1/15/2017

♪ “စမတ်ဖုန်းကနေဗီဒီယိုများကိုတည်ငြိမ်စွာရိုက်ကူးပေးမယ့် Steadicam Volt” ♫

Image may contain: one or more people and text

Steadicam ရဲ့ ကင်မရာဟာ ဟောလီးဝုဒ်မှာတော့ ရေပန်းစားပါတယ်။ အခုတော့ သူ့ရဲ့ နာမည်ကျော် ဗီဒီယိုနည်းပညာကိုစမတ်ဖုန်းများအတွက် ဖန်တီးပေးလိုက်ပါပြီ။ Steadicam Volt Smartphone Stabilizer ဟာ စမတ်ဖုန်း ကနေဗီဒီယိုများရိုက်ကူးတဲ့အခါမှာတည်ငြိမ်အောင် ပြုလုပ်ပေး နိုင်ပါတယ်။ သူ့ကိုထုတ်လုပ်တဲ့ မိခင်ကုမ္ပဏီTiffenဟာလက်ရှိမှာKickstarter ၀က်ဆိုက်မှာ ရန်ပုံငွေ ကောက်ခံနေပါတယ်။

သူဟာ DJI ရဲ့ OsmoStabilizing System နဲ့ ဆင်တူတဲ့ လက်နဲ့ကိုင်ရတဲ့ ကိရိယာ ဖြစ်ပါတယ်။ သူ့မှာရိုက်ချက်များကိုတည်ငြိမ်စေဖို့အတွက် အီလက်ထရောနစ် မော်တာစနစ်ကိုအသုံးပြုထားပါတယ်။ သူ့ကို Drone ထုတ်လုပ်တဲ့ Yuneecကုမ္ပဏီနဲ့ ပူးပေါင်းဖန်တီးခဲ့တာ ဖြစ်ပေမယ့် Yuneecရဲ့ ပါဝင်မှု အခန်းကဏ္ဍကိုမသိရပါဘူး။

Steadicam က Osmoလိုအဆင့်မြင့် အာရုံခံစနစ်ကို Dual System က ပံ့ပိုးပေးတယ်လို့ ပြောပါတယ်။ Tiffen က ယခင်ကလည်းSteadicam Smoothee အမည်ရ Smartphone Camera Stabilizer ကိုရောင်းချခဲ့ဖူး ပါတယ်။

Steadicam Volt ကိုKickstarterကနေဒေါ်လာ ၁၃၉ ဖြင့် ကြိုတင်မှာယူနိုင်ပြီး ရောင်းချချိန်မှာ ၀ယ်ယူရင်တော့ ၁၉၉ ဒေါ်လာကျသင့်မှာ ဖြစ်ပါတယ်။ ပထမဆုံးအသုတ်ကိုလာမယ့် ဇွန်လမှာရောင်းချမယ် လို့ မျှော်လင့်ရပါတယ်။ 




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com