2/09/2017

♪ “Google Assistant ကို Nexus 5X နဲ့ 6P တို့မှာထည့်ပေးမည်” ♫

Image may contain: one or more people, phone and text

Google က ယခင်နှစ် အောက်တိုဘာလမှာ Pixel Smartphone များကို မိတ်ဆက်ခဲ့ပြီး Nexus Device များထုတ်လုပ်ရောင်းချမှုကိုရပ်နားခဲ့ပါတယ်။ Google က Pixel Smartphone များမှာ Google Now ကိုအဆင့်မြှင့်ထားတဲ့ Google Assistant ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကိုမိတ်ဆက်ခဲ့ပါ တယ်။ Google Assistant ဟာ Google Now ထက် ပိုမိုစွမ်းရည်မြင့်မားလာတဲ့ ကိုယ်ရေးလက်ထောက်ဖြစ်ပါတယ်။

အခုတော့ Google Assistant ကို Nexus 5X နဲ့ Nexus 6P စမတ်ဖုန်းများမှာ ထည့်သွင်းပေးမယ်လို့ 9to5Google ရဲ့ website မှာ ရေးသားထားပါတယ်။ အဲဒီစမတ်ဖုန်းများအတွက် နောက်ထွက်မယ့် Software Update မှာ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်အသစ်ကိုထည့်သွင်းပေးမယ်လို့ သိရ ပါတယ်။

Google က တောင်းဆိုမှုများပြားမှုကြောင့် Pixel ရဲ့ Fingerprint Swipe Gesture စွမ်းဆောင်ချက်ကိုမကြာခင်က Nexus 5X မှာထည့်သွင်းပေး ခဲ့ပါတယ်။ အဲဒီစွမ်းဆောင်ချက်ဟာလက်ဗွေရာအာရုံခံကိရိယာအပေါ်မှာ အပေါ်၊ အောက်ပွတ်ဆွဲလိုက်ရင် Notification များကို Scroll ပြုလုပ်ပေးတာ ဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com