1/15/2017

♪ “Alcatel က တန်ဖိုးနည်း A3 XL ကို ကြေညာ” ♫

Image may contain: phone

Alcatel က တန်ဖိုးနည်း စွမ်းရည်သင့် စမတ်ဖုန်းအသစ်တစ်လုံးကို မိတ်ဆက် လိုက်ပါတယ်။ Alcatel A3 XL လို့ အမည်ပေးထားပြီး ၆ လက်မ IPS LF Display တပ်ဆင်ထားပါတယ်။ Alcatel A3 XL မှာ MediaTek Quad-Core Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။

1GB RAM, 8GB Internal Storage တပ်ဆင်ထားပါတယ်။ 32GB အထိ ၀င်ဆန့်တဲ့ microSD Card စိုက်နိုင် ပါတယ်။ အနောက်ဘက်မှာ 8MP Camera နဲ့ LED Flash တစ်လုံးကို တပ်ဆင် ထားပြီး ကင်မရာက HD Video များကို ရိုက်ကူးနိုင်ပါတယ်။

အရှေ့ဘက် 5MP Camera ကလည်း HD Video များကို ရိုက်ကူးနိုင်ပါတယ်။ WiFi n, GPS, Bluetooth 4.2, OTG ဆက်သွယ်မှုများကို ထောက်ပံ့ပေးပါတယ်။ 3000mAh Battery, Android Nougat ထည့်သွင်းထားပြီး ဈေးနှုန်းကို မသိရသေးပါဘူး။



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com