1/04/2017

♪ Asus ZenFone AR ရဲ့ အချက်အလက်အချို့ကို Qualcomm ထုတ်ဖော် ♫


လာမယ့် ဇန်နဝါရီ (၄) ရက်နေ့မှာ ကျင်းပမယ့် CES 2017 မှာ ပွဲထုတ်ပြသမယ့် Asus Zenfone AR ရဲ့ အချက်အလက် အချို့ကို Qualcomm က ထုတ်ဖော်လိုက်ပါတယ်။

ဒီဖုန်းကို Qualcomm ရဲ့ Snapdragon 821 chipset နဲ့ ထုတ်လုပ်ထားပြီး Google ရဲ့ Tango ကို အသုံးပြုနိုင်မှာဖြစ်တဲ့အပြင် VR နဲ့ AR နှစ်မျိုးစလုံးကို ခံစားနိုင်မယ့် စမတ်ဖုန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

Asus ရဲ့ Zenfone AR ကို Daydream View headset, controller တွေနဲ့ တွဲဖက်ပြီး VR Game တွေ၊ YouTube, Netflix, Hulu, HBO စတဲ့ VR cinema တွေ နဲ့ Google Street View နဲ့ Fantastic Beasts လိုမျိုး apps တွေကို အကောင်းဆုံး ခံစားနိုင်မှာ လည်းဖြစ်ပါတယ်။

အခြားသော Specs တွေနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ CES မှာ ဆက်လက်စောင့်ကြည့် ရမှာလည်းဖြစ်ပါတယ်။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com