1/19/2017

♪ မီးလောင်မှုကို ကာကွယ်ပေးတဲ့ ဖုန်းဘက်ထရီ ♫


အီလက်ထရောနစ် ကိရိယာများစွာမှာ လစ်သီယွန်အိုင်းယွန်း ဘက်ထရီများကို အသုံးပြုကြပါတယ်။ အဲဒီ ဘက်ထရီများကို စိတ်ချရအောင် ဖန်တီးထားပေမယ့် တစ်ခါတစ်လေမှာ အပူလွန်ကဲပြီး မီးလောင် ပေါက်ကွဲမှုတွေ ဖြစ်တတ်ပါတယ်။ မကြာခင်ကလည်း Samsung Galaxy Note 7 ဖုန်းများ ပေါက်ကွဲမှုကြောင့် ကုမ္ပဏီက Note 7 အားလုံးကို ပြန်လည်သိမ်းဆည်းနေရပါတယ်။

အခုတော့ အဲဒီ ပြဿနာကို ဖြေရှင်းဖို့ စတန်းဖို့ဒ်မှ ပညာရှင်များက မီးလောင်မှုကို ကာကွယ်ပေးတဲ့ ဖုန်းဘက်ထရီကို တီထွင်လိုက်ပါတယ်။ သူတို့ရဲ့ နည်းပညာက ဘက်ထရီဟာ သတ်မှတ်ထားတဲ့ အပူချိန်ကို ရောက်တာနဲ့ အအေးပေးတဲ့ စနစ်ကို ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ စမ်းသပ်မှုမှာ ၀.၄ စက္ကန့်အတွင်း ဘက်ထရီရဲ့ အပူလွန်ကဲမှုကို လျှော့ချပေးနိုင်တာကို တွေ့ရပါတယ်။ သူတို့ရဲ့ နည်းပညာဟာ ဘက်ထရီရဲ့ စွမ်းဆောင်ရည်ကိုလည်း မကျဆင်းစေဘူးလို့ ပညာရှင်များက ပြောပါတယ်။

ဘက်ထရီ နည်းပညာ အသစ်များကို ကမ္ဘာအ၀န်းမှာ တီထွင်နေကြပေမယ့် ရောင်းတန်းဝင် အဆင့်ရောက်ရှိဖို့ နှစ်ပေါင်းများစွာကြာအောင် အချိန်ယူ တီထွင်ရတာ ဖြစ်ပါတယ်။ အခု နည်းပညာဟာလည်း အနာဂတ်မှာ ပေါ်ထွက်ကောင်း ပေါ်ထွက်လာနိုင်ပေမယ့် အချိန်ယူရဦးမှာ ဖြစ်ပါ တယ်။ အနာဂတ်မှာတော့ မီးလောင်မှုကို ကာကွယ်ပေးတဲ့ ဘက်ထရီ တပ်ဆင်ထားတဲ့ စမတ်ဖုန်း၊ တက်ဘလက်များကို လူသားတွေ စိတ်ချလက်ချ ကိုင်ဆောင်နိုင်မှာ ဖြစ်ပါတယ်။


Credit to ==> Digital Times
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com