1/18/2017

♪ “ပရဟိတအသင်းများအား ဖုန်းဘေလှူဒါန်းနိုင်မည့် Website တစ်ခု MPT မှမိတ်ဆက်” ♫

No automatic alt text available.

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ ပရဟိတအသင်းများအား ဖုန်းဘေ လှူဒါန်းနိုင်မည့် website တစ်ခုမိတ် ဆက်လိုက်ကြောင်းသိရသည်။ ''လိုတရ စေတနာကမ်းလက်များ''အမည်ရ website စာမျက်နှာသစ်အား မိုဘိုင်းဖုန်း မှတစ်ဆင့် ဝင်ရောက်ရမည်ဖြစ်ပြီး လှူဒါန်းမှုပြုလုပ်ခြင်းမပြုမီ နှစ်သက်ရာ လူမှုအဖွဲ့အစည်းများ၏လှုပ်ရှားမှု ပုံရိပ်များနှင့် အစီအစဉ်များကိုဝင်ရောက် ကြည့်ရှုနိုင်ကာ မိမိနှစ်သက်သည့် အဖွဲ့အစည်းနှင့်အစီအစဉ်ကို ရွေးချယ် လှူဒါန်းနိုင်မည်ဖြစ်သည်။

အဆိုပါ website စာမျက်နှာသစ်တွင် လူမှုအဖွဲ့ အစည်း ၁ဝ ဖွဲ့ ဖြစ်သည့် ဖောင် တော်ဦး ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၊ ရွှေပါရမီကျန်းမာရေးဖောင်ဒေး ရှင်း၊ ဆည်းဆာရိပ်ဂိလာနဘိုးဘွားများရိပ်သာ၊ ပြည်ကြီးခင်လူမှုရေးအသင်း၊ ရွှေမင်းသားဖောင်ဒေးရှင်း၊ လမ်း သစ်ဖောင်ဒေးရှင်း၊ သဘာဝတရားရိပ်သာ (သန်လျင်)၊ လူမှုဖွံ့ဖြိုးရေးအသင်းနှင့် ဂျပန်ငြိမ်းချမ်းရေးလေညှင်း လေးများ (Peace Wind) အစရှိသည့် အဖွဲ့အစည်းများပါဝင်ပါသည်။ အင်တာနက်ဖွင့်ပြီး Mobile Browser မှ တစ်ဆင့် http://helpinghands.foc.lotayamm.com/ သို့ဝင်ရောက်ကာလူမှုအကျိုး ပြုလုပ်ငန်းအမျိုးမျိုး၏ အချက်အလက်များကို ရယူနိုင်သော ''လိုတရစေတနာကမ်းလက်များ''စာမျက်နှာသို့ သွားရောက် လှူဒါန်းနိုင် သကဲ့သို့လိုတရ website မှတစ်ဆင့် စေတနာကမ်းလက်များ အမည်ရပုံနှင့် လင့်မှလည်းဝင်ရောက်နိုင်ပါသည်။

အဆိုပါစာမျက်နှာတွင်ပါဝင်သော လှုပ်ရှားမှုအစီအစဉ်များ ထဲမှ နှစ်သက်ရာ တစ်ခုကိုရွေးချယ်ပြီး မိမိတို့၏ MPT ဖုန်းလက်ကျန်ငွေမှ လှူဒါန်းလိုသော ငွေပမာဏကို ထပ်မံရွေးချယ်ရမည်ဖြစ်သည်။ လှူဒါန်းမှုကို အတည်ပြု/မပြု စာတန်းပေါ်လာပါကအတည်ပြုကြောင်းနှိပ်ပြီး မိမိရွေးချယ်ထားသော အစီအစဉ် ကုတ်နံပါတ်နှင့်အလှူငွေပမာဏ ကို ပြန်လည်စစ်ဆေးရမည်ဖြစ်သည်။ ထို့နောက်လှူဒါန်းမှုပြီး စီးကြောင်းစာတိုတစ်စောင်ကို သင်၏ MPT ဖုန်းနံပါတ် သို့ MPT မှ ပေးပို့သွားမည်ဖြစ်ပါသည်။


အလှူငွေပမာဏကို မိမိ၏ဖုန်း လက်ကျန်ငွေမှ ဖြတ်တောက် သွားမည်ဖြစ်ပါသည်။ လှူဒါန်းမှုအတွက် လက်ကျန်ငွေမလုံလောက်ပါက လှူဒါန်းမှုမအောင်မြင်ကြောင်း စာတန်း ပေါ်လာမည်ဖြစ်ကြောင်း သိရသည်။ လှူဒါန်းမှုအတွက် အပိုဝန်ဆောင်ခ ထပ်မံပေးဆောင်ရန်မလိုဘဲ လှူဒါန်း လိုက်သောငွေပမာဏအားလုံးသည် မိမိတို့ရွေးချယ်ထားသော အစီအစဉ်များထံသို့ အပြည့်အဝတိုက်ရိုက် ရောက်ရှိမည်ဖြစ်သည်။


ရဲလင်းလင်းသန်း

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com