ယခုနှစ် အောက်တိုဘာလ နဲ့ နှစ်ဝက်အကျော်အတွင်းမှာပဲ ဆမ်ဆောင်းရဲ့
နာမည်ကျော်စီးရီးဖြစ်တဲ့ Note 8 ထွက်ရှိလာဖို့ ရှိနေတယ် လို့ Forbes
မဂ္ဂဇင်း က ရေးသားပါတယ်။
.
Note7 ဟာ Google Pixel တို့လို့ပဲ ၂၀၁၆ ခုနှစ် ကမ္ဘာ့အကောင်းဆုံး စမတ်ဖုန်းစာရင်းဝင်ဖြစ်ခဲ့ပေမယ့် ကံအကြောင်းမလှစွာနဲ့ပဲ ဈေးကွက်မှာ ဖြန့်ပြီးသား ဖုန်းတွေကို ပြန်လည် ရုတ်သိမ်းပေးခဲ့ရပါတယ်။ ဒါကြောင့် ဆမ်ဆောင်း Note 8 မှာတော့ ကံကောင်းမှုတွေ ဆောင်ကျဉ်းပေးလာနိုင်ပါစေလို့ အားလုံးက ဆုတောင်းပေးလျက်ရှိပြီး 4K Resolution ကိုလည်း မျှော်လင့်နေလျက်ရှိကြပါတယ်။ GSM arena ကတော့ ဆမ်ဆောင်းရဲ့ Note 8 ကို ခန့်မှန်း Specs တွေ နဲ့ တည်ဆောက်ပြထားတာကို တွေ့ခဲ့ရပါတယ်။
.
အဲဒီ Rumored Specs တွေအရ 5.7 လက်မ အရွယ်၊ မျက်နှာပြင် ကို 3840 x 2160 resolution, Corning Gorilla Glass 5 တွေနဲ့ ဖွဲ့စည်းတည်ဆောက်သွားမှာ ဖြစ်ပါတယ်။ 2160 Pixel အထိ ရရှိနိုင်တဲ့ 12 Mega Pixel ကင်မရာ၊ 64GB အတွက် 6GB RAM နဲ့ 128GB အတွက် 8GB RAM တွေ နဲ့ ထုတ်လုပ်သွားပါမယ်။ 4K ဗွီဒီယိုတွေကို ထောက်ပံ့ပေးမယ့် နည်းပညာ တွေ အပြင် ကိုယ်တိုင် Video ရိုက်ယူလိုသူတွေအတွက်လည်း 2160 Pixel နဲ့ Frame Rate 30 ရိုက်ယူနိုင်တဲ့ Fuction တွေပါ ပေါင်းစပ် ပါဝင်လာမှာ ဖြစ်ပါတယ်။ မျက်နှာပြင် ရုပ်ထွက်ဟာ အရောင်အရေအတွက်ပေါင်း ၁၆သန်းလောက်အထိ ကောင်းမွန်စွာ ပြသပေးနိုင်မယ့် super AMOLED capacitive touchscreen ကို သုံးစွဲထားမယ် လို့ သိရပြီး OS အနေနဲ့က အနိမ့်ဆုံး Android OS, v7.1 (Nougat) သုံးစွဲမယ် လို့ ခန့်မှန်းထားပါတယ်။
.
4K ဖြစ်လာနိုင်ခြေ ရှိ ၊ မရှိကတော့ မသေချာသေးပေမယ့် အခုအချိန်မှာ ထုတ်လုပ်မယ့် Note 8 အနေနဲ့ က 4K ကို မဖြစ်မနေ ထုတ်ပေးရမယ့် အကြောင်းတွေ ရှိလာပြီ လို့ ဆိုပါတယ်။ OLED မျက်နှာပြင် အောင်မြင်ခဲ့ပြီးနောက်ပိုင်းမှာ Apple ရဲ့ တောင်းဆိုမှု အရ Apple iPhone 8 ကို OLED မျက်နှာပြင် နည်းပညာ အထောက်အကူ ပေးရမယ် ဆိုပါက ဆမ်ဆောင်းရဲ့ Note8 ဟာ 4K ဖြစ်မလာခဲ့ရင် နည်းပညာပိုင်း အရမ်းခေတ်မီတဲ့ iPhone 7 နဲ့ iPhone 7 Plus ကို သာ သုံးစွဲသူတွေက ပြောင်းလဲသုံးစွဲသွားနိုင်ဖွယ်ရာ ရှိနေတဲ့အတွက် ပဲ ဖြစ်ပါတယ်။
.
အဲဒီအပြင်မှာ နောက်ပိုင်းမှာ သုံးစွဲသူတွေဟာ VR နဲ့ ချိတ်ဆက်ပြီး မိုဘိုင်းဖုန်းတွေကို သာ သုံးစွဲကြမယ် ဆိုရင် 4K ရုပ်ထွက်ကို ပေးအပ်ထားမှသာ အဲဒီစမတ်ဖုန်းဟာ သုံးစွဲသူလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင် မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ SamMobile စာမျက်နှာရဲ့ တင်ပြချက်အရ ဆိုရင် Note 8 ဟာ Siri,Google Assistant တို့လိုမျိုး ကိုယ်ရေးလက်ထောက်တစ်ခု ပါ ထည့်သွင်းလာဖွယ်ရှိနေပါတယ်။
အဲဒီ လက်ထောက်ကို ဟာ Siri, Google Assistant တို့လို စိတ်လှုပ်ရှားဖွယ်ရာ စွမ်းရည်မမြင့်သေးပေမယ့် Voice Assistant တို့လို အသုံးတော်ခံမှာဖြစ်ပြီး အမည်နာမ အားဖြင့် “Bixby” လို့ ခေါ်ဆိုတဲ့အကြောင့်း မိုဘိုင်းဖုန်း ၊ တက်ဘလက် အမျိုးအစား ၂ ခု ပေါင်းစပ်ထားတဲ့ Phablet အမျိုးအစား ဖြစ်လာနိုင်တယ် လို့ ဆိုထားပါတယ်။

www.pyaephyo.com