1/04/2017

♪ " Huawei GR5 2017 ကို MPT မှတစ်ဆင့် ကြိုတင်မှာယူ၍ အထူးလက်ဆောင်များ ရယူနိုင် " ♫

Image may contain: phone

၂၀၁၇ ခုနှစ်ထုတ် မော်ဒယ်မြင့် စမတ်ဖုန်းဖြစ်သည့် Huawei GR5 2017 ကို MPT မှတစ်ဆင့် ကြိုတင်မှာယူနိုင်မည်ဖြစ်ပြီး အများပြည်သူတို့ထံသို့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၁၀) ရက်နေ့တွင် ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

စတိုင်ကျလှပပြီး အရည်အသွေးမြင့်မားသည့်စမတ်ဖုန်းကို အားလုံးထက် စောစီးစွာ ကိုင်ဆောင်လိုသည့် သုံးစွဲသူ မိဘပြည်သူများအနေဖြင့် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့ထိ MPT အမှတ်တံဆိပ် စတိုးဆိုင်များတွင် ပြုလုပ်မည့် အရောင်းပြပွဲများတွင် သွားရောက်ကြည့်ရှု လေ့လာနိုင်ကြမည်ဖြစ်ပါသည်။ အဆိုပါ အရောင်းပြပွဲများကို မန္တလေး၊ ရန်ကုန်၊ မုံရွာ၊ ပြင်ဦးလွင်၊ မော်လမြိုင်၊ ပဲခူး၊ ပုသိမ်၊ ဘားအံနှင့် တောင်ကြီးမြို့များတွင်လည်း ကျင်းပသွားမည်ဖြစ်ပါသည်။


GR5 ဖုန်းများကို ဆောလျင်စွာ ကြိုတင်မှာကြားမှုများပြုလုပ်မည့် သုံးစွဲသူများအတွက် MPT မှ အထူးလက်ဆောင်များကိုလည်း ထည့်သွင်းပေးသွားမည်ဖြစ်ပြီး ဆုလက်ဆောင်များအနေဖြင့် Power Bank တစ်လုံး၊ အကောင်းစားကျောပိုးအိတ်တစ်လုံးနှင့် အရည်အသွေးမြင့် ဓါတ်ပုံများ၊ ဗီဒီယိုများနှင့် အခြားဒေတာများကို သိမ်းဆည်းရန် အသင့်တော်ဆုံးဖြစ်သော 32GB ပမာဏရှိ SD ကတ်တစ်ခုတို့ကို အခမဲ့ရရှိနိုင်မည်ဖြစ်ပါသည်


MPT မှ Huawei GR5 2017 အတွက် အထူး Data Package များကို သီးသန့်ဖန်တီးပေးထားပြီး ဖုန်းတိုင်းတွင် ဆင်းမ်ကတ်တစ်ခုပါဝင်မည်ဖြစ်ကာ သုံးစွဲသူမှ ၆ လဆက်တိုက် တစ်လလျှင် ကျပ် ၅၀၀၀ ဖုန်းငွေဖြည့်သွင်းလျှင် အင်တာနက်ဒေတာ 4GB ရရှိမည်ဖြစ်ပါသည်။ ထို့အပြင် MPT Special Edition ဖုန်းတွင် သုံးစွဲသူများအဆင်ပြေလွယ်ကူစေရန်အတွက် MPT4U, Lotaya, Facebook, Viber နှင့် Line အစရှိသည့် အသင့်သုံးစွဲနိုင်သော ဝန်ဆောင်မှုများကိုလည်း ကြိုတင်ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ GR5 ဖုန်းသည် 4G စနစ်အသင့်ပါဝင်ပြီးသားဖြစ်သည့်အတွက် ၂၀၁၇ ခုနှစ်တွင် MPT မှမိတ်ဆက်မည့် 4G ကွန်ရက်ကို အပြည့်အဝသုံးစွဲနိုင်သည့် အခွင့်ကောင်းတစ်ခု ရရှိခြင်းပင်ဖြစ်ပါသည်။


Huawei မှ GR5 2017 ကို စွမ်းဆောင်ရည်မြင့်မားသော premium ဖုန်းတစ်လုံး၏ specification များနှင့် ဖွဲ့စည်းထားပြီး ဆွဲဆောင်မှုရှိသော သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ထားပါသည်။ ကျောဘက်တွင် ကမ္ဘာ့အဆင့်မီကင်မရာနှစ်လုံးပါဝင်ခြင်းကြောင့် အသေးစိတ် (depth of field) မှအစ တိကျသေသပ်လှပသောပုံရိပ်များကို နာမည်ထင်ရှားပြီးဖြစ်သည့် ယခင်က အလားတူဖုန်းများထက် ပိုမိုလျှင်မြန်သွက်လက်စွာ ရိုက်ကူးပေးနိုင်မည် ဖြစ်ပါသည်။


ထို့အပြင် 8MP ရှိသော ရှေ့ကင်မရာပင်ဖြစ်ပြီး မြင်ကွင်းကျယ်ရိုက်ကူးနိုင်မည့် wide-angle lens ပါဝင်သဖြင့် ဆယ်လ်ဖီများကို အကောင်းမွန်ဆုံးရယူကာ အမှတ်တရအခိုက်အတန့်များကို သိမ်းဆည်းနိုင်မည်ဖြစ်သည်။ သုံးစွဲသူ၏ မျက်နှာကို မှတ်မိသော Face Recognition နှင့် ရိုက်ကူးပြီးသား ဓာတ်ပုံ များကို ပြန်လည်ပြုပြင်နိုင်မည့် retouch software များ ပါဝင်မှုကြောင့် အကောင်းဆုံးသော ဓာတ်ပုံများကို ဖန်တီးနိုင်စေမည်ဖြစ်ပါသည်။ ထို့အပြင် ဈေးနှုန်းသက်သာသည့်အလျောက် အရည်အသွေးပိုင်း တွင် လျော့နည်းသွားခြင်းမရှိဘဲ ကြာရှည်ခံသော ဘက်ထရီသက်တမ်း၊ လက်ဗွေစနစ်ပါဝင်မှု၊ ပရောဆက်ဆာမြန်ဆန်မှု၊ ၅.၅ လက်မရှိ အရောင်အသွေးစိုပြေတောက်ပသော HD မျက်နှာပြင်ကျယ်တို့ ပါဝင်သည်။


MPT-KSGM မှ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က “စွမ်းဆောင်ရည်ကောင်းမွန် ပြီး ဈေးနှုန်း အားဖြင့်လည်း ချိုသာတဲ့ ဒီစမတ်ဖုန်းဟာ MPT ရဲ့ ၀န်ဆောင်မှုများ ထဲက နောက်ထပ်ပေး သွားမယ့် အံ့အားသင့်ဖွယ် ၀န်ဆောင်မှုတစ်ခုပဲ ဖြစ်ပါတယ်။ အသုံးပြုသူများအနေနဲ့လည်း GR5 မှာပါဝင်တဲ့ ကင်မရာနှစ်လုံးစနစ်ကို သဘောကျနှစ်ခြိုက်ကြပါလိမ့်မယ်။ သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားလို့ ဘက်စုံကောင်းမွန်တဲ့ အရည်အသွေးမြင့် စမတ်ဖုန်းတစ်လုံးလို့ ပြောလို့ရပါတယ်။


MPT က ပေးမယ့် ဒေတာလက်ဆောင်ပရိုမိုးရှင်းတွေနဲ့ ပေါင်းလိုက်မယ်ဆိုရင် Huawei GR5 ဟာ သုံးစွဲသူများအကြားမှာ အတော်လေးနာမည်ရလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ မရဘူးမဖြစ် ရလေအောင် ဒီနေ့ပဲ ကြိုတင်အော်ဒါတင်ပြီး လက်ဆောင်ပစ္စည်းတွေကို အခမဲ့ရယူနိုင်ပါပြီ” ဟု ဆိုပါသည်။

Huawei GR5 2017 စတင်ရောင်းချခြင်းနှင့် အရောင်းပြပွဲများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို MPT ၀က်ဘ်ဆိုဒ်တွင် ၀င်ရောက်လေ့လာနိုင်ပါသည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com