1/19/2017

♪ အူရီဒူးမှ ရွှေအိမ်မက်အစီအစဉ် ရဲ့ သိန်း ၂၅၀ တန် ကံထူးရှင် ထွက်ပေါ် ♫


၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက် ကနေ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ (၁၃) ရက်အထိ ကျင်းပခဲ့တဲ့ နေ့စဉ်၊ အပတ်စဉ်နှင့် အထူးဆုကြီးများစုစုပေါင်း ကျပ်သိန်း၂ဝဝဝကျော်တန်ဖိုးရှိ ဆုတွေပါဝင်တဲ့ ရွှေအိမ်မက်ကံစမ်းမဲအစီအစဉ်အတွက် အထူးဆုကြီးနဲ့ အူရီဒူးတစ်သက်စာသုံးစွဲခွင့်ဆု ကံထူးရှင်များတွေကို ကြေညာလိုက်ခဲ့ပါတယ်။

ရန်ကုန်မြို့၊ မြန်မာပလာဇာ ဒုတိယထပ်ရှိ အူရီဒူးအရောင်းဆိုင်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အဲဒီ ဆုချီးမြှင့်ပွဲမှာ ဆုရွေးချယ်မှုအစီအစဉ် အစအဆုံးကို စာရင်းစစ်အဖွဲ့ဖြစ်တဲ့ Win Thin & Associates မှကြီးကြပ်စိစစ်ခဲ့ပါတယ်။ အထူးဆုကြီး ရွေးချယ်မှုကို Win Thin & Associates အဖွဲ့၊ The First Weekly Journal မှ ဦးမြင့်သိန်း၊ ရှေ့ဆောင်ဂျာနယ်မှ ဦးဇော်ထွန်းဦးတို့ကနေ ကြီးကြပ်စိစစ် ရွေးချယ်ပေးခဲ့ကြပါတယ်။

အဲဒီ ကံစမ်းမဲအစီအစဉ်အတွက် ဆုပေါင်း ၆ဝဝ ကျော် ချီးမြှင့်ခဲ့ပြီး အူရီဒူးရွှေအိမ်မက်အစီအစဉ်ရဲ့ အထူးဆုကြီးကို ဆွတ်ခူးသွားသူကတော့ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်ရှိ ကိုမောင်ဝင်းဖြစ်ပါတယ်။ အူရီဒူးတစ်သက်စာ သုံးစွဲခွင့်ရရှိသွားသည့်ဆုရှင်ကတော့ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ဦးစိုးဝင်းဖြစ်ပါသည်။ ရက်သတ္တပတ် တစ်ပတ်စီအတွက် ကံထူးဆုရှင် ငါးဦးစီရှိပြီး ဆုများမှာ 4G ဟန်းဆက်များဖြစ်သည့် Huawei P9, Huawei GR5, Samsung Galaxy J2, Samsung J7 Prime, Samsung J5 Prime, OPPO A37  နှင့် Vivo Y55 တို့ကို ဆုချီးမြှင့်ခဲ့ပါတယ်။

ရွှေအိပ်မက် ကံစမ်းသည့်အစီအစဉ်တစ်လျှောက်လုံးတွင် စုစုပေါင်း အပတ်စဉ်ဆုကံထူးရှင်မှာ ၇၅ ဦးဖြစ်ပြီး ရက်တစ်ရက်စီမှာ နေ့စဉ်ဆုကံထူးရှင် ၅ ဦးစီရှိပြီး၊ ဆုများမှာ ငွေသားဆု ၂၅ဝ,ဝဝဝကျပ်၊ ၁၅,ဝဝဝ ကျပ်တန် ငွေဖြည့်လက်ဆောင်၊ ၁.၃၅ GB အင်တာနက်အစီအစဉ်၊ ၂.၅ GB အင်တာနက်အစီအစဉ်နှင့် ၅.၅ GB အင်တာနက်အစီအစဉ် များဖြစ်ပြီး နေ့စဉ်ဆုရှင်ပေါင်း ၂,၆၇၅ ယောက် ကို ဆုတွေ အသီးသီး ချီးမြှင့်ခဲ့ပါတယ်။

အထူးဆုကံထူးရှင် ကိုမောင်ဝင်းမှ “ ကျွန်တော်က သတင်းဖတ်ဖို့နဲ့ မြန်မာနိုင်ငံတစ်ဝှမ်း အခြေအနေအရပ်ရပ်ကို အချိန်နဲ့တစ်ပြေးညီသိရှိနိုင်ဖို့အတွက် အင်တာနက်ကို ပုံမှန်လေးပဲ သုံးဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အခုလိုမျိုး ကျပ်သိန်း ၂၅၀ အထူးဆုကြီးကို ဆွတ်ခူးနိုင်ခဲ့လို့ ကံအကောင်းဆုံးပုဂ္ဂိုလ်လို့တောင်ခံစားရပါတယ်။ ကျွန်တော်က တက္ကစီအငှားမောင်းပါတယ်။ အခု အူရီဒူးရဲ့ အထူးဆုကြီးကြောင့် ကျွန်တော့်အိမ်မက်တွေ အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ။ ကျွန်တော်ကိုယ်ပိုင်ကားတစ်စီးဝယ်စီးနိုင်ပြီး မိသားစုကို ပြည့်ပြည့်ဝဝပံ့ပိုးလို့ ရတော့မှာပါ။ အူရီဒူးက ကျွန်တော်တို့ကို တကယ့်ကိုပိုမိုကောင်းမွန်တဲ့အနာဂါတ်နဲ့ ချိတ်ဆက်ပေးလိုက်တာပါ။ ကျွန်တော်သာမက ကျွန်တော့်မိသားစုပါ အူရီဒူးကြောင့်ပိုမိုတောက်ပကောင်းမွန်တဲ့ အနာဂါတ်ကို ပိုင်ဆိုင်နိုင်တော့မှာမို့လို အလွန်ပဲပျော်ရွှင်ပီတိဖြစ်ရပါတယ် “ လို့ ပြောကြားခဲ့ပါတယ်။

အူရီဒူးတစ်သက်စာသုံးစွဲခွင့်ကံထူးဆုရှင် ဦးစိုးဝင်းက “ကျွန်တော့်ကို အူရီဒူးက ဆက်သွယ်လာပြီး အူရီဒူးတစ်သက်စာသုံးစွဲခွင့်ဆုရကြောင်း အကြောင်းကြားလိုက်တဲ့အခါမှာ အလွန်ပင်စိတ်လှုပ်ရှားရပါတယ်။ ကျွန်တော့်အနေနဲ့ အင်တာနက်ကိုအသုံးပြုပြီး သတင်းတွေဖတ်နိုင်ဖို့၊ ရုပ်ရှင်တွေကြည့်နိုင်ဖို့နဲ့ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းများနဲ့ ဆက်သွယ်ဖို့အတွက်  Facebook နဲ့ Viber ကိုအသုံးများပါတယ်။ အခုဆိုရင် အူရီဒူးကပေးအပ်လိုက်တဲ့ဆုနဲ့ အူရီဒူးဝန်ဆောင်မှုမျိုးစုံကို လိုသလိုစိတ်ကြိုက်အသုံးပြုလို့ ရနိုင်ပါပြီ။ ယခုချီးမြှင့်မယ့်ဆုနဲ့အတူ အမြန်ဆန်ဆုံးသောအူရီဒူးအင်တာနက်ကို  ပိုတိုးပြီးအသုံးပြုနိုင်တော့မှာပါ “ လို့ ပြောကြားခဲ့ပါတယ်။

ဆုတွေ ကို ချီးမြင့်ပေးခဲ့တဲ့ အူရီဒူးမြန်မာ Chief Marketing Officer ဖြစ်သူ Ms. Charity Safford က “ ကျွန်မတို့အနေနဲ့ ရွှေအိမ်မက်ကံစမ်းမဲ အစီအစဉ်ရဲ့ အောင်မြင်မှုအတွက် အလွန်ပင်ဝမ်းမြောက်ကျေနပ်မိ ပါတယ်။ အူရီဒူးသုံးစွဲသူတွေအားလုံး အူရီဒူးရဲ့ အမြန်ဆန်ဆုံးသော 3G/4G ကွန်ရက်ကို အသုံးပြုနေစဉ်မှာ နေ့စဉ်ဆု၊ အပတ်စဉ်ဆုနဲ့ အထူးဆုကြီးတွေကို ကံထူးခွင့်ရတဲ့ စိတ်လှုပ်ရှားဖွယ်အခွင့်အရေးတွေ ရရှိခဲ့ပါတယ်။ ကျွန်မတို့အနေနဲ့ သုံးစွဲသူတွေအတွက် အခုအသုံးဝင်လှတဲ့ ဆုတွေကို လက်ဆောင်အဖြစ်ပေးအပ်နိုင်လို့ အထူးကျေနပ်မိပါတယ်။ “ လို့ ပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။



Credit to ==> Digital Times



<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com