1/03/2017

♪ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး ဂိမ်းများ ♫


နှစ်စဉ်နှစ်တိုင်း ဂိမ်းအသစ်များစွာ ထွက်ပေါ်နေတဲ့ အတွက် သင့် အကြိုက် အကောင်းဆုံး ဂိမ်းကို ရှာဖွေရတာ ခက်ခဲပါတယ်။ ဗီဒီယို ဂိမ်းလောကဟာ ရွေးချယ်စရာ များပြားပါတယ်။ Third-Person Shooter Game ကစားချင်ရင်တော့ Quantum က သင့်ကို စိတ်ကျေနပ်စေမှာပါ။ အားကစားဂိမ်း နှစ်သက်သူများအတွက် MLB 2016 ကို ရွေးချယ်နိုင်ပါတယ်။ ဂိမ်းပေါင်းများစွာထဲကမှ ဒီလို အကောင်းဆုံး ဂိမ်းတွေကို ရွေးချယ်ရတာ ဂိမ်းဝါသနာရှင်များအတွက် ခက်ခဲမှာပါ။ အဲဒီအတွက် ဂိမ်းဝါနာရှင်များ ရွေးချယ်နိုင်အောင် ၂၀၁၆ ခုနှစ်ရဲ့ အကောင်းဆုံး ဂိမ်းများကို ရေးသားပေးလိုက်ပါတယ်။

The Witness ( PS4, PC )
1

ပဟေဌိဆန်ဆန် ကစားရတဲ့ ဂိမ်းတွေထဲမှာ The Witness က အကောင်းဆုံး ဖြစ်ပါတယ်။ နာမည်ကျော် ဗီဒီယို ဂိမ်း ဒီဇိုင်နာ Jonathan Blow က ၇ နှစ်ကြာ အချိန်ယူ ဖန်တီးခဲ့ရတာ ဖြစ်ပါတယ်။ ဂိမ်းရဲ့ ပဟေဌိများဟာ အလွန် စိတ်ဝင်စားစရာကောင်းပါတယ်။ ဇာတ်ဝင်ခန်းများနဲ့ ရှုခင်းများဟာလည်း အလွန်လိုက်ဖက်ပါတယ်။

Far Cry Primal ( PS4, Xbox One, PC )
2

ဆန်းသစ်တဲ့ ရှုခင်းများကို ခံစားချင်ရင်တော့ Far Cry Primal ကို ကစားပါ။ Open-World , First-Person Shooter Game ဖြစ်ပြီး ကျောက်ခေတ်ကို နောက်ခံထားထားပါတယ်။ First-Person Shooter Game ကို အစပိုင်းမှာ သေနတ်မပါဘဲ ကစားရတာ ခက်ခဲပါတယ်။ နောက်ပိုင်းမှာတော့ သေနတ် ၊ခေတ်ပေါ် ဆေးဝါးများ၊ စမတ်ဖုန်းများကို အသုံးပြု ကစားနိုင်မှာပါ။

Firewatch ( PS4, PC)
3

Firewatch ဟာ အခြား ဂိမ်းများနဲ့ ကွဲပြားပြီး ဂိမ်းကစားရတဲ့ အခန်း မပါသလောက်ဖြစ်ပါတယ်။ တကယ်တော့ သူဟာ Walking Simulator တစ်ခုဖြစ်ပြီး တောမီးများကို နာရီကြည့်၍ လိုက်ရှာရတဲ့ Fire-Watcher တစ်ယောက်အနေဖြင့် ကစားရမှာ ဖြစ်ပါတယ်။

Pokken Tournament ( Wii U)
4

Pokemon Game ဇာတ်ကောင်ကို အခြေပြုထားတဲ့ တိုက်ခိုက်ရတဲ့ ဂိမ်း ဖြစ်ပါတယ်။ သူ့မှာ ရှုပ်ထွေးတဲ့ လက်နက်များ စွမ်းရည်များကို အသုံးပြု တိုက်ခိုက်ရပါတယ်။ Command များဖြင့် အကောင်များကို ထိန်းချုပ်ရတဲ့အစား ကွင်းထဲမှာ တကယ် တိုက်ခိုက်ရပါတယ်။

MLB 16 The Show (PS4)
5

အားကစားဂိမ်းများစွာ ရှိပေမယ့် MLB 16 The Show ဟာ အကောင်းဆုံး ဖြစ်နေတဲ့ အချက်မှာ အလွန်ကောင်းမွန်တဲ့ Road to Show Mode ကြောင့် ဖြစ်ပါတယ်။ အောင်ပွဲတွေရအောင် Mode က လမ်းညွှန်ပေးနိုင်ပါတယ်။ ထိန်းချုပ်ကစားရတာလည်း ညက်ညောပြေပြစ်ပါတယ်။ Tutorial များက ပိုကောင်းလာပြီး ယခင်မျိုးဆက်များထက် ပိုတိကျလာပါတယ်။

Dark Souls 3 ( PS4, Xbox One, PC)
6

Dark Souls 3 ဟာ လျှင်လျှင်မြန်မြန် ကြမ်းကြမ်းတမ်းတမ်း ကစားရတဲ့ ဂိမ်း ဖြစ်ပါတယ်။ Save Points များဟာ နည်းပါးပြီး တစ်ခုနဲ့ တစ်ခုကြားမှာ အချိန်များစွာ ယူရပါတယ်။ ရန်သူတွေကလည်း မျှားတစ်ချောင်းထဲလောက်နဲ့ သင့်ကို သတ်နိုင်ပါတယ်။ တိုက်ပွဲတိုင်းမှာ ဂရုတစိုက်ကစားရမှာပါ။ မဟုတ်ရင်တော့ အခန်းတစ်ခုကို ကျော်ဖြတ်ဖို့ မလွယ်ပါဘူး။

Quantum Break (Xbox One, PC)

7

ဒီနှစ်ရဲ့ အံ့သြစရာ အကောင်းဆုံးက Quantum Break ပါ။ သူဟာ Netflix အရည်အသွေး တီဗီဒရာမာနဲ့ Xbox အရည်အသွေး ဂိမ်းကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ ပေါင်းစပ်ထားမှုက အလွန် အထင်ကြီးစရာ ဖြစ်ပါတယ်။

Uncharted 4: A Thief’s End
8

ဒီဂိမ်း မထွက်ရှိတာ ကြာပြီ ဖြစ်ပေမယ့် ယခုနှစ်ရဲ့ အကောင်းဆုံး ဂိမ်းတစ်ခု ဖြစ်ပါတယ်။ သူဟာ Naughty Dog’s ရဲ့ စွန့်စားခန်း စီးရီးများ နီးနီးလောက် ကောင်းမွန်ပါတယ်။ အရည်အသွေးမြင့်မားတဲ့ ဂိမ်းတစ်ခုဆိုတာ ငြင်းလို့ မရပါဘူး။

Overwatch (PS4, Xbox One, PC)
9

Overwatch ဟာ အဖွဲ့လိုက် ကစားရတဲ့ ဂိမ်း ဖြစ်ပြီး World of Warcraft နဲ့ ဆင်တူပါတယ်။ ဇာတ်ကောင်များကတော့ အလွန် ကွဲပြားပါတယ်။ ခလုတ်တစ်ခု နှိပ်လိုက်တိုင်း ဇာတ်ကောင်များရဲ့ ဖန်ရှင်များဟာ ပြောင်းလဲသွားပါတယ်။ သူဟာ Unreal Tournament ရဲ့ နောက်ပိုင်းမှာ ထွက်တဲ့ အကောင်းဆုံး First-Person Shooter Game တစ်ခုပါ။

Mirror’s Edge Catalyst (PS4, Xobx One, PC)
10

First-Person Action Game ဖြစ်ပြီး တိုက်ခိုက်ရတာ အလွန် ပျော်စရာ ကောင်းပါတယ်။ တိုက်ပွဲ ရှုခင်းများကလည်း အလွန်ကောင်းမွန်ပါတယ်။ ဇာတ်ကောင်နဲ့ ဇာတ်လမ်းဟာ အရမ်း မကောင်းပေမယ့် ဒီနှစ်ရဲ့ အကောင်းဆုံး ဂိမ်းထဲမှာ ပါဝင်သင့်ပါတယ်။

LEGO Star Wars: TFA (PS4, Xbox One, PC)
11
ဒီနေ့အချိန်အထိ ထွက်သမျှ LEGO ဂိမ်းထဲမှာ LEGO Star Wars : TFA က အကောင်းဆုံး ဖြစ်ပါတယ်။ အာကာသ တိုက်ပွဲနဲ့ First-Person Shooting တို့လို စွမ်းဆောင်ချက် အသစ်များကို ထည့်သွင်းပေးထားပါတယ်။ အက်ရှင်ခန်းများနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ပဟေဌိများ ပါလာပါတယ်။
Pokemon Go ( Apple iOS , Android )
12

တစ်လကျော်အတွင်းမှာ Pokemon Go ဟာ သန်း ၂၀၀ ကျော် ၀င်ငွေရခဲ့ပါတယ်။ စတင်ထွက်ရှိတဲ့ ဇူလိုင်လ အစောပိုင်းကတည်းက လူတွေက သူ့အကြောင်းပဲ ပြောနေကြတာ ဖြစ်ပါတယ်။ ပိုကီမွန်အကောင်များကို ပြင်ပကမ္ဘာမှာ ရှာဖွေဖမ်းဆီးရတဲ့ Augmented Game ဖြစ်ပါတယ်။

Monster Hunter Generations (Nintendo 3DS)
13

ဒီဂိမ်းက မကစားဖူးသူတွေတောင် ကစားနိုင်ပါတယ်။ အကောင်ကြီးတွေကို လိုက်ရှာပြီး သတ်ရတာ ဖြစ်ပါတယ်။ မသတ်ချင်ရင်လည်း ဖမ်းဆီးထားနိုင်ပါတယ်။ အရွယ်အစားအလွန်ကြီးမားတဲ့ အကောင်ကြီးတွေနဲ့တိုက်ခိုက်ရမှာဖြစ်ပြီး ပေ ၆၀ လောက်အရပ်မြင့်တဲ့ အကောင်ကြီးတွေတောင် ပါဝင်ပါတယ်။

No Man’s Sky (PS4, PC)
14

No Man’s Sky ဟာ အကောင်းဆုံး စကြဝဠာ စူးစမ်းလေ့လာရတဲ့ Open Game ဖြစ်ပါတယ်။ ဇာတ်လမ်းက တိုပြီး ပတ်ဝန်းကျင်မှ အရာများကို ပြည့်စုံစွာ ရှင်းပြထားခြင်းတော့ မရှိပါဘူး။ အာကာသ ခရီးသွားချင်သူများနဲ့ စူးစမ်းလေ့လာချင်သူများအတွက် သင့်တော်ပါတယ်။



Credit to ==> Digital Times
 

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com