1/15/2017

♪ Gionee က Steel 2 ကို မိတ်ဆက် ♫


Gionee က တရုတ်မှာ Steel 2 စမတ်ဖုန်းကို ရောင်းချပေးလိုက်ပြီ ဖြစ်ပါတယ်။ အခြားနိုင်ငံများမှာ ရောင်းချ မယ့် သတင်းကိုတော့ မသိရသေးပါဘူး။ Gionee Steel 2 မှာ ၅ လက်မ HD Display တပ်ဆင်ထားပါတယ်။ Quad-Core MediaTek Processor မောင်းနှင်မှာ ဖြစ်ပါတယ်။ 3GB RAM ထည့်သွင်းထားပြီး 16GB Internal Storage နဲ့ 32GB Internal Storage များ ရွေးချယ်နိုင်ပါတယ်။ microSD Card Slot လည်း တပ်ဆင်ထားပါတယ်။

Gionee Steel 2 ဟာ 4G နဲ့ VoLTE ဆက်သွယ်မှုများကို ထောက်ပံ့ပါတယ်။ Android 6.0 Marshmallow ကို အခြေခံထားတဲ့ Amigo 3.5 UI ထည့်သွင်းထားပါတယ်။ 4000mAh Battery ကို အသေတပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 8 Megapixel Camera နဲ့ အရှေ့ဘက်မှာ 5 Megapixel Camera ပါရှိပါတယ်။

Gionee Steel 2 ရဲ့ Home Button အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာကို မြှပ်နှံထားပါတယ်။ ရွှေနဲ့ အနက်ရောင်များ ရွေးချယ်နိုင်ပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 144.3×70.5×8.6mm ဖြစ်ပြီး အလေးချိန်မှာ ၁၆၀ ဂရမ် ဖြစ်ပါတယ်။ 16GB Internal Storage Model ကို ဒေါ်လာ ၁၉၀ သတ်မှတ်ထားပြီး တရုတ်မှာ ကြိုတင်မှာယူနိုင်ပါပြီ။



Credit to ==> Digital Times
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com