2/08/2017

♪ Home Button မပါဝင်တော့ တဲ့ samsung Galaxy S8 မှာ ထူးခြားတဲ့ ပြောင်းလဲမှုတွေ ပါဝင်လာ ♫


မူလ က Rumors သတင်းတွေ ထွက်ပေါ်နေခဲ့သလို အသစ်ထွက်ရှိလာမယ့် ဆမ်ဆောင်း Galaxy S8 ဟာ ထူးခြားတဲ့ အပြောင်းအလဲတွေ ကြီးကြီးမားမား ပါရှိလာခဲ့ပြီ ဖြစ်ကြောင်း Forbes မဂ္ဂဇင်း နဲ့ တခြား ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေ က ထုတ်ဖော်ရေးသားလိုက်ပါတယ်။

အခု လက်ရှိအချိန်အထိ ပြောင်းလဲမှု သုံးခု ရှိလာခဲ့ပြီဖြစ်တယ် လို့ Leaked ပျံ့နှံ့ခဲ့တဲ့ ပုံရိပ်တွေ အရ ထုတ်ဖော်ပြောကြားခဲ့ပြီး အဲဒါတွေက (၁) ဒီဇိုင်းအပြောင်းအလဲ (၂) စွမ်းရည်အပြောင်းအလဲ (၃) ဘက်ထရီအပြောင်းအလဲ ဆိုတာ တွေ ပဲ ဖြစ်တယ် လို့ သိရပါတယ်။

ပထမဦး အပြောင်းအလဲ အရ ဒီဇိုင်း အပြောင်းအလဲကို တရုတ်လူမှုကွန်ယက် ဖြစ်တဲ့ Weibo မှာ Veniamin Geskin ဆိုသူ ထုတ်ဖော်ပြသခဲ့တဲ့ ပုံရိပ်တွေအရ သုံးသပ်ခဲ့ကြတာဖြစ်ပြီး Physical Home button ကို အနားပေးလိုက်ပြီ ဖြစ်တယ် လို့ သိရပါတယ်။ ဒီတစ်ခုထဲနဲ့ ကြီးမားတဲ့ ပြောင်းလဲမှုလို့ မဆိုနိုင်ပေမယ့် လုံလောက်တဲ့ ဒီဇိုင်းအဆင်အပြင်အတွက်တော့ အဆင်သင့်ဖြစ်နေခဲ့ပါတယ်။ ဒုတိယ အပြောင်းအလဲကတော့ စွမ်းရည်မြင့်မားမှု ပဲ ဖြစ်ပါတယ်။

( ဖော်ပြပါ ပုံ)


Weibo မှာ စတင် ထင်ရှားခဲ့တဲ့ ပုံရိပ်တွေ ဟာ Samsung Galaxy S8 နဲ့ Samsung Galaxy S8 Plus တို့ရဲ့ ပုံရိပ်တွေ ဖြစ်ပြီး Qualcomm ရဲ့ Snapdragon 835 ကို သုံးစွဲမှာ ဖြစ်တယ် လို့ ဆိုပါတယ်။ Snapdragon 835 ဟာ Snapdragon 820 ထက် တစ်ဆနီးပါး ပိုမိုသေးငယ်ပါတယ်။ ပြီးတော့ ၅၀ ရာခိုင်နှုန်းနီးပါး ပိုပြီး စွမ်းရည်မြင့်မားတယ် လို့ သိရပါတယ်။ SamMobile ရဲ့ အစီရင်ခံစာအရ Galaxy S8 ဟာ 6GB RAM ကို သုံးစွဲသွားမှာ ဖြစ်ပါတယ်။ Galaxy S7 ဟာ 4GB သုံးစွဲခဲ့ပြီး ရောင်းအောင်းအကောင်းဆုံး ဖုန်းတစ်လုံး လည်း ဖြစ်ခဲ့ပါတယ်။ တတိယ နဲ့ နောက်ဆုံးအပြောင်းအလဲ ကတော့ ဘက်ထရီအပြောင်းအလဲ ဖြစ်ပြီး Note 7 ကြောင့် ပျက်ယွင်းခဲ့တဲ့ ယုံကြည်မှုတွေအကြား ဂုဏ်သိက္ခာအတွက် စီးချင်းထိုးရမယ့် ဘက်ထရီအပြောင်းအလဲ လို့ တင့်စားရတော့မယ် လို့ ဆိုပါတယ်။ SamMobile ရဲ့ ပြောဆိုမှုအရ 3250 mAh ဘက်ထရီ ကို သုံးစွဲသွားနိုင်တယ် လို့ ခန့်မှန်းပြောဆိုခဲ့ပါတယ်။

နောက်ထပ် ဖော်ပြမထားတဲ့ ပြောင်းလဲမှုအရ Google ဖုန်း Pixel , Pixel XL တို့တွေမှာ အောင်ပွဲခံခဲ့တဲ့ ဓါတ်ပုံအရည်အသွေး တွေကို အားကျနေခဲ့တဲ့ တီထွင်သူတွေ ဟာ ကင်မရာပိုင်း ကို အကောင်းဆုံး အရည်အသွေး ဖြစ်အောင် ပြင်ဆင်သွားမယ် လို့ ဆိုပါတယ်။ ကင်မရာ ရိုက်ချက်တွေအရ Galaxy S7 Edge ရဲ့ ပုံရိပ်တွေ ဟာ မြင်ကွင်းတွေ ကြည်လင်ပြတ်သားပြီး ထိပ်တန်း ဖုန်းကင်မရာတွေအထဲမှာ လက်မထောင်နိုင်တဲ့အနေအထား ရှိတဲ့ အတွက် S7 Edge ရဲ့ အရည်အသွေးကို ပြန်လည် သုံးစွဲပြီး ထပ်မံပြီး အဆင့်မြှင့်တင် သွားမယ်လို့ ဆိုပါတယ်။



Credit to ==> DigitalTimes.com.mm



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com