1/15/2017

♪ “KENBO Hero K3” ♫

Image may contain: phone

ယခုဖုန်းဟာကိုင်ဆောင်ရတာလည်း သက်သောင့်သက်သာရှိပြီး၊ ဒီဇိုင်း ကလည်း လန်းပါတယ်။ အကြမ်း လည်းခံပါတယ်။ နောက်ဆုံးပေါ်မိုဘိုင်း နည်းပညာ Function တွေကိုလည်း ထိတွေ့ခွင့်ရနိုင်တဲ့ KENBO Smartphone က ထုတ်လုပ်ထားတဲ့ Hero K3 ဖုန်းလေးဖြစ်ပါတယ်။ ကြွေထည်တစ်ခုအလား ထင်မှတ်မှားလောက်တဲ့ ဆန်းသစ်လှပသော ကိုယ်ထည်ဒီဇိုင်းနဲ့မို့ လူငယ်လူရွယ်တွေ ကြိုက်နှစ်သက်မယ့် ဖုန်းတစ်လုံးဖြစ်ပါတယ်။

မျက်နှာပြင်အရွယ်အစားမှာ 5 inches ရှိပြီး IPS နည်းပညာကို အသုံးပြု ပေးထားတဲ့အတွက် ရုပ်ရှင်များ၊ ဂိမ်းများကိုကြည့်ရှု့အသုံးပြုတဲ့အခါမှာ 1280* 720 အထိ အရောင်အသွေးစုံလင်ပြီး ရုပ်ထွက်ကောင်းမွန်တဲ့ HD ရုပ်ထွက်ကို ဖော်ပြပေးနိုင်စွမ်းရှိပါတယ်။ ခရီးသွားရင်ပဲဖြစ်ဖြစ်၊ ညအခါ မှာပဲဖြစ်ဖြစ်၊ ဘယ်နေရာပဲရောက်ရောက် ဘယ်အချိန်မှာပဲဖြစ်ဖြစ် သင့်ရဲ့ တစ်နေ့တာ မှတ်တမ်းများကို လှပတဲ့ဓာတ်ပုံများအဖြစ် ရိုက်ကူး သိမ်းဆည်း နိုင်ဖို့အတွက် Hero K3 မှာ အရည်အသွေးကောင်းမွန်တဲ့ ကင်မရာများကို တပ်ဆင်ပေးထားပါတယ်။

ကင်မရာအဖြစ် အနောက်ဘက်တွင် 13 MP နှင့် အရှေ့ဘက်တွင် 5MP တို့ပါဝင်ပြီး Auto Focus စနစ်ပါဝင်လို့ မြန်ဆန်စွာ လှုပ်ရှားနေတဲ့ အရာဝတ္ထု တွေကို ဓာတ်ပုံရိုက်ကူးရာမှာလည်း ၀ါးသွားခြင်းမရှိဘဲ ကြည်လင်စွာ ရိုက်ကူး နိုင်မှာဖြစ်ပါတယ်။ ဖုန်းအသုံးပြုတဲ့အခါ ပိုမိုမြန်ဆန်ဖို့အတွက် စွမ်းဆောင်ရည် မြင့်မားတဲ့ Processor အဖြစ် Quad Core 1.3 GHz ကိုတပ်ဆင်ပေးထားပါ တယ်။ 


ဖုန်းအသုံးပြုနေစဉ်အတွင်း လတ်တလောအသုံးပြုနေတဲ့ များပြားသော Application များကို တစ်ပြိုင်တည်း အသုံးပြုနိုင်ဖို့အတွက် ယာယီသိမ်းဆည်း ပေးမယ့် RAM ကို 2GB အထိ ထည့်သွင်းပေးထားပါတယ်။ Movies နဲ့ ဂိမ်းများ ကို ပိုမိုသိမ်းဆည်းလိုသူများ အဆင်ပြေစေဖို့ ROM ကို 16GB အထိ တပ်ဆင် ပေးထားပါတယ်။ ဖုန်းဘက်ထရီမှာ 2200mAh ဖြစ်ပါတယ်။ အားတစ်ခါ သွင်းရုံနဲ့ တစ်နေကုန် သုံးစွဲနိုင်ပါမယ်။

<Specification>

Network - 2G/3G/4G
Memory - 16 GB
CPU - Quad Core 1.3 GHz
Camera - 13MP
Screen - 5 inches
OS - Android OS, v4.4
Contact - 09-258451418

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com