2/12/2017

♪ Android 6.0 Marshmallow ရဲ့ လျှို့ဝှက်စွမ်းဆောင်ချက်များ ♫


Google က Android 7.0 Nougat ကို စတင် ဖြန့်ချီပေးနေပေမယ့် Nexus Devices အနည်းငယ်မှာသာ အသုံးပြုနိုင်ပါသေးတယ်။ စမတ်ဖုန်းအများစုအတွက်တော့ Android Marshmallow ကိုသာ အသုံးပြုနေရပါသေးတယ်။ Android Marshmallow ဟာ ထွက်ရှိတာ အနည်းငယ်ကြာပြီ ဖြစ်ပေမယ့် လူသိပ်မသိသေးတဲ့ လျှို့ဝှက်စွမ်းဆောင်ချက်များ ရှိနေပါတယ်။ ဒီ Tutorial မှာတော့ Android Marshmallow ရဲ့ အကောင်းဆုံး လျှို့ဝှက်စွမ်းဆောင်ချက်များကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Google Now on Tap


Google Now ဟာ Android ရဲ့ အကောင်းဆုံး စွမ်းဆောင်ချက်များထဲမှ တစ်ခု ဖြစ်ပါတယ်။ Marshmallow မှာတော့ Google Now on Tap ကို မိတ်ဆက်ထားပါတယ်။ သူက လက်ရှိသုံးနေတဲ့ App ကို ပိတ်စရာမလိုဘဲ Google Now ကို သုံးနိုင်တာ ဖြစ်ပါတယ်။ Google Now on Tap ကို Activate လုပ်ဖို့အတွက် Home Button ကို ဖိထားရမှာပါ။ အဲဒီနောက်မှာတော့ ညွှန်ကြားချက်အတိုင်း ဆက်လုပ်ဆောင်ပါ။ တစ်ကြိမ်သာ Activate လုပ်ရမှာ ဖြစ်ပြီးနောက်ပိုင်းမှာ လုပ်စရာ မလိုပါဘူး။ ဥပမာအားဖြင့် App တစ်ခုမှ စာသားတစ်ခုကို Select လုပ်လိုက်တာနဲ့ စကရင်တစ်ခု Pop-Up အနေနဲ့ ပေါ်လာမှာ ဖြစ်ပြီး အဲဒီစာသားနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များကို ဖော်ပြပေးမှာပါ။ တစ်နည်းအားဖြင့် Google Search မှာ ရှာဖွေပေးမှာပါ။

၂။ တိုးတက်လာတဲ့ Copy, Cut & Paste စွမ်းဆောင်ချက်


Marshmallow မှာ Copy, Cut & Paste စွမ်းဆောင်ချက်များ တိုးတက်လာပါတယ်။ စာသားတစ်ခုကို Select လုပ်လိုက်တာနဲ့ Copy, Cut , Paste , Search Options များကို Floating Bubble ဖြင့် ပြသပေးမှာပါ။

၃။ Lock Screen ကနေ အသံဖြင့် ရှာဖွေပါ။


အရင်ကတော့ Lock Screen မှာ Password ရိုက်ထည့်စရာမလိုဘဲ Camera နဲ့ Emergency Calls များကို သုံးနိုင်ပါတယ်။ Marshmallow မှာတော့ Unlock လုပ်စရာ မလိုဘဲ Google Voice Search ကို သုံးနိုင်ပါပြီ။ Lock Screen မှာ “ Ok Google “ လို့ ပြောပြီး ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကို ဆင့်ခေါ်နိုင်ပါတယ်။

၎။ Smart Lock for Passwords


Marshmallow မှာ Smart Lock for Passwords စွမ်းဆောင်ချက် ပါရှိလာပါတယ်။ Settings> Google > Smart Lock for Passwords ထဲမှာ အဲဒီစွမ်းဆောင်ချက်ကို Enable လုပ်နိုင်ပါတယ်။ ဒီစွမ်းဆောင်ချက်က သင့်ရဲ့ App Passwords များကို သင့်ရဲ့ Google Account မှာ သိမ်းပေးထားမှာပါ။ တစ်နည်းအားဖြင့် လုံခြုံတဲ့ Cloud မှာ သိမ်းပေးထားမှာ ဖြစ်ပြီး သင့်ရဲ့ Devices မျိုးစုံကနေ အသုံးပြုနိုင်ပါတယ်။ အဲဒီ Page မှာပဲ “ Auto Sign-In “ ကို On နိုင်ပါတယ်။ သူက သင့်အကောင့်နဲ့ ချိတ်ဆက်ထားတဲ့ Apps နဲ့ ၀က်ဆိုက်များကို အလိုအလျှောက် Login ၀င်ပေးနိုင်ပါတယ်။

၅။ လျှို့ဝှက် UI Tuner Menu ကို Enable လုပ်ပါ။


Marshmallow မှာ လျှို့ဝှက် UI Tuner Menu ကို ထည့်ပေးထားပါတယ်။ Notification Bar မှ Settings Icon ကို ဖိထားခြင်းဖြင့် သူ့ကို Enable လုပ်နိုင်ပါတယ်။ ပြီးရင်တော့ Settings> System အောက်မှာ UI Tuner Menu ကို မြင်ရမှာပါ။ အဲဒီကနေ Notifications များကို ဖျောက်ခြင်း အပါအ၀င် သင့် Android ရဲ့ User Interface များကို နှစ်သက်သလို ပြောင်းလဲနိုင်ပါတယ်။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com