1/02/2017

♪ Dual Selfie Camera နဲ့ Vivo V5 Plus ကို မိတ်ဆက်တော့မယ် ♫


Vivo အနေနဲ့ Dual Selfie Camera ပါဝင်တဲ့ Vivo V5 Plus ကို လာမယ့် ဇန်နဝါရီ (၂၃) မှာ မိတ်ဆက်ပေးတော့မှဖြစ်တယ်လို့သိရပါတယ်။

စမတ်ဖုန်းတွေနဲ့ Selfie ရိုက်တာတွေ ခေတ်စားလာတာနဲ့အမျှ Vivo အနေနဲ့ ပြီးခဲ့တဲ့ (၂၀၁၆) နိုဝင်ဘာလတွင်းက 20MP Selfie Camera ပါဝင်တဲ့ Selfie အသားပေး Vivo V5 ကိုမိတ်ဆက်ပေးခဲ့ ပြီးခဲ့တဲ့နောက် အခုအခါမှာတော့ စမတ်ဖုန်း ကင်မရာလောကမှာ ရေပန်းစားလျက်ရှိနေတဲ့ Dual Camera ကိုပါ Selfie အတွက်ထည့်သွင်းပေးတော့မှာဖြစ်လို့ Selfie ရုပ်ထွက်အကောင်းဆုံး စမတ်ဖုန်းတစ်ခုဖြစ်လာ နိုင်ချေရှိနေပါတယ်။

အမှန်တကယ်သာ Dual Selfie Camera နဲ့ ထွက်ရှိခဲ့ရင်တော့ ပထမဦးဆုံး dual selfie camera သုံးခဲ့တဲ့ Lenovo Vibe S1 ပြီးရင် ဒုတိယမြောက် dual selfie camera ပါဝင်တဲ့ စမတ်ဖုန်းလည်းဖြစ်လာမှာဖြစ်ပါတယ်။ Vivo V5 Plus မှာပါဝင်လာမယ့် feature အများစုကတော့ V5 နဲ့ တူနိုင်ချေရှိတယ်လို့ယူဆရပြီး ပုံရိပ်နဲ့ အချက်အလက် အသေးစိတ် မထွက်ရှိသေးတဲ့အတွက် ခန့်မှန်းပြောဆိုဖို့တော့ စောနေပါသေးတယ်။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com