2/12/2017

♪ Google က သန်းချီသော App တွေကို Play Store ပေါ်မှဖယ်ရှားမည် ♫


Google အနေနဲ့ Play Store ပေါ်က အသုံးမဝင်တဲ့ ၊ User Data Policy နဲ့မကိုက်ညီတဲ့ app တွေကို ဖယ်ရှားတော့မှာဖြစ်ကြောင်း app developer တွေကို သတိပေးလိုက်ပါတယ်။

Google ရဲ့ Play Store ဟာ Android User တွေအတွက် လိုသမျှ App တွေနဲ့ Game တွေကို အလုံအလောက် ရရှိနိုင်တာထက်ကို ပိုနေပါတယ်။ ကမ္ဘာ့အနှံ့က ဘယ် developer မဆို မိမိတို့ စိတ်ကြိုက် ဖန်တီးရေးဆွဲထားတဲ့ app တွေကို Play Store ပေါ်တင်လို့ရတဲ့အတွက် အမှန်တကယ်အသုံး ဝင်တဲ့ app တွေရော ဘယ်လိုမှ မသုံးမဝင်တဲ့ app တွေရော ရှိနေပါတယ်။

User Data Policy ရဲ့ Terms တွေနဲ့ လည်းမကိုက်ညီ User တွေအတွက်လည်း ဘယ်လိုမှ အသုံးမဝင်တဲ့ app ပေါင်း သန်းနဲ့ချီရှိနေတဲ့အတွက် Google အနေနဲ့ အခုလို ဖယ်ရှားပစ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

App developer တွေကို မတ်လ (၁၅) ရက်နေ့ အထိ အချိန်ပေးထားပြီး app တွေကို ပြင်ဆင်ခွင့် ၊ update ပြုလုပ်ခွင့်ပေးထားပါတယ်။ သတ်မှတ်ထားတဲ့ ရက်ရောက်လို့မှ ထူးခြားမလာတဲ့ app တွေကို Play Store ပေါ်ကနေ အပြီးအပိုင် ဖယ်ရှားပစ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

Apple ကလည်း ၄င်းရဲ့ App Store ကို အခုလိုမျိုး ရှင်းလင်းမှုတွေပြုလုပ်ထားတဲ့အတွက် Google အနေနဲ့ Play Store ကို App Store လို သပ်သပ်ရပ်ရပ် ဖြစ်သွားအောင် အခုလို စီစဉ်တာဖြစ်တယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com