2/05/2017

♪ Dell ရဲ့ နောက်ဆုံးထွက် Laptop တွေမှာ fingerprint sensor တပ်ဆင်နိုင်ပြီ ♫


အမေရိကန်အခြေစိုက် ကမ္ဘာကျော် နည်းပညာကုမ္ပဏီ တစ်ခုဖြစ်တဲ့ Dell က ၄င်းရဲ့ နောက်ဆုံးထွက် Laptop တွေဖြစ်တဲ့ XPS 13 နဲ့ XPS 15 တို့မှာ (၂၅) ဒေါ်လာထပ်မံ ပေးဆောင်ရုံနဲ့ fingerprint sensor တပ်ဆင်နိုင်ပြီဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။

ဒီ sensor ဟာ Microsoft ရဲ့ Windows 10 ပေါ်က မြန်ဆန်တဲ့ login method တစ်ခုဖြစ်တဲ့ Windows Hello နဲ့ လည်း လိုက်လျောညီထွေဖြစ်ပြီး (၂၅) ဒေါ်လာ သာ ထပ်မံအကုန်ကျခံရုံနဲ့ Laptop ရဲ့ keyboard မှာ fingerprint sensor ကို တပ်ဆင်ပေးမှာဖြစ်တယ်လို့လည်းသိရပါတယ်။

အခုခေတ် မိုဘိုင်းနည်းပညာလောကမှာ fingerprint ဟာ လူစိတ်ဝင်စားမှုအများဆုံး လုံခြုံရေးစနစ်တစ်ခုဖြစ်တဲ့ အတွက် Dell အနေနဲ့ အခုလို Fingerprint တပ်ဆင်ဖို့ စီစဉ်ထားဖြစ်ပါတယ်။

ဒီ Option ကို အရည်အသွေးမြင့်တဲ့ XPS 13 နဲ့ XPS 15 laptop versions အားလုံးမှာ ရရှိနိုင်ပြီး အခြား model တွေမှာတော့ မရနိုင်သေးဘူးလို့သိရပါတယ်။

ပရိသတ်တွေအနေနဲ့ fingerprint sensor အသစ် တပ်ဆင်ထားပြီးသား XPS 13 နဲ့ XPS 15 တွေကို ဝယ်ယူနိုင်ပြီဖြစ်တယ်လို့လည်းသိရပါတယ်။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com