1/19/2017

♪ “5BB Broadband မှ အင်တာနက်ဝိုင်ဖိုင်အခမဲ့အသုံးပြုနိုင်မည့် နေရာ ၂၁ ခု စတင်မိတ်ဆက်” ♫

Image may contain: 3 people, people sitting

ဝိုင်ဖိုင်အင်တာနက်အခမဲ့ အသုံးပြုနိုင်မည့်နေရာ ၂၁ခုအား 5BB Broadband နာမည်ဖြင့် စတင်မိတ်ဆက် လိုက်ပြီဖြစ်ကြောင်း Global Technology Group မှ သိရပါသည်။ Global Technology Group မှ CEO နှင့် ပူးတွဲတည်ထောင်သူ ဦးသိန်းသန်းတိုးက ''လွန်ခဲ့တဲ့တစ်လလောက်ကစပြီး အခမဲ့ဝိုင်ဖိုင်အသုံးပြုနိုင် တဲ့ နေရာတွေစပေးခဲ့တယ်။ လက်ရှိကနေရာ ၂၁ခု ရှိနေပြီ။နောက်ထပ်လည်း တိုးချဲ့သွားဖို့ရှိတယ်။

ကျွန်တော် တို့ဘက် ကတော့ ဖရီးဝိုင်ဖိုင်ပေးဖို့ အဆင်သင့်ပဲ၊ အဲဒီနေရာတွေကို ရောက်ရင်ဝိုင်ဖိုင်အသုံးပြုနိုင်တဲ့ဘယ် device မဆို password မလိုဘဲသုံးနိုင်တယ်။ နောက်ထပ်ပေးဖို့ ဆက်ပြီးညှိနှိုင်းနေတဲ့ ဆိုင်တွေနဲ့နေရာ ၁ဝဝ ကျော်လောက် ရှိပါတယ်။ လာမယ့်သုံးလလောက် အတွင်း နေရာ ၅ဝ ကျော်အထိပေးနိုင်ဖို့ မှန်းထားပါတယ်။ ရန်ကုန်အပြင် မန္တလေးမှာလည်း ဒီလိုမျိုးအခမဲ့ဝိုင်ဖိုင်ပေးသွားဖို့ စီစဉ်ထားပါတယ်''ဟု ပြောသည်။ ''အသုံးပြုသူအရမ်းများတဲ့ နေရာကရွှေတိဂုံဘုရားလိုနေရာမျိုးက သုံးတဲ့သူအရမ်းများတယ်၊ တစ်ယောက်တည်းက အကုန်လုံးသုံးသွားလို့ ကျန်တဲ့သူတွေ အခက်အခဲမဖြစ်ရအောင် စစချင်းဝင်သုံးတာကနေ နာရီဝက် တစ်ခါပိုင်းခြားတာတော့ရှိတယ်။ Bandwidth ကတော့ ဖိုက်ဘာကပေး တာဖြစ်ပေမယ့် လူများရင်တော့ကျသွားတာမျိုးရှိတယ်။ အခုလက်ရှိကတော့ ကျွန်တော်တို့ဘက်က အခမဲ့ဝိုင်ဖိုင်တပ်လို့ အဆင်ပြေတဲ့နေရာတွေကို အရင် တပ်ဆင်ပေးထားတယ်။ ကျွန်တော်တို့ရှေ့မှာတခြားကုမ္ပဏီက တပ်ဆင်ပြီး သားဆိုရင်လည်း အဲဒီကုမ္ပဏီတွေနဲ့ ညှိနှိုင်းပြီးတော့ဝယ်တာ၊ လွှဲပြောင်းတာ လုပ်တယ်။ မြန်နှုန်းကတော့ 512 ကနေ 1 Mb အထိ ပေးထားပါတယ်။

စပေးတုန်းက တစ် site လုံးစာ 5MB ပဲပေးထားပေမယ့်လူတိုးလာရင်တော့ ထပ်တိုးပေးလို့ ရပါတယ်။ ရွှေတိဂုံဘုရားလိုမှာဆိုရင် တိုင်နေရာ အကန့် အသတ် ရှိတယ်။ တိုင်နေရာတစ်ခုကို လူ ၃ဝ ကနေ ၅ဝ အထိတော့ ကောင်းကောင်းသုံးလို့ရတယ်။ ၅ဝ ကျော်လာရင်တော့ လိုင်းကျသွားတယ်။ ဒါမျိုးကြတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ တိုင်ပင်ရပါတယ်'' ဟု ဦးသိန်းသန်းတိုးက ရှင်းပြပါသည်။ 5BB ၏ Wifi အခမဲ့အသုံးပြုနိုင်သည့်နေရာ ၂၁ ခုမှာ(၁) ရွှေတိဂုံစေတီ တော်မြတ်၊ (၂)ဆေးတက္ကသိုလ်(၁)၊ (၃)နိုင်ငံခြား ဘာသာတက္ကသိုလ် (UFL)၊ (၄) Yangon International Airport၊ (၅)ရန်ကုန် ဘူတာကြီး၊ (၆)ဗိုလ်ချုပ်အောင်ဆန်းဈေး၊ (၇)ကရဝိတ်ဥယျာဉ်ကမ္ဘာ၊ (၈)တပ်မတော်ခန်းမ၊ (၉) Ya Kun Coffee & Toast (Yangon International Airport), (၁ဝ) Lotteria (Pearl Condo) ၊ (၁၁) Lotteria (6.5 Miles)၊ (၁၂) Lotteria (China Town) ၊ (၁၃) Eatfinity Thai Food ၊ (၁၄) Shwe Kaung Hot Pot (Bahan) ၊ (၁၅) O-Shabu ၊ (၁၆) Harmony (လှိုင်တက္ကသိုလ်)၊
(၁၇) Café Milano ၊ (၁၈) LA Bar၊ (၁၉) 7th Joint Bar & Grill ၊ (၂ဝ) DIY BBQ & Hot Pot ၊ (၂၁) Happy Cafe & Noodle (အင်းယားလမ်း) တို့ဖြစ် သည်။

5BB အင်တာနက်အားအများသုံးနေရာများတွင် ဝင်ရောက်အသုံးပြုသူများပြား သော်လည်း စားသောက်ဆိုင် များတွင်မူအသုံးပြုသူနည်းပါးသေးကြောင်း သိရသည်။ မကြာမီအချိန်အတွင်း မော်ဒန်နှင့် ရွှေပလ္လင် ကဲ့သို့သော လက်ဖက်ရည်ဆိုင်များတွင်ပါရရှိနိုင်ရန် ညှိနှိုင်းနေကြောင်းတာဝန်ရှိသူများမှသတင်း ထုတ်ပြန်ပါသည်။ Global Technology Group အား ၂ဝဝ၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး Training/ Service Center အနေဖြင့်စတင်ခဲ့ပြီး ISP လုပ်ငန်းနှင့်ပတ်သက်သောထပ်ဆောင်းဝန်ဆောင်မှုများအား လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ မကြာသေးမီက NFS(I) လိုင်စင်ရရှိခဲ့ပြီးနောက်ပိုင်းတွင်မူ စီးပွားရေးလုပ်ငန်း များအတွက် အင်တာနက် ဝန် ဆောင်မှုစတင်ပေးခဲ့ပြီး အိမ်သုံးဝိုင်ဖိုင်အင်တာနက်ဝန်ဆောင်မှုနှင့် Wireless ဝန်ဆောင်မှုများကိုပါ ၂ဝ၁၇ ဧပြီလနောက်ဆုံးထားပြီး မိတ်ဆက်ရောင်းချသွားရန်စီစဉ်ထား ကြောင်း သိရသည်။


အဆိုပါ ISP ဝန်ဆောင်မှု အတွက် Unlimited အသုံးပြုနိုင် မှုကို အဓိကထားရောင်းချသွားရန် စီစဉ်ထားကြောင်းသိရသည်။ အိမ်သုံး အတွက် ရန်ကုန်တစ်မြို့လုံးနီးပါးဝန်ဆောင်မှုပေးနိုင်မှသာ စတင်မိတ်ဆက် ပေးသွားမည်ဟုလည်း သိရပါသည်။ ရောင်းချပေးသွားမည့် အိမ်သုံး အင်တာနက် အတွက် ဈေးနှုန်းကိုလည်းလက်ရှိ ISP များထက် အသက်သာ ဆုံးဖြစ်စေရန်မျှော်မှန်းထားကြောင်း Global Net တာဝန်ရှိသူကဆိုပါသည်။ Global Net အနေဖြင့် International Gateway လိုင်စင်အတွက် လည်း လျှောက်ထားသွားရန် စီစဉ်ထားပါသည်။


ရဲလင်းလင်းသန်း

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 






www.pyaephyo.com