1/15/2017

♪ “Ultimate Contact List ဖန်တီးခြင်း” ♫

Image may contain: text

လူတစ်ဦးနှင့်တစ်ဦး စမတ်ဖုန်းပေါ်မှတစ်ဆင့် ဆက်သွယ်ရာတွင် Contact List မှတစ်ဆင့် ဆက်သွယ်ရသည်လည်း ရှိပါသည်။ စမတ်ဖုန်းပေါ်ဦးပေါ်ဖျား ခေတ်က ဖုန်းသုံးစွဲသူ အတော်များများ Contact List မဖန်တီးတတ်ပါ။ ဖုန်းနံပါတ်ကို စာအုပ် ထဲမှာ မှတ်၍ ယင်းကိုကြည့်ကာ ဖုန်းဆက်ခဲ့ကြပါသည်။ ယခုထက်ထိလည်း ဖုန်းစာအုပ်ကြည့်ကာ ဖုန်းဆက်နေရသေးသော သက်ကြီးရွယ်အိုများလည်း ရှိပါသေးသည်။ ယခင်က ဖုန်းပေါ်တွင် သုံးသော Contact List သည် Offline သီးသန့်ဖြစ်ပါသည်။ ယခုအချိန်တွင်မူယင်း contact list သည် Viber၊ Facebook နှင့် Gmail အထိအောင် ၀င်ရောက် ချိတ်ဆက်နိုင်ပြီဖြစ်ရာ အလွန်အရေးကြီးသောနေရာသို့ ရောက်လာ ပါသည်။ ထို့ကြောင့် ဖုန်းထဲတွင်ရှိနေသော Contact List ကို ဖုန်းဆက်ရန်နှင့် စာတိုပို့ရန်သက်သက်ဟုသဘောမထားဘဲ Online/Offline စွယ်စုံသုံးနိုင်မည့် Contact List ဟု သဘောထားကာ အသုံးပြုကြပါမည်။

စွယ်စုံသုံး Ultimate Contact List သည် လုံခြုံမှုရှိဖို့လိုသည်။ လုံခြုံစွာ သိမ်းဆည်းထားသော ယင်း Contact list ကို Online နှင့် Offline အတွက် သာမက မိမိသုံးသမျှ device အားလုံးပေါ်တွင် သုံးနိုင်အောင် ကြိုးစားကြ ပါမည်။ ထိုကိစ္စအတွက် ပထမဆုံးပြုလုပ်ရမည်မှာ master account တစ်ခု ဖန်တီးရေးခြင်းဖြစ်သည်။ ထိုကိစ္စအတွက် အီးမေး account သစ်တစ်ခုဖွင့်ရ ပါမည်။ ဖုန်းပေါ်မှဖွင့်သော အီးမေး account သည်ဇယားရှုပ်ပါသည်။ မိမိ၏ ဖုန်းနံပါတ်ပေးရသည်။ ထိုဖုန်းနံပါတ်သည် နိုင်ငံ တကာမှ စာတိုလှမ်း၍ ပို့နိုင်သော Telenor (သို့မဟုတ်) Ooredoo ဆင်းကတ်ဖြစ်ဖို့လိုသည်။ ဖုန်းထဲ သို့ဝင်လာသော code နံပါတ်ကို ဖြည့်ဖို့လိုသည်။ ယင်း code နံပါတ်ကို သူဖြည့်ခိုင်းသော ဇယားကွက်ထဲမှာဖြည့်ပြီးမှ ခရီးဆက်နိုင်သည်။ သို့ဖြစ်၍ ဖုန်းနံပါတ်နှင့် အီးမေးလိပ်စာပေးစရာမလိုဘဲ အီးမေး account သစ်ရအောင် ကွန်ပျူတာပေါ်မှ ဖန်တီးခြင်းက ပို၍အဆင်ပြေပါသည်။

Gmail account သစ်ရပြီဆိုလျှင် ယင်းကိုမိမိ၏ master account အဖြစ် သုံးနိုင်သည်။ ပညာရှင်အများစုကမူ Microsoft က ဖန်တီးပေးသော Outlook ကို သဘောကျသည်။ အွန်လိုင်းဝန်ဆောင်မှုဖြစ်ပြီး Outlook.com မှနေ၍ အသုံးပြုရ ပါမည်။ Outlook သည် Webmail အများစုကို လက်ခံနိုင်သည့် အပြင် device အတော်များများကိုလည်း လက်ခံနိုင်သောကြောင့် ပညာရှင် များသဘောကျခြင်းဖြစ်သည်ဟု ယူဆပါသည်။ Outlook သည် Microsoft Exchange ကိုသုံးပါသည်။ ယင်းသည် server တစ်ခုဖြစ်ပြီး ဖုန်းသုံးစွဲသူ၏ contact နှင့် calendar တို့ကိုသိမ်းဆည်းပေးနိုင်သည့်အပြင်ယင်းတို့ကို device အတော်များများပေါ်၌ Sync လုပ်ပေးနိုင်သည်။ အကယ်၍ Outlook account တစ်ခု ဖန်တီးမည်ဆိုလျှင် ကွန်ပျူတာ (Laptop) ပေါ်မှတစ်ဆင့် အင်တာနက်ချိတ်ပြီး www. snipca.com/ 21151 သို့ သွားရပါမည်။ လိုအပ် သော အချက်အလက် များကို ပြည့်စုံစွာဖြည့်စွက်ပေးရပါမည်။ မိမိ၌ Outlook.com account တစ်ခုရှိပြီးဖြစ်လျှင် ယင်းနှင့်မတူသော user name ကို ဖြည့်ပေးရန်လိုသည်။ အားလုံးပြည့်စုံပြီဆိုလျှင် create account ကို နှိပ်ရပါမည်။

ယခုအချိန်တွင် မိမိ၌ master account တစ်ခုရှိသွားပါပြီ။ မိမိ၌ရှိပြီးဖြစ်သော contact တို့ကို ယင်းထဲသို့ import လုပ်ရန်လိုပါသည်။ ထိုအလုပ်ကို Hotmail ၊ outlook.com ၊ Gmail ၊ Yahoo mail တို့မှ တစ်ဆင့်ပြုလုပ်နိုင်သလို မိမိ၏ဖုန်း သို့မဟုတ် တက်ဘလက်ပေါ်မှတစ်ဆင့်လည်းလုပ်နိုင်ပါသည်။ Android device သုံးသူတို့သည် Gmail account ရှိထားလျှင် ယင်း contact ကို ပေါင်းထည့်နိုင်ပါသည်။ ယင်းသို့ပြုလုပ်ရန်အတွက် မိမိဖုန်းပေါ်ရှိ setting နေရာတွင် တစ်ချက်ခေါက်ပါ။ စက်သွားပုံဖြင့်ပြထားသော icon နေရာ ဖြစ်ပါသည်။ ပြီးလျှင် Account သို့သွားပါ။ ယင်းနောက် Google ကိုရိုက် ထည့်ပါ။ အင်တာနက်ချိတ်ထားဖို့လိုသည်။ ပြီးလျှင် contact slider ကိုရှာပါ။ Google အောက်တွင် contacts ရှိမည်ဖြစ်ပြီး ယင်းကို default အားဖြင့် ဖွင့်ထားပေးပါသည်။ ယင်းကို Google ကစစ်ဆေးပြီး Gmail ထဲသို့ sync လုပ် ပေးပါလိမ့်မည်။ ဖုန်းပေါ်မှတစ်ဆင့် online account ထဲသို့ contact ပေါင်းထည့်ခြင်းသည် Apple ပေါ်တွင် ပို၍အခက်အခဲများပါသည်။


Outlook.com သုံးခြင်းက အရှင်းဆုံးဖြစ်သည်။ လုပ်ငန်းစဉ်တစ်ခုလုံး လွယ်ကူစွာ လုပ်ဆောင်နိုင်ရန် ရှင်းလင်းသော ညွှန်ကြားချက်များကို ပေးသည်။ Gmail ၊ Yahoo Mail ၊ Hotmail ၊ Windows Live mail တို့မှ Contact များအား outlook ထဲသို့ မည်သို့ import လုပ်ရမည်ကို ရှင်းလင်း စွာပြပေးပါသည်။

ယင်းလမ်းညွှန်ချက်တို့ကို အလွယ်ကူဆုံး ရရှိရန်မှာ ကွန်ပျူတာမှ တစ်ဆင့် Outlook.com account ထဲသို့ဝင်ရန်ဖြစ်သည်။ ပြီးလျှင် screen ၏ အပေါ် ၀ဲဘက်ထောင့်၌ရှိသော အစက် ကိုးစက် တွင် ကလစ်နှိပ်ပါမည်။ ပြီးလျှင် Outlook.com Window ၏ အပေါ်ဘက်နားတွင် မြင်နေရသော Manage တွင် ကလစ်နှိပ်ရပါမည်။ ပြီးလျှင် import contacts တွင်ဆက်၍ကလစ် နှိပ်ရပါမည်။ account တစ်ခုအတွက် ယင်း process မှနေ၍ CSV ဖိုင်တစ်ခု ထုတ်ပေးပါ သည်။ ယင်းဖိုင်သည် contact အားလုံးပါဝင်သော ဖိုင်ဖြစ်ပါ သည်။ Upload button တွင် ကလစ်နှိပ်ခြင်းဖြင့် ယင်းဖိုင်ကို မိမိ၏ master account ထဲသို့ Upload လုပ်နိုင်ပါသည်။ Master account ထဲသို့ မိမိ၏ contact list ကိုပို့ပြီးသည့်အခါ ယင်း List ကို မိမိသုံးနေသော device များနှင့် အီးမေး account များထဲသို့ sync လုပ်နိုင်ပါပြီ။ iOS device များတွင် sync လုပ်ရန်အတွက် setting application နေရာတွင် တစ်ချက် ခေါက်ပါမည်။ ပြီးလျှင် Mail> Contacts > calendar အတိုင်းဝင်ပါမည်။ ပြီးလျှင် add account နေရာ၌ တစ်ချက်ခေါက်ပါမည်။ ယင်းနောက် Exchange နေရာတွင် တစ်ချက်ခေါက်ကာ outlook.com အီးမေးလိပ်စာနှင့် password ထည့်ပေး ပါမည်။ account သစ်အတွက် နာမည်တစ်ခုပေးနိုင်ရာ Master Contacts list ဟုပေးပါမည်။

Sync လုပ်ငန်းအတွင်း server name ထည့်ပေးရန် ပြောလာခဲ့လျှင် m.hotmail.com ဟု ထည့်ပေးပါမည်။ သက်ဆိုင် ရာ နေရာများတွင် အီးမေး လိပ်စာနှင့် password တို့ကို ထည့်ပေးရပါမည်။ ယင်းနောက်တွင် mail ၊ Contacts စသည်တို့ အတွက် Slider ကိုမြင်ရပါမည်။ Mail မသုံးသေးသဖြင့် ယင်းကို Off လုပ်ထားပါမည်။ Contact ကို ချန်ထားပါမည်။ ယင်းနောက် Save ကိုနှိပ်ပါမည်။ နောက်တစ်ဆင့်တွင် iPhone ပေါ်ရှိ Home button တွင် တစ်ချက် နှိပ်ပါမည်။ Contacts app ကို ဖွင့်ပါမည်။ Group တွင် တစ်ချက် ခေါက်ပါမည်။ ပြီးလျှင် မိမိ၏ contact list အသစ်အတွက် အမည်ပေးပါမည်။ အခြား Group အားလုံးကို အမှန် ခြစ်ဖြုတ်ရပါမည်။ ပြီးလျှင် Done ကို နှိပ်ပါမည်။ ယင်း Contact list သည် မိမိ၏ master contacts list ထဲသို့ အလိုအလျောက် ပေါင်းထည့်သွားပါမည်။ လုပ်ငန်းစဉ်တစ်လျှောက်လုံး အင်တာနက်ချိတ်ဆက်ထားရန် လိုအပ်ပါသည်။ Android device တွင် Setting>accounts သို့ဝင်ပြီး add account ကိုရွေးပါ။ Exchange ကို ထပ်ရွေးပါ။ မိမိ၏ outlook.com အီးမေးလိပ်စာထည့်ပေးပါ။ ပြီးလျှင် manual setup ၌ တစ်ချက်ခေါက်ပေးပါ။ Exchange ကိုရွေးပါ။ Next ကို တစ်ချက် ခေါက်ပါ။ Password ဖြည့်ပါ။ Incoming server setting screen သို့ရောက် သည့်အခါ server field ထဲရှိ outlook.com ကို ဖျက်ပါ။ m.hotmail.com ကို ယင်းနေရာတွင် ရိုက်ထည့်ပါ။ Next ကိုခေါက်ပါ။

Account options screen ကိုရောက်လျှင် Notify me when emails arrive ၊ Sync emails from this account ၊ Auto matically download attachments when connected to wi-fi စာသားများဘေးမှ အမှန်ခြစ်ဖြုတ်ပါ။ ပြီးလျှင် Next နှစ်ကြိမ်ဆက်ပြီးနှိပ်ပါ။ ပြီးလျှင် Contacts app ကိုဖွင့်ပါ။ အပေါ် ညာဘက်ထောင့်မှ အစက်သုံးစက်နေရာတွင်တစ်ချက် နှိပ်ပါ။ ပြီးလျှင် contacts to display ကိုသွားပါ။ master account ထဲတွင် ရှိသော Contact တို့ကို မြင်ရအောင် Exchange ကိုရွေးပါ။ ယခုအချိန်မှစပြီး Android device ၏ contact list ထဲတွင် လုပ်သမျှအပြောင်းအလဲတို့သည် အခြား device များပေါ်တွင် လိုက်၍ sync လုပ်ပါမည်။



ဧဧသက်(ဖြိုးဓနဒစ်ဂျစ်တယ်ဓာတ်ပုံ)

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com