2/14/2017

♪ " ဗုဒ္ဓဟူးနေ့တွင် (E-Load Top up) ဖြင့် ဖုန်းငွေဖြည့်လျှင် အပိုဆုကြေးများ ရရှိမည့် အစီအစဉ်ကိုတယ်လီနော ပြန်လည်ပြုလုပ်ပေးခဲ့" ♫

Image may contain: 2 people, people smiling, text

ဗုဒ္ဓဟူးနေ့တွင် (E-Load Top up) ဖြင့် ဖုန်းငွေဖြည့်လျှင် အပိုဆုကြေးများ ရရှိမည့် အစီအစဉ်ကိုတယ်လီနော ပြန်လည်ပြုလုပ်ပေးခဲ့ကြောင်းသိရှိရသည်။ အဆိုပါအစီအစဉ်တွင် ငွေကျပ် (၁၀၀၀) မှ (၂၉၉၉) ကျပ် ကြားငွေဖြည့်လျှင် ငွေဖြည့်ပမာဏဧ။် (၁၀) ရာခိုင်နှုန်းကိုလည်းကောင်း၊ ငွေ ကျပ် (၃၀၀၀) မှ (၄၉၉၉) ကျပ် ကြားငွေဖြည့်လျှင် ငွေဖြည့်ပမာဏ၏ (၂၀) ရာခိုင်နှုန်းကို လည်းကောင်း၊ (၅၀၀၀) ကျပ် မှ (၉၉၉၉) ကျပ် ကြားငွေဖြည့်လျှင် ငွေဖြည့် ပမာဏဧ။် (၃၀) ရာခိုင်နှုန်းကိုလည်းကောင်း၊ (၁၀၀၀၀) ကျပ်နှင့်အထက် ငွေဖြည့်လျှင် ငွေဖြည့်ပမာဏ၏ (၅၀) ရာခိုင်နှုန်းကိုလည်းကောင်း အပိုဆုကြေးအဖြစ် အသီးသီးရရှိမည်ဖြစ် သည်။အပိုဆုကြေး၏ သက်တမ်းမှာငွေဖြည့်သည့် နေ့ရက်မှစ၍ နောက် ၃ ရက်အထိ ဖြစ်သည်။

ပရိုမိုးရှင်းကာလအတွင်းသတ်မှတ်ထားသောပမာဏအတိုင်း ကြိမ်ဖန်များစွာ ငွေဖြည့်ပါကလည်း အပိုဆုကြေး (Easy Bill Bonus)များကိုတစ်စုတစ်ပေါင်း တည်းရရှိနိုင်သည်။ “Easy ဘေလ်ကိုသုံးစွဲခဲ့တဲ့ သုံးစွဲသူတွေအနေနဲ့ ဒီပရိုမိုးရှင်းကိုအထူးနှစ်သက်သဘောကြတာတွေ့ရပါတယ်။ အခုလို ပြန်လည် မိတ်ဆက်လိုက်တဲ့အတွက်လည်းသုံးစွဲသူတွေ ပျှော်ရွှင်ကျေနပ် ကြမယ်ထင်ပါတယ်။ ဒီပရိုမိုးရှင်း ကတယ်လီနောရဲ့ သုံးစွဲသူတွေ အထူး နှစ်သက်ကြတဲ့ ပရိုမိုးရှင်းတွေထဲကတစ်ခုဖြစ်ပါတယ်။ ရှေ့ဆက် ပြီးတော့ လည်း တယ်လီနောကဈေးနူန်းချိုသာပြီး တီထွင်ဆန်းသစ်မှုရှိတဲ့ ၀န်ဆောင်မှု တွေကို ဆက်လက် မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်” ဟု တယ်လီနောမြန်မာ မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အပိုဆုကြေးကို ပြည်တွင်း တယ်လီနော နံပါတ်သို့ ဖုန်းခေါ်ဆိုခြင်း၊ ပြည်တွင်းတယ်လီနောနံပါတ်သို့ SMS ပေးပို့ခြင်း နှင့် သုံးသလောက်ပေးအင်တာနက်အသုံးပြုမှုများအတွက် အသုံးပြုနိုင်သည်။ အခြားသော ဝန်ဆောင်မှုများဖြစ်သည့် pack များဝယ်ယူအသုံးပြုခြင်း၊ VAS ဝန်ဆောင်မှုရယူခြင်း၊ လက်ကျန်ငွေ လွှဲပြောင်းခြင်း(balance transfer) နှင့် ကြိုသုံးစသည့် ဝန်ဆောင်မှုများကိုအပိုဆုကြေး (Easy bill bonus) ကိုအသုံးပြု ၍ ဝယ်ယူအသုံးပြုနိုင်မည်မဟုတ်ကြောင်းသိရှိရသည်။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com