ဒီလအကုန်မှာ ထွက်ရှိမယ်လို့ သတင်းထွက်ပေါ်နေတဲ့ HTC ရဲ့
စမတ်ဖုန်းအသစ်ကတော့ HTC One X10 ဖြစ်ပြီး ဒါဟာ ပြီးခဲ့တဲ့ နှစ်က
ထွက်ရှိခဲ့တဲ့ HTC One X9 ရဲ့ successor လည်းဖြစ်လာမှာပါ။
One X10 ဟာ One X9 ကို ဆက်ခံတယ်ဆိုပေမယ့် camera အရည်အသွေးမှာတော့ One X9 ထက် အတော်လေးကို သာလွန်ကောင်းမွန်ပါတယ်။ အဓိက ပြောင်းလဲတိုးတက်လာမှုကတော့ 16.3MP အနောက် ကင်မရာနဲ့ 7.9MP အရှေ့ကင်မရာ ကင်မရာတွေအသုံးပြုထားခြင်းပါပဲ။
ပေါက်ကြားလာတဲ့ အချက်တွေအရ Full HD (1920 x 1080p) ကိုအပြည့်အဝထောက်ပံ့တဲ့ 5.5-inch display ကိုသုံးထားပြီး 3GB RAM နဲ့ 32GB storage ပါဝင်လာမယ်လို့သိရပါတယ်။
Processor အနေနဲ့ကတော့ ပြီးခဲ့တဲ့ နှစ်ကထုတ်လုပ်ခဲ့တဲ့ Desire 10 Pro မှာ အသုံးပြုခဲ့တဲ့ 1.9GHz Mediatek octa-core MT6755V/C ကိုပဲသုံးထားတာကတော့ ဝေဖန်စရာအချက်တစ်ခုဖြစ်လာပါတယ်။ One X9 မှာတောင် 2.2GHz octa-core SoC(system-on-chip) ကိုသုံးထားတဲ့အတွက် One X9 လောက်တောင် powerful မဖြစ်ပါဘူး။
HTC အနေနဲ့ (၂၀၁၇) ပထမ (၄)လပတ် အတွင်းမှာ စမတ်ဖုန်း (၃) လုံးကို မိတ်ဆက်ပေးဖို့ ရည်မှန်းထားပြီး အဲံဒီ (၃) လုံးထဲမှာတော့ One 10X က အနိမ့်ဆုံးဖုန်းတစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။

www.pyaephyo.com