1/19/2017

♪ “ အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာ ပြဿနာများ " ♫

Image may contain: one or more people

မေး - အစ်ကိုရေ ဖုန်းတစ်လုံးရဲ့ လိုင်းဆွဲအားကောင်းတာ မကောင်းတာနဲ့ Battery အားကုန်မြန်တာနဲ့ ပတ်သက်မှုရှိပါသလား။
ဖြေ - လိုင်းဆွဲအားမကောင်းဘူးဆိုရင် Battery အားကိုပိုသုံးပြီး လိုင်းရှာရပါတယ်။ ဒါကြောင့် လိုင်းမမိတဲ့နေရာတွေမှာ Airplane Mode လုပ်ထားရင် Battery အား သက်သာစေပါတယ်။ ဖုန်းထဲမှာ မလိုအပ်တဲ့ Process နဲ့ App တွေ Run နေရင်လည်း အားကုန်တတ်ပါတယ်။ ဒါကြောင့် Process တွေရှင်းတဲ့ Software တွေသုံးပြီး ရှင်းမယ်ဆိုရင် Battery အားကုန်တာ သက်သာစေပါတယ်။

မေး - ကျွန်တော့်ဖုန်းက Y320-C00 ပါ။ ကျွန်တော့်ဖုန်းက တစ်ခါတစ်လေ အင်တာနက်သုံးနေရင်းနဲ့ အလိုလိုလိုင်းပျောက်ပျောက်သွားလို့ပါ။ လိုင်းပျောက်သွားရင် 1G ပဲပေါ်တော့တယ်။ 3G မပေါ်တော့ဘူး။ ဘယ်လိုလုပ်ရင် ပြန်ကောင်းမလဲခင်ဗျာ။
ဖြေ - ဟုတ်ကဲ့။ အရင်ဆုံး ဖုန်းခေါ်တဲ့ Dialler Pad ကနေ 911 (သို့) 112 ကိုဖုန်းခေါ်ပြီး Home Key နဲ့ ပြန်ထွက်ပေးပါ။ Setting ထဲထပ်ဝင်ပါ။ အဲ့ဒီထဲက More > Mobile Network > CDMA Network Select > Empty Filter Network List ကို ၄ ချက်လောက်နှိပ်ပြီး ဖုန်းကို Restart ချပေးလိုက်ပါ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Facebook သုံးမယ်ဆိုရင် Status တွေက တော်တော်နဲ့တက်မလာဘူးဗျာ။ အကြာကြီးနေမှ တက်တက်လာတယ်။ အဲ့တာဘာဖြစ်တာလဲ။ ပြောပြပေးပါခင်ဗျာ။
ဖြေ - ဒါကတော့ ဒီနေ့ခေတ်မှာ နေရာမျိုးစုံကနေ Device မျိုးစုံ ချိတ်ဆက်အသုံးပြုနေတာကြောင့်ပါ။ ဒါကို ဖြေရှင်းမယ်ဆိုရင် Face-book Setting ထဲက Account Setting မှာရှိတဲ့ Security က Active Session ထဲမှာ ရှိတဲ့အရာတွေအားလုံးဖြုတ်လိုက်ရင် Facebook ရဲ့ Status တွေ အရင်ထက်ပိုမြန်လာမှာပါ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Huawei 610 ဖုန်းပါ။ Logo ပဲ လည်နေတယ်။ ဘယ်လိုလုပ်ရမလဲဗျာ။
ဖြေ - ဟုတ်ကဲ့ဗျာ။ အရင်ဆုံး Firmware တင်ကြည့်ပါ။ မရရင်တော့ Battery လဲကြည့်ပါ။ ဒါမှမဟုတ်ရင် EMMC အထိ လဲရနိုင်ပါတယ်ခင်ဗျာ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက ဒီတိုင်းဆို အပေါ်မှန်က ဆွဲလို့ရတယ်ဗျာ။ အားသွင်းထားရင် Game ဆော့ချင်တာမရလို့ ဘယ်လိုလုပ်ရမလဲဗျာ။
ဖြေ - ဟုတ်ကဲ့။ အစ်ကိုရဲ့အားသွင်းကြိုးက Original ကြိုးမဟုတ်ဘူးထင်တယ်ဗျ။ အဲ့ဒါက Charger ကြိုး မကိုက်လို့ဖြစ်တာပါ။ ကြိုးလဲသုံးပါဗျာ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Coolpad ဖုန်းပါ။ အားမ၀င်လို့ ဆိုင်ခဏခဏပြရတယ်။ ဆိုင်ကပြန်လာရင် ၀င်တယ်။ အားကုန်ရင်မ၀င်တော့ဘူး။ ဘယ်လိုလုပ်ရမလဲဗျ။
ဖြေ - ဟုတ်ကဲ့ပါဗျာ။ Battery မကောင်းရင်ဖြစ်ပါတယ်။ Battery လဲ ကြည့်ပါ။

မေး - ဖုန်းထဲမှာသိမ်းထားတဲ့ Contant တွေကို စာအုပ်နဲ့ပြန်မရေးချင်လို့ ဘယ်လိုမျိုး Backup ယူလို့ရပါသလဲ။ Backup ယူလို့ ရတဲ့နည်းလမ်းကော ရှိပါသလား။
ဖြေ - ဟုတ်ကဲ့။ နည်းလမ်းတွေရှိပါတယ်။ အလွယ်ကူဆုံးဖုန်းထဲမှာပဲ Contant တွေကို Backup ယူချင်ရင်တော့ Contant ဖိုင်ကိုဖွင့်လိုက်ပါ။ Setting ထဲကိုဝင်လိုက်ပါ။ Copy Contant ဆိုတဲ့ Box ထဲကိုဝင်လိုက်ပါ။ မိမိကူး ချင်တဲ့ကတ် (သို့) ဖုန်းထဲက Contant တွေကို Select ပေးလိုက်ပါ။ ပြီးရင် Copy ဆိုတာကိုနှိပ်ပြီး မိမိကူးထည့်မယ့်ကတ် (သို့) ဖုန်းကိုနှိပ်လိုက်ပါ။ Auto Copy ကူးပြီးသားဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။ Inport / Export ထဲဝင်ပြီးတော့လည်း မိမိ Contant တွေကို သူငယ်ချင်းတွေကို Bluetooth နဲ့ ကြိုတင် Share ထားလို့လည်းရပါသေးတယ်။

မေး - ကျွန်တော့်ဖုန်းက Coolpad 5019 ပါ။ သီချင်းဖွင့်နေရင်းနဲ့ ပြတ်သွားတာ ဘာလုပ်ရမလဲဗျ။
ဖြေ - Coolpad 5019 ဖုန်းက Power IC မှာ PM8029 သုံးထားတာပါ။ ဒီဖုန်းမှာ Power IC အောက်ခြေခဲပင် တွေပူးရင် LCD Connector မှာ လောင်သွားတာမျိုး ဖြစ်တတ်ပါတယ်။ Power ခလုတ်ဖွင့်ရင် ဖုန်းတုန်တယ်။ အသံမြည်တယ်ဆိုရင်တော့ LCD နဲ့ Connector, Backlight ပိုင်းစစ်ရမှာပါ။ အကယ်၍ လုံးဝပါဝါသေတယ်ဆို ရင်တော့ Component လေးတွေက စပြီးစစ်ရပါမယ်။ Component လေးတွေကောင်းတယ်ဆိုရင် Power IC, EMMC တို့ကို အဆင့်ဆင့်လဲရပါမယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com