2/11/2017

♪ " Gionee မှ F5 အား တရားဝင် စတင်ကြေညာ " ♫

Image may contain: phone

Gionee F5 အား တရားဝင်ကြေညာခဲ့ပြီး တရုတ်တွင် စတင်ဝယ်ယူနိုင်ပြီဟု သိရသည်။ အဆိုပါ စမတ်ဖုန်းသည် ယခင်ဒီဇင်ဘာကတည်းက TENAA မှ တစ်ဆင့် ပေါက်ကြားခဲ့ပြီးဖြစ်သော်လည်း အချက်အလက်အသစ်များအား ထပ်မံသိရှိကြရသည်။

F5 သည် ရွှေရောင်နှင့် rose gold ဟူ၍ နှစ်မျိုးရရှိနိုင် ပြီး 5.3” IPS display နှင့် 720 p resolution ရှိကာ MT 6750 chipset အား သုံးခဲ့ပြီး octa-core Cortex A 53 processor ဖြစ်သည်။ Mali-T 860 MP2 GPU ပါဝင်ပြီး RAM 4 GB ဖြင့် ထောက်ပံ့ပေးထားသည်။ Gionee F5 တွင် အဓိကကင်မရာမှာ 13 MP ဖြစ်ပြီး ရှေ့ဘက်တွင် 8 MP selfie ကင်မရာ ပါဝင်သည်။ F5 တွင် 4000 mAh ဘက်ထရီပါဝင်ပြီး Android 6.0 Marshmallow OS ကို သုံးထားပြီး Amigo launcher ဖြင့် လွယ်ကူစေရန် ထောက်ပံ့ပေးထားသည်။

Gionee F5 အား CNY 1799 (သို့) ဒေါ်လာ ၂၆၀ ၀န်းကျင် ဈေးသတ်မှတ်ထားသည်။ တရုတ်တွင် စတင်ရောင်းချနေပြီဖြစ်ပြီး အပြည်ပြည်ဆိုင်ရာသို့ ရောင်းချမည့်ရက်စွဲအား မသိရှိရသေးပေ။ 



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com