခုပါ စမတ်ဖုန်းရဲ့ Professional ဆန်ဆန် ဓာတ်ပုံရိုက်နိုင် စွမ်းအားကို ခံစားနိုင်အောင် ပြုလုပ် ပေးထားပါတယ်။

Huawei GR5 2017 ရဲ့ 12MP နဲ့ 2MP အနောက်ကင်မရာများဖြင့် ၀.၃ စက္ကန့် အတွင်း autofocus ပြုလုပ်နိုင်စေပြီး အသုံးပြုသူတွေကို ကိုယ်ရိုက်လိုသော အရာဝတ္ထုကိုသာထင်းစေပြီး နောက်ခံကို မှုန်ဝါးစေတဲ့ လုပ်ဆောင်ချက် ပါဝင်ပြီး လှပသည့် Bokeh effects တွေနဲ့ အလှဓာတ်ပုံတွေ၊ မှန်ဘီလူး တစ်ခုတည်း နဲ့မရနိုင်တဲ့ ရိုက်ချက်တွေကိုဖန်တီးပေးနိုင်ပါတယ်။ အဲဒီအတွက် Huawei GR5 2017 မှာ အလင်းရောင်နည်းတဲ့ အခြေအနေတွေ၌ ပိုမို ပြတ်သားမှုရရှိစေဖို့အတွက် 1.25um ရှိကာကြီးမားတဲ့ အစက်အပြောက်များ၊ ပြတ်သားထင်ရှားတဲ့ ဓာတ်ပုံတွေကို ချက်ချင်းရရှိစေဖို့ မြန်သထက်မြန်တဲ့ လျှပ်တစ်ပြက်ရိုက်ချက်၊ Manual စနစ်နဲ့ အလိုအလျောက်စနစ်များ၊ များပြားစွာပါဝင်ခြင်းတို့ကြောင့် အိတ်ကပ်ထဲမှာ ထည့်ထားနိုင်တဲ့ ဖုန်းက Professional DSLR ကင်မရာရဲ့ စွမ်းဆောင်ရည်အားလုံးကိုပေးစွမ်းနိုင် ပါတယ်။ ဓာတ်ပုံရိုက်တာနဲ့ တစ်ပြိုင်နက် အလှပုံချိန်ညှိချက်တွေကို ပြုလုပ် ပေးတဲ့ 10-levels Beauty စနစ်၊ Auto Make-up စနစ်လိုမျိုး လူတိုင်း နှစ်သက်ကြတဲ့ Huawei ရဲ့ ကောင်းမွန်ပြည့်စုံတဲ့ Selfie အင်္ဂါရပ်တွေကို ရရှိနိုင်ပါလိမ့်မယ်။ အဆိုပါဖုန်းရဲ့ 8MP ရှိတဲ့ အရှေ့ကင်မရာ၊ ၇၈ံ ထောင့်ကျယ်မြင်ကွင်း အကွာအဝေးနဲ့ 4P မှန်ဘီလူးစီစဉ်ထားရှိမှုနဲ့အတူ သူငယ်ချင်းတွေနဲ့ အတူတကွ မှတ်တမ်းတင်နိုင်ဖို့ Panorama ပုံစံရိုက်ကူး နိုင်မယ့် Selfie (Panoramic Selfie) ပါဝင်ပါတယ်။

ဒ့ါအပြင် ရှေ့ကင်မရာမှာလည်း သူငယ်ချင်းတွေနဲ့ လှုပ်ရှားမှုထဲမှာ နစ်မြုပ်နေ စေမယ့် ပျော်စရာကောင်းသော ရွေ့လျား Selfie ဗီဒီယိုတွေအတွက် 1080p ဗီဒီယို ရိုက်ကူးခြင်းများကိုပြုလုပ်နိုင် ပါတယ်။ သီးခြားအလှပြင် app တစ်ခုအား ဒေါင်းလုတ်ရယူနေစရာမလိုရန် Huawei GR5 တွင် အလှပြင်လုပ်ဆောင်ချက် (၁၀)ခုကို အသင့်ထည့်သွင်း ထားပါတယ်။ အဆင့် ၁ အဖြစ် ခပ်ပါးပါးအလှ မွမ်းမံမှုမှသည် အဆင့် ၁၀ airbrushed look ပြင်ဆင်မှုအထိ ပါဝင်ပါတယ်။ Huawei GR5 တွင် ပါဝင်သော Perfect Selfie Mode ဖြင့် သင့်ရုပ်ပုံကို မှတ်တမ်းတင်ထားပါက ထိုအုပ်စုလိုက်ဓာတ်ပုံများ (Groufie) မှသင့်ရုပ်ပုံအား မျက်စိတစ်မှိတ်အတွင်း ရွေးထုတ်ပေးနိုင်ကာ အလှအပ filter ဖြင့် အလို အလျောက် လိုအပ်သည့်နေရာများကို ပြုပြင်ပေးကာ သင့်အား ပြစ်မျိုးမှဲ့ မထင်အလှဖြင့် လှပစေကာ လူအများကြား ထင်ပေါ်နေစေမည်ဖြစ်ပါတယ်။


ယခုနောက်ပိုင်းတွင် အစားအစာများကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး အမှတ်တရသိမ်းဆည်းခြင်း ဆိုရှယ်မီဒီယာများသို့ တင်ခြင်းကဲ့သို့သော အလေ့အထတစ်ခု ထွန်းကားနေပြီဖြစ်ပါတယ်။ Huawei GR5 ၏ Good Food Mode ဖြင့် ရိုက်ကူးကာ စားချင့်စဖွယ် အစားအသောက်များအဖြစ် သိမ်းဆည်း နိုင်မည်ဖြစ်ပါတယ်။ Huawei GR5 ၏ CMOS sensor မှာ ဈေးနှုန်းမြင့်မား သည့် တန်ဖိုးကြီးစမတ်ဖုန်းများတွင်သာ တွေ့ရတတ်သည့် ခေတ်အမီဆုံး feature တစ်ခုဖြစ်တယ်။ ၎င်းသည် လူ့မျက်လုံးကဲ့သို့ လုပ်ဆောင်နိုင်ပြီး ကင်မရာမှန်ဘီလူးအတွင်းသို့ အလင်းပမာဏလိုအပ်သလောက်သာ ၀င်ရောက်စေပြီး ရရှိလာသော ဓာတ်ပုံရုပ်ထွက်သည် အပြင်တွင်ရှိသော သဘာဝပုံကဲ့သို့ ရရှိစေမည်ဖြစ်ပါတယ်။

Slow Motion Videography နည်းပညာကို နောက်ဆုံးပေါ်ကင်မရာများ၊ စမတ်ဖုန်းများတွင်သာ တွေ့ရ လေ့ရှိသော်လည်း ထိုနည်းပညာကို လူတိုင်းလက်လှမ်းမီနိုင်စေရန် Huawei GR5 ၌ ထည့်သွင်းပေးထားပါတယ်။ Huawei ရဲ့ စွမ်းအင်ချွေတာတဲ့ နည်းစနစ် နဲ့အတူ ကြီးမားတဲ့ 3340mAh ဘက်ထရီ ပါဝင်ပါတယ်။ CPU မှာ Octa-Core ဖြစ်ပါတယ်။ ဖုန်းရဲ့တန်ဖိုးမှာ ၃၀၉,၀၀၀/- ကျပ်ဝန်းကျင်ရှိပါတယ်။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com