1/03/2017

♪ ၂၀၁၇ ခုနှစ် နောက်ပိုင်းမှာ ပေါ်ပေါက်လာမယ့် စိုးရိမ်စရာ Technology Trends ၅ ခု ♫


ဥာဏ်ရည်တု နည်းပညာ (AI) ဟာ ဆန်းသစ်တဲ့ နည်းပညာဖြစ်ပြီး လူသားများကို များစွာ အကျိုးပြုလာမှာ ဖြစ်ပါတယ်။ အကျိုးကျေးဇူးနဲ့ ဒွန်တွဲပြီး AI ဟာ လူသားတွေကို ခြိမ်းခြောက်လာမယ့် အရိပ်အရောင်တွေလည်း တွေ့နေရပါတယ်။ အောက်မှာတော့ ၂၀၁၇ ခုနှစ်နဲ့ နောက်ပိုင်းမှာ လူသားတွေအတွက် စိုးရိမ်ရတဲ့ Technology Trends ၅ ခုကို ဖော်ပြလိုက်ပါတယ်။
၁။ စက်ရုပ်နဲ့ ဥာဏ်ရည်တု နည်းပညာဟာ လူသားတွေရဲ့ အလုပ်အကိုင်များကို လုယူတော့မှာ ဖြစ်ပါတယ်။
လူတွေရဲ့ အလုပ်များကို လုပ်နိုင်တဲ့ စက်ရုပ်များကို ထုတ်လုပ်နေကြပါပြီ။ တွက်ချက်မှုများအရ အလုပ်များရဲ့ ၃၅ နဲ့ ၅၀ ရာခိုင်နှုန်းကို စက်ရုပ်တွေက လုယူကြတော့မှာပါ။ ရှေ့နေတွေ၊ ရောဂါရှာဖွေရေး ဆရာဝန်တွေနဲ့ ဖောက်သည်ဝန်ဆောင်မှု အလုပ်တွေကိုတော့ အရင်ဆုံး လုယူခံကြရမှာပါ။ ကျန်ရှိမယ့် အလုပ်တွေထဲမှာ အဆင့်မြင့်ပညာ တတ်ကျွမ်းသူများနဲ့ တီထွင်ဖန်တီးမှု ကောင်းသူများ ပါဝင်မှာပါ။ အလုပ်လုပ်မဲ့ ဖြစ်မယ့် လူတွေ လုပ်လို့ရမယ့် အလုပ်တွေကို စတင် စဉ်းစားသင့်နေပါပြီ။

၂။ နည်းပညာက လူသားတွေရဲ့ သက်တမ်းကို တိုးမြှင့်ပေးမည်။

AI ကို ဆေးဝါးပညာနဲ့ မျိုးရိုးဗီဇ နည်းပညာများဖြင့် ပေါင်းစပ်လိုက်ရင် လူသားတွေဟာ သေတော့မှာ မဟုတ်ပါဘူး။ အနည်းဆုံးတော့ လူ့သက်တမ်း ကြာရှည်လာမှာပါ။ ဒါဟာ ကောင်းတယ်လို့ ထင်ရပေမယ့် စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းမှာ ပြဿနာတွေ ဖြစ်လာမှာပါ။ ကမ္ဘာ့ လူဦးရေဟာ တစ်ရှိန်ထိုး တိုးတက်လာမှာ ဖြစ်ပြီး ကမ္ဘာအ၀န်းမှ သယံဇာတ အရင်းအမြစ်တွေဟာလည်း အလွန် လျှင်မြန်စွာ ကုန်ဆုံးတော့မှာပါ။ အစိုးရက ပင်စင်ယူရတဲ့ အသက်အရွယ်နဲ့ ပင်စင်လစာများကိုလည်း ပြန်လည် တွက်ချက်ရတော့မှာပါ။ ကျန်းမာရေးအတွက် ရေရှည်စောင့်ရှောက်ရတဲ့ အတွက် အထောက်အကူပစ္စည်း၊ ငွေကြေးတွေ ပိုမိုလိုအပ်လာမှာပါ။
၃။ ဒေတာတွေကို ဘယ်သူတွေက ထိန်းချုပ်ကြမလဲ?
နည်းပညာ အဆင့်မြင့်လာတာနဲ့အမျှ ငွေပေးငွေယူမှုတွေက အစ အရာအားလုံးကို ဒစ်ဂျစ်တယ်နည်းဖြင့် ပြုလုပ်ရတော့မှာ ဖြစ်ပါတယ်။ စာအုပ်ဖတ်တာ၊ ကားမောင်းတာ၊ ဈေးဝယ်တာ စတဲ့ လူသားတွေရဲ့ ဒေတာအားလုံးကို ကုမ္ပဏီတွေ၊ နည်းပညာကျွမ်းကျင်သူတွေနဲ့ ဟက်ကာတွေက ထိန်းချုပ်လာကြတော့မှာ ဖြစ်ပါတယ်။ ဒါဟာလည်း အလွန် စိုးရိမ်စရာကောင်းတဲ့ အချက်ပါ။
၎။ ဗဟိုထိန်းချုပ်မှု ပေါ်လာမည်။
ဥာဏ်ရည်တု နည်းပညာဟာ အလုပ်လက်မဲ့များစွာကို ပေါ်ပေါက်စေမှာ ဖြစ်သလို ကျွမ်းကျင်လုပ်သား ရှားပါးမှုနဲ့ ကြုံတွေစေမှာပါ။ လူသားဦးရေ အဆမတန် များပြားလာမှုကြောင့် ထုတ်ကုန်များစွာကို ထုတ်လုပ်ရတဲ့အတွက် ကျွမ်းကျင်လုပ်သား ရှားပါးလာပြီး လုပ်ငန်းများ ရပ်ဆိုင်းသွားနိုင်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ လုပ်ငန်းရှင်များ ပျောက်ကွယ်သွားပြီး ဗဟိုထိန်းချုပ်မှု စနစ်ပေါ်ပေါက်လာနိုင်ပါတယ်။ အဲဒီအတွက် အခွင့်အရေးများ၊ လုပ်ခလစာများကို ညီတူညီမျှ ရရှိသွားနိုင်ပါတယ်။
၅။ ဒေတာများ ခိုးယူခံရနိုင်ပါတယ်။
အခုလတ်တလောမှာပဲ ရုရှားက အမေရိကန် သမ္မတ ရွေးကောက်ပွဲကို Hack ခဲ့တာ၊ ၂၀၁၃ ခုနှစ်မှာ Yahoo အကောင့် ဘီလီယံနဲ့ချီပြီး ဒေတာတွေ ပေါက်ကြားခဲ့တာ စတဲ့ သတင်းတွေကို တွေ့နေရပါတယ်။ လအနည်းငယ် အကြာကပဲ ဟက်ကာ IOT Device များကို သုံးပြီး အင်တာနက် ၀က်ဆိုက်များစွာကို ဒေါင်းစေခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဒေတာများကို ဒစ်ဂျစ်တယ်နည်းဖြင့် သိမ်းလာကြတဲ့အတွက် ခိုးယူခံရမယ့် အခွင့်အရေးများလာပါတယ်။ ဟက်ကာများ၊ ကုမ္ပဏီများနဲ့ အစိုးရများက ကျွန်တော်တို့ရဲ့ ဒေတာများကို ခိုးယူလာနိုင်ပါတယ်။ သင့်မှာ ဥပဒေနဲ့ မလွတ်ကင်းတဲ့ ဖုံးကွယ်ထားစရာ ဒေတာများ မရှိဘူးဆိုပေမယ့် သင့်ရဲ့ ကျန်းမာရေး မှတ်တမ်းကို ခိုးဖတ်ပြီး သင်လျှောက်ထားတဲ့ အလုပ်ကို ငြင်းဆိုနိုင်ပါတယ်။ သင့်ရဲ့ ယာဉ်တိုက်မှု မှတ်တမ်းကို ခိုးကြည့်ပြီး သင့်ကို အာမခံ မပေးဘဲ နေနိုင်ပါတယ်။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com