1/15/2017

♪ တန်ဖိုး - 142,000 - Xiaomi Redmi 3X ရဲ့ အားသာချက် ၊ အားနည်းချက် ၊ နည်းပညာ ၊ သုံးသပ်ချက်များ ♫


တန်ဖိုး - 142,000
အားသာချက်
သက်သာတဲ့ ဈေးနှုန်းနဲ့ သင့်တင့်တဲ့ မှတ်ဉာဏ်၊ ကင်မရာတွေ ပါဝင်နေခြင်းဟာ ဒီဖုန်းရဲ့ အားသာချက်တစ်ခု လိုပါပဲ။ ဒါ့အပြင် Fingerprint စနစ်ကိုလည်း အသုံးပြုနိုင်ပါတယ်။ CPU နဲ့ GPU စနစ်တွေဟာလည်း သင့်တင့်ကောင်းမွန် နေတဲ့အပြင် ဖုန်းရဲ့ MIUI ကိုလည်း မြှင့်တင်အသုံးပြု နိုင်တဲ့အပြင် ဖုန်းမှာပါဝင်တဲ့ ဘက်ထရီဟာလည်း ပါဝါသိုလှောင်နိုင်မှု ပမာဏ မြင့်မားတဲ့အတွက် ဖုန်းကို အချိန်ကြာမြင့်စွာ အသုံးပြုနိုင် မှာပါ။

အားနည်းချက်
Dual Sim ဖုန်းဖြစ်ပေမယ့် Sim ကတ်တစ်နေရာဟာ SD Card နဲ့ အတူ တွဲထားတာကြောင့် SD Card ကိုအသုံးပြုမယ်ဆိုရင်တော့ Sim Card တစ်ကတ်ပဲ အသုံးပြုနိုင်မှာပါ။

ဒီဇိုင်း
ပုံစံဒီဇိုင်းကတော့ အနည်းငယ် ရိုးရှင်းတဲ့ ပုံစံမျိုးရှိနေပြီး နောက်ဘက် ကာဗာကို အနားခုံး ပုံစံမျိုး ပြုလုပ်ပေး ထားပါတယ်။ ဖုန်းကိုယ်ထည်ရဲ့ ဘေးဘောင်က သတ္တုကိုယ်ထည် ဘေးဘောင်ဖြစ်ပြီး  နောက်ဘက် ကာဗာရဲ့ အပေါ်ဘက်မှာ ကင်မရာနဲ့ Fingerprint ကိုတပ် ဆင်ပေးထားပြီး အောက်ဘက်မှာတော့ စပီကာကို တပ်ဆင်ပေးထားပါတယ်။

ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၃.၉၃ စင်တီမီတာနဲ့ ဘေးတိုက်အကျယ်ကတော့ ၆.၉၆ စင်တီမီတာရှိ ပါတယ်။ ထုထည်ကတော့ ၀.၈၅ စင်တီမီတာဖြစ်ပြီး အလေးချိန်ကတော့ ၁၄၄ ဂရမ်ပါ။

မြင်ကွင်း
၅.၀ လက်မရှိတဲ့ IPS LCD Screen ဖြစ်ပြီး Screen Resolution ကတော့ 720 x 1280 Pixels (~294 ppi pixel density) ထိရှိမှာပါ။

နည်းပညာ
တန်ဖိုးသင့်တင့်ပြီး ဈေးနှုန်းသက်သာတဲ့ ဖုန်းအမျိုးအစား တစ်ခုဖြစ်တဲ့အတွက် ထူးခြားဆန်းသစ်တဲ့ နည်းပညာ အသစ်အဆန်းတွေကို မြင်တွေ့ရမှာ မဟုတ်ပါဘူး။ ဖုန်းရဲ့ MIUI ဟာ 7.3 နဲ့ ထွက်ခဲ့တာဖြစ်ပေမယ့် MIUI 8 ကိုတင်ပြီး သုံးနိုင်မှာ ဖြစ်တဲ့အတွက် MIUI 8 မှာပါဝင်တဲ့ စနစ်တွေဖြစ်တဲ့ Quick Touch စနစ်လိုမျိုး Touch Icon ပေါ်မှာ Home, Back, Menu, Lock, Screenshot အစရှိတာတွေကို လွယ်ကူလျှင်မြန်စွာ အသုံးပြုနိုင်မယ့် Quick Ball ဆိုတဲ့စနစ်၊ ပုံမှန် Screenshot စနစ်အပြင် ရှည်လျားတဲ့ မြင်ကွင်းတွေအတွက် Scroll Screenshot စနစ်၊ App တွေကို နှစ်ခုခွဲ ပြီးအသုံးပြုနိုင်တဲ့ Dual apps ဆိုတဲ့ စနစ်တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံငုံ သုံးသပ်ကြည့်မယ်ဆိုရင်တော့ Redmi 3X ဟာ Redmi 3S နဲ့ သိပ်မကွာလှပါဘူး။ Screen Resolution ပိုင်းမှာ Full HD မဟုတ်ပဲ ပုံမှန် HD ကိုသာ အသုံးပြုနိုင်မှာ ဖြစ်ပေမယ့် ဈေးနှုန်းအရ ကြည့်မယ်ဆိုရင်တော့ တန်ဖိုးသင့် ဖုန်းအမျိုးအစား တစ်ခုဖြစ်နေတဲ့အတွက် ငွေကြေးချွေတာ လိုသူတွေအနေနဲ့ ရွေးချယ်နိုင်မဲ့ ဖုန်းတစ်ခု ဖြစ်နိုင်ပါတယ်။ MIUI 7.3 ပဲ အသုံးပြုမယ် ဆိုရင်လည်း မြန်မာစာက အခက်အခဲ မရှိနိုင်သလို ပိုကောင်းတဲ့ စနစ်တွေနဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုချင်တယ် ဆိုရင်တော့ MIUI 8 ကိုတင်သင့်ပါတယ်။ ဈေးနှုန်း တစ်သိန်းကျော်နဲ့ Fingerprint အပါအဝင် သင့်တင့်တဲ့ မှတ်ဉာဏ်ပမာဏ၊ ကောင်းမွန်တဲ့ ကင်မရာ စနစ်တွေကို အသုံးပြုနိုင် ပါလိမ့်မယ်။ ဖုန်းမှာပါဝင်တဲ့ ဘက်ထရီကလည်း ကောင်းမွန်ပါတယ်။


Network        GSM - 2G/ 3G/ 4G
SIM            Dual SIM (Micro & Nano Sim Dual Standby)
OS             Android OS, v6.0.1
CPU           Octa-core 1.4 GHz Cortex-A53
GPU           Adreno 505
Memory      Internal 32GB, 2GB RAM , Micro SD 256GB
Camera      13 MP, f/2.0, phase detection autofocus, LED flash, Geo-tagging, touch focus, face/
                   smile detection, HDR, panorama, Video, Front 5 MP, f/2.2, 1080p
Wi-Fi           Wi-Fi 802.11 b/g/n, Wi-Fi Direct, hotspot
Bluetooth     v4.1, A2DP
Battery        Li-Ion 4100 Battery





သူတို့အမြင်
ကိုထွန်းထွန်း (စမ်းသပ်အသုံးပြုသူ)
သူ့ရဲ့ဈေးနှုန်းနဲ့ Specification ကိုကြည့်မယ် ဆိုရင်တော့ တန်ပါတယ်လို့ပဲ ပြောရမယ်။ ကင်မရာကလည်း 13 Megapixels ဆိုတော့ မဆိုးပါဘူး။ MIUI 8 ကိုတင်ပြီး သုံးလို့ရမယ်။ အလေးချိန်လေးကလည်း မဆိုးပါဘူး ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေပါတယ်။ သူ့ရဲ့ Specification က Xiaomi ရဲ့ Redmi3 Pro နဲ့ သိပ်မကွာလှဘူးလို့ ထင်တယ်။ ဒါပေမယ့် ဈေးကတော့ Redmi 3Pro ထက် သက်သာနေတာ တစ်ခုကလည်း သုံးတဲ့သူတွေအတွက် ရွေးချယ်စရာတစ်ခုလို ဖြစ်နိုင်ပါတယ်။ ဖုန်းမှာရှိနေတဲ့ အချက်အလက်တွေ အားလုံးကတော့ အဆင်ပြေတယ်လို့ ပြောလို့ရသလို ဈေးနှုန်းနဲ့ သုံးနိုင်တဲ့ ဖုန်းစနစ်တွေကလည်း မဆိုးဘူးလို့ပဲ ပြောရမှာပဲ။

မမီမီဆန်း (စမ်းသပ်အသုံးပြုသူ)
Redmi 3 Pro နဲ့ သိပ်မကွာလှပါဘူး။ ဈေးကတော့ တော်တော်လေး အဆင်ပြေတယ်လို့ ပြောလို့ရတယ်။ Redmi 3 Pro စထွက်တုန်းက ၂ သိန်းနား နည်းနည်းနီးတယ်။ ဖုန်းရဲ့ Specification ပိုင်းကိုကြည့်မယ် ဆိုရင်လည်း အဆင်ပြေပါတယ်။ ဒါပေမယ့် Redmi 3 Pro ထက် RAM ပိုင်းမှာ အနည်းငယ် နည်းပေမယ့် ဂရပ်ဖစ် GPU ပိုင်းမှာတော့ ဒီဖုန်းက ပိုကောင်းတာ တွေ့ရတယ်။ သူ့ဈေးနဲ့ သူ့ဟာသူကတော့ မဆိုးဘူးပြောရမယ်။ ဒီဈေးနှုန်းနဲ့ Fingerprint လည်းပါတယ်၊ ကင်မရာလည်း အဆင်ပြေတယ်ဆိုတော့ ရွေးချယ်နိုင်စရာ တစ်ခုဖြစ်မှာပါ။

ကိုအောင်သူ (စမ်းသပ်အသုံးပြုသူ)
အဓိကပြောရမယ် ဆိုရင်တော့ သူ့ရဲ့ဈေးနှုန်းနဲ့ သူ့ရဲ့ Specification ပိုင်းပဲ။ ဈေးက သက်သာတဲ့အပြင် ဖုန်းမှာ သုံးနိုင်တဲ့ စနစ်တွေနဲ့ ဖုန်းထဲမှာ သုံးထားတဲ့ Hardware ပိုင်းတွေကလည်းအ ဆင်ပြေတယ်လို့ ပြောလို့ ရတယ်။ MIUI 8 ကိုမြှင့်လို့ ရတဲ့အတွက် လည်း ဒါက ကောင်းတဲ့အချက်တစ်ခုလိုပါပဲ။ တကယ်သုံးမယ့်သူ တွေအတွက်တော့ MIUI 8 ကိုတစ်ခါတည်း တင်ပြီး သုံးစေချင် တယ်။ ဒါဆိုရင် ဖုန်းမှာ သုံးနိုင်တဲ့ စနစ်တွေ ပိုတိုးလာမှာပေါ့။ MIUI 8 က Global ROM တော့ရချင်မှ ရလိမ့်မယ်။ China Rom ကတော့ ပိုစိတ်ချရတယ်လို့ ပြောလို့ ရတယ်။ မြန်မာစာပိုင်းနဲ့ Google Services ပိုင်းတွေမှာလည်း ပြန်ထည့်သုံးရမယ် ဆိုပေမယ့် သိပ်တော့ မခက်ပါဘူး။ အဆင်ပြေပါတယ်။

Home, Back, Menu အစရှိတဲ့ Android Key တွေကို ကိုယ်အသုံးပြုချင်တဲ့ ပုံစံမျိုးတွေ ပြုလုပ်နိုင်ပါတယ်။ ဥပမာအနေနဲ့ ဆိုရင်တော့ Home Key ကိုအသုံးပြုတဲ့အခါမှာ Home ကိုပြန်သွားအောင် အသုံးပြုနိုင်သလို Home Key ကိုဖိထားရင် Recent App တွေကို ခေါ်ပြီး ဖျက်နိုင်တာမျိုးတွေ ပြုလုပ်နိုင်တဲ့ စနစ်ဖြစ်ပါတယ်။ ဒီလိုပဲ Back Key ကိုလည်း Back စနစ်အပြင် အခြား မိမိအသုံးပြုလိုတဲ့ Shortcut တစ်ခုကို ထပ်မံ ဖြည့်စွက်ပေါင်းထည့်ပြီး အသုံးပြုနိုင်ပါတယ်။

Additional Settings ထဲက Buttons ဆိုတဲ့ စနစ်ထဲမှာ အသုံးပြုနိုင်ပါတယ်။ Buttons ထဲမှာ Home, Back, Recents ဆိုပြီးရှိပါတယ်။ ဒီစနစ်တစ်ခုချင်းစီထဲမှာ အသုံးပြုနိုင်တဲ့ စနစ်တွေ ရှိနေပါတယ်။

  
  
  

Dual App ဆိုတဲ့စနစ်ကတော့ ကိုယ့်ဖုန်းထဲမှာ ရှိနေတဲ့ App တွေကို နှစ်ခုစီခွဲပြီး အသုံးပြုနိုင်တဲ့ စနစ်ဖြစ်ပါတယ်။ ဥပမာ Facebook App ကို Dual App စနစ်ထဲမှာ မှတ်သားလိုက်ရင် Facebook App ကို နှစ်ခု အသုံးပြုနိုင်မှာဖြစ်ပြီး အကောင့်နှစ်ခုကိုလည်း တစ်ပြိုင်တည်း ဖွင့်ထားလို့ ရနိုင်ပါတယ်။

  

Second Space ဆိုတဲ့ စနစ်ကတော့ ဖုန်းထဲမှာ အကောင့်နှစ်ခုခွဲပြီး အသုံးပြုနိုင်တဲ့ စနစ်ဖြစ်ပါတယ်။ ဒီစနစ်ကို Setting ထဲမှာစ ဖွင့်ပြီး အသုံးပြုလိုက်တာနဲ့ ဖုန်းရဲ့ Screen ပေါ်မှာ Switch ဆိုတဲ့ Icon က အဆင်သင့် အသုံးပြုနိုင်ဖို့ ပေါ်လာမှာ ဖြစ်ပါတယ်။

  

Quick Ball စနစ်ကိုတော့ Additional settings ဆိုတဲ့ စနစ်ထဲမှာ မြင်တွေ့ နိုင်ပါတယ်။

  

One Handed mode ဆိုတဲ့စနစ်ကို အသုံးပြုတဲ့ အခါမှာလည်း တစ်သတ်မှတ်တည်း သတ်မှတ်ထားတဲ့ ပုံစံမျိုးမဟုတ်ပဲ One handed စနစ်မှာ အသုံးပြုတဲ့သူရဲ့ စိတ်ကြိုက် အရွယ်အစားအတိုင်း ချိန်ညှိ အသုံးပြုနိုင်ပါတယ်။

  

Screenshot လုပ်မယ်ဆိုရင်တော့ Screenshot ကို ဖုန်းရဲ့ထိပ် ပိုင်းမှာ ဖော်ပြထားမှာဖြစ်ပြီး အဲဒီ Screenshot ပုံကို နှိပ်လိုက်ရင် တော့ Scroll ဆိုတဲ့ ရှည်လျားတဲ့ Screenshot စနစ်ကို အသုံးပြုနိုင် မှာဖြစ်ပါတယ်။

  

ကင်မရာပိုင်းမှာတော့ ရှေ့ကင်မရာမှာ ထူးခြားတဲ့ ဓာတ်ပုံအသုံးပြု Effect စနစ်တွေ ပါဝင်တာ မတွေ့ရပါဘူး။  Timer နဲ့ Beauti Mode နှစ်ခုပဲ ပါဝင်ပါတယ်။ နောက်ဘက် ကင်မရာမှာတော့ အသုံးပြုနိုင်မယ့် ကင်မရာ Mode တွေ ပါဝင်ပါတယ်။

    




Credit to ==> Internet Journal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com