1/02/2017

♪ “Xiaomi Redmi Note 4” ♫

Image may contain: phone

ယခုဖုန်းတွင် အရည်အသွေးကောင်းမွန်သော သတ္တုဖြင့်တည်ဆောက်ထားပြီး ဒီဇိုင်းပုံစံမှာ ပါးပါးလျလျရှိပါ တယ်။ ထောင့်ချိုးများတွင် အ၀န်းအ၀ိုက်ပုံစံရှိပြီး အဓိကကင်မရာကို ဖုန်းရဲ့အနောက်ဘက်တွင် အ၀ိုင်းပုံစံထည့်သွင်းပေးထား ပါတယ်။ ကင်မရာ၏အောက်ဘက်တွင် Fingerprint Sensor ကို အ၀ိုင်းပုံစံ တပ်ဆင်ပေးထားပါတယ်။

၂၀၁၆ ခုနှစ် သြဂုတ်လက ထုတ်လုပ်ပေးထား သော Note 4 ရဲ့ အရွယ်အစားပမာဏကတော့ 151x76x 8.4 mm ရှိပြီး၊ အလေးချိန်မှာ 175g ဖြစ်ပါတယ်။ ဆင်းကတ်နှစ်ကတ်ထည့်သွင်းအသုံးပြု နိုင်မယ့် ဖုန်းအမျိုးအစားပါ။ ထည့်သွင်းသုံးစွဲရမယ့် ဆင်းကတ်အရွယ်အစား ကတော့ Micro နဲ့ Nano SIM ပါ။ ဖုန်းမျက်နှာပြင်တွင် IPS LCD Capacitive Touchscreen ကို သုံးစွဲပေးထားပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်အကျယ်အ၀န်း ကတော့ 5.5 inches ဖြစ်ပြီး မြင်ကွင်းစွမ်းရည်အပိုင်းတွင် 1080x1920 pixels ပမာဏကိုထည့်သွင်းပေးထား ပါတယ်။ တစ်လက်မမှာရှိမယ့် pixel ပမာဏ သိပ်သည်းဆကတော့ 401ppi ပါ။ Multitouch စနစ်တွင် MIUI 8.0 ကို သုံးစွဲ နိုင်ပါမယ်။

အဓိက ကင်မရာသည် 13MP, f/2.0 စွမ်းရည်ရှိပြီး Dual LED(Dual Tone) Flash စနစ်နဲ့ တွဲဖက်အသုံးပြုနိုင်ပါမယ်။ ရှေ့ကင်မရာငယ်ကတော့ 5MP, f/2.0 စွမ်းရည်ရှိပါတယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် နှစ်မျိုးနှစ်စားရှိပါမယ်။ Standard Edition တွင် RAM 2GB နှင့် ROM 16GB ပါရှိအောင် ဆောင်ရွက် ပေးထားပြီး၊ High Edition တွင် RAM 3GB နှင့် ROM 64GB ပါရှိအောင် ဆောင်ရွက်ပေးထားပါတယ်။

အချက်အလက်အများအပြား သိမ်းဆည်းလိုပါ ကလည်း Card Slot စနစ်ကိုအသုံးပြု၍ မှတ်ဥာဏ်ပမာဏကို ချဲ့ထွင်အသုံးပြု နိုင်ပါမယ်။ Chipset တွင် Mediatek MT6797 Helio X20 အမျိုးအစားကို အသုံးပြုပေး ထားပြီး CPU ဟာ Deca Core 2.1GHz စွမ်းရည်ရှိပါတယ်။ GPU မှာ Mali-T880 MP4 အမျိုးအစားပါ။ အသုံးပြုနိုင်မယ့် Android Version ကတော့ Marshmallow ပါ။


<Specification>
Network - GSM/ HSPA/LTE
Memory - 64 GB
CPU - Deca Core 2.1 GHz
Camera - 13 MP
Screen - 5.5 inches
OS - Android OS, v 6.0
Contact - 01-371924
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com