1/06/2017

♪ ZTE က Blade V8 Pro နဲ့ Hawkeye ကို မိတ်ဆက် ♫


ZTE က CES မှာ စမတ်ဖုန်းအသစ် ၂ လုံးကို မိတ်ဆက်လိုက်ပါတယ်။ Blade V8 Pro ဟာ စွမ်းဆောင်ရည်မြင့် ဖုန်း ဖြစ်ပြီး Hawkeye ကတော့ Kickstarter ကနေ ၁၉၉ ဒေါ်လာဖြင့် ကြိုတင်မှာယူနိုင်တဲ့ Crowdsourced Project ဖြစ်ပါတယ်။

Blade V8 Pro မှာ ၅.၅ လက်မ Full HD Display , Qualcomm Snapdragon 625 Chipset, 3GB RAM, 32GB Storage တပ်ဆင်ထားတဲ့အပြင် microSD Card Slot ပါပါတယ်။ Dual-SIM Phone ဖြစ်ပါတယ်။ အနောက်ဘက်မှာ 13MP Camera ၂ လုံးတပ်ဆင်ထားပြီး Bokeh Effect နဲ့ 4K Video များကို ရိုက်ကူးနိုင်ပါတယ်။ Home Button မှာ လက်ဗွေရာ အာရုံခံ ကိရိယာကို မြှပ်နှံထားပါတယ်။

ZTE က ၂၀၁၆ ခုနှစ်မှာ ဖောက်သည်များအား သူတို့ နှစ်သက်တဲ့ စမတ်ဖုန်း ဒီဇိုင်းကို ဆာဗေးကောက်ခဲ့ပါတယ်။ အဲဒီ ဆာဗေးထဲကမှ အနိုင်ရတဲ့ ဒီဇိုင်းကို ထုတ်လုပ်ရောင်းချဖို့ စီမံကိန်း ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းကတော့ Hawkeye ဖြစ်ပြီး မျက်စိကို အာရုံခံတဲ့ Sensor တပ်ဆင်ထားတာက ထူးခြားပါတယ်။ နောက်ထပ်ထူးခြားချက်မှာ နံရံမှာ ဖုန်းရဲ့ နောက်ကျောကို ကပ်နိုင်တဲ့ စွမ်းရည်ဖြစ်ပါတယ်။ အဲဒီဖုန်းရဲ့ Specification အသေးစိတ်ကိုတော့ မသိရသေးပါဘူး။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com