1/18/2017

♪ " Samsung Galaxy A3 (2017) VS Samsung Galaxy A5 (2017) " ♫

Image may contain: phone

ဒီတစ်ပတ်မှာ Samsung ကုမ္ပဏီကနေ Global Market ကို ထုတ်လုပ်ဖြန့်ချိ ရောင်းချပေးတော့မယ့် Samsung Galaxy A3 (2017) နဲ့ Galaxy A5 (2017) ဆိုတဲ့ စမတ်ဖုန်း ၂ လုံးကို နှိုင်းယှဉ်ကြည့်ကြရအောင်။ ၄င်းစမတ်ဖုန်း ၂ လုံးက Specifications တွေရော၊ ဈေးနှုန်းပါ ကွာခြားတာကို တွေ့ရပါတယ်။ Samsung Galaxy A5 (2017) က A3 (2017) ထက် တော်တော်များများမှာ ပိုမိုကောင်းမွန်သလို ဈေးကလည်း ဒေါ်လာ ၁ဝဝ ဝန်းကျင်လောက် ပိုမိုမြင့်မားပါတယ်။

မျက်နှာပြင်အရွယ်အစား၊ မြင်ကွင်းစွမ်းအား၊ Data သိမ်းဆည်းနိုင်စွမ်း၊ RAM ၊ ဘက်ထရီစွမ်းအားအပြင် အရှေ့ကင်မရာနဲ့ အနောက်ကင်မရာတွေအားလုံးမှာ Galaxy A5 (2017) က ပိုမိုစွမ်းဆောင်ရည် မြင့်မားပါတယ်။ ဖုန်း ၂ ခုစလုံးမှာ GSM, HSPA နဲ့ LTE networks တွေကို ထောက်ပံ့ပေးထားပြီး Single SIM နဲ့ Dual-SIM version ၂ မျိုးကို ခွဲခြားထုတ်လုပ်ထားပါတယ်။ ဒါ့အပြင် IP68 Certified ရရှိထားပြီး ဖုန်ဒဏ်နဲ့ ရေဒဏ်ကို ကာကွယ်ပေးနိုင်စွမ်းကလည်း အတူတူပါပဲ။ ဖုန်းအမျိုးအစား ၂ မျိုးလုံးမှာ Black Sky, Gold Sand, Blue Mist, Peach Cloud ဆိုတဲ့ အရောင်တွေကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

* Design *
1. Samsung Galaxy A3 (2017)
Galaxy A3 (2017) ရဲ့ကိုယ်ထည်ကို သတ္တုဘောင်ကွပ်ပြီး အနောက်ဘက်မှာ Glass နဲ့ဖုံးအုပ်ထားကာ အရှေ့ဘက် Home Button မှာ Fingerprint Sensor ကိုတပ်ဆင်ပေးထားပါတယ်။ အရွယ်အစားက 135.4 x 66.2 x 7.9 mm ရှိပါတယ်။
2. Samsung Galaxy A5 (2017)
Galaxy A5 (2017) က A3 (2017) နဲ့ တည်ဆောက်ပုံခြင်းတူညီပြီး အသုံးပြုထားတဲ့ပစ္စည်းနဲ့ fingerprint scanner တပ်ဆင်ထားပုံခြင်းလည်း အတူတူပါပဲ။ အရွယ်အစားကတော့ 146.1 x 71.4 x 7.9 mm ရှိတာကြောင့် အနည်းငယ် ပိုမိုကြီးမားပါတယ်။

* Processor *
1. Samsung Galaxy A3 (2017)
A3 (2017) ရဲ့ စက်စွမ်းဆောင်ရည်ကို အထောက်အပံ့ပေးမယ့် RAM 2GB ပါရှိတဲ့ Octa core 1.6GHz Cortex-A53 processor ကို ကိုယ်ထည်အတွင်းထဲမှာ ထည့်သွင်းအသုံးပြုထားပြီး Android OS, v6.0.1 ကို run ပေးထားပါတယ်။
2. Samsung Galaxy A5 (2017)
A5 (2017) မှာတော့ Exynos 7880 Octa Chipset နဲ့ Octa-core 1.9GHz Cortex-A53 processor ကိုထည့်သွင်းပေးထားပြီး RAM 3GB ပါရှိပါတယ်။ သုံးစွဲထားတဲ့ GPU က Mali-T830MP2 ပါ။ ဒါကြောင့် A3 (2017) ထက် စွမ်းအားအနည်းငယ် ပိုမိုမြင့်မားပါတယ်။

* Display *
1. Samsung Galaxy A3 (2017)
မျက်နှာပြင်အကျယ် 4.7-inch ရှိပြီှးကစနမ Super AMOLED capacitive touchscreen display အမျိုးအစားကို သုံးစွဲထားပါတယ်။ ပြသပေးနိုင်တဲ့ မြင်ကွင်းစွမ်းအားက 720 x 1280 pixels ရှိပြီး ၁ လက်မ သိပ်သည်းဆက ~312 ppi pixels ပမာဏ ရှိပါတယ်။
2. Samsung Galaxy A5 (2017)
Galaxy A3 (2017) နဲ့ display အမျိုးအစားချင်းတူညီပေမယ့် မျက်နှာပြင် 5.2-inch ဖြစ်တာကြောင့် အနည်းငယ်ပိုကျယ်ပြီး full HD မြင်ကွင်းတွေကို ပေးစွမ်းနိုင်ပါတယ်။ ဖုန်း ၂ ခုလုံးမှာ multi-touch စနစ်သုံးစွဲထားပြီး Corning Gorilla Glass နဲ့ ဖုံးအုပ်ပေးထားပါတယ်။

* Verdict *
1. Samsung Galaxy A3 (2017)
Samsung Galaxy A3 (2017) က အလယ်အလတ်တန်းစား ဖုန်းအမျိုးအစားထဲမှာပါဝင်ပြီး ပေးရတဲ့ဈေးနှုန်းနဲ့ ထိုက်တန်မှုရှိတဲ့ specs တွေနဲ့ features တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သာမန် ဖုန်းသုံးစွဲသူတွေအတွက်ဆိုရင်တော့ အတိုင်းအထက်အလွန်ကို သင့်တင့်ကောင်းမွန်မှုရှိပါတယ်။
2. Samsung Galaxy A5 (2017)
Samsung Galaxy A5 (2017) ကတော့ ဈေးနှုန်းပိုမြင့်မားသလို ထည့်သွင်းပေးထားတဲ့ specs တွေနဲ့ features တွေကလည်း ကောင်းမွန်လှပါတယ်။ Samsung ဖုန်းထဲမှာ ရေစိုခံနိုင်တဲ့ အဆင့်မြင့် စမတ်ဖုန်းကိုမှ ဝယ်ချင်တယ်ဆိုရင်တော့ ဒီဖုန်းလေးက အသင့်တော်ဆုံး ဖြစ်မှာဖြစ်ပါတယ်။



NetGuide Journal (Every Wednesday) https://www.facebook.com/officialnetguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com