1/15/2017

♪ “ပီစီများကနေ Facebook မှာ Live လွှင့်နိုင်ပြီ” ♫

No automatic alt text available.

Facebook မှာ Live Video များလွှင့်ဖို့အတွက် စမတ်ဖုန်း ၊ တက်ဘလက်များ မလိုအပ်တော့ပါဘူး။ ပီစီများကနေ Live လွှင့်ဖို့အတွက်လည်းLive API က တစ်ဆင့် ရှုပ်ထွေးတဲ့ Set Up များလုပ်ဖို့ မလိုအပ်တော့ပါဘူး။ ပီစီများကနေ လွယ်ကူစွာ Live လွှင့်နိုင်တဲ့ စွမ်းဆောင်ချက်ကို Facebook က စတင် ထည့်သွင်းပေးလိုက်ပါပြီ။

ဒါပေမယ့် Pages များအတွက်သာ ယခုဝန်ဆောင်မှုကို အသုံးပြုနိုင်တာ ဖြစ်ပြီးပရိုဖိုင်များအတွက်တော့ မရရှိသေးပါဘူး။ ယခင်တုန်းကတော့ ပီစီများကနေ Live လွှင့်ချင်ရင် Facebook Live API ကိုအသုံးပြုရတာ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းများဟာပီစီများမှာအဆင့်မြင့် ကင်မရာများတပ်ဆင်၍ Live ထုတ်လွှင့်ကြတဲ့အတွက် ယခုစွမ်းဆောင်ချက်အသစ်ဟာပိုမိုအရည်အသွေး ပြည့်ဝတဲ့ Live Video များကိုFacebook မှာ မြင်တွေ့ ရစေမှာ ဖြစ်ပါတယ်။ လူအများစုကတော့ စမတ်ဖုန်းကိုသာဆက်လက်အသုံးပြုနေဦးမှာဖြစ်ပါ တယ်။ ဒါပေမယ့် Facebook ရဲ့ Live Video Platform ကို Device မျိုးစုံကနေ အသုံးပြုနိုင်တာကအဆင်ပြေစေပါတယ်။

Facebook က Admin ခန့်အပ်စရာမလိုဘဲလူတစ်ဦးအား Live Contributor အဖြစ် ပါဝင်စေနိုင်တဲ့ စွမ်းဆောင်ချက်ကိုလည်းကြေညာလိုက်ပါတယ်။ အဲဒီ စွမ်းဆောင်ချက်ဟာမီဒီယာသမားများအတွက် အသုံးဝင်ပြီးမျက်စိရှေ့မှာ ဖြစ်ပွားနေတဲ့ အရာများကို Admin မဟုတ်တဲ့ သတင်းသမားများက Live လွှင့်နိုင်မှာဖြစ်ပါတယ်။


လူတစ်ဦးအား Live Contributor အဖြစ် ခန့်အပ်ဖို့ Page Settings ထဲမှ Page Roles ကဏ္ဍမှာသူ့ရဲ့ အမည် သို့မဟုတ် အီးမေးကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ Contributor က အဲဒီ Page မှ Go Live Button ကို နှိပ်၍ Live လွှင့်နိုင်ပါတယ်။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com