5/20/2016

♪ အင်တာနက်မြန်နှုန်းတိုင်းတာပေးမယ့် အခမဲ့ဝက်ဘ်ဆိုဒ်ကို Netflix လွှင့်တင် ♫


ကိုယ့်အင်တာနက်မြန်နှုန်း ဘယ်လောက်ရှိလဲဆိုတာ အမြဲစစ်ဆေးချင်တဲ့လူတွေအတွက် အခမဲ့ဝက်ဘ်ဆိုဒ် အသစ်တစ်ခုကို Netflix က လွှင့်တင်လိုက်ပြီဖြစ်ပါတယ်။

Fast.com လို့ အမည်ပေးထားတဲ့ အခမဲ့ဝက်ဘ်ဆိုဒ်ဟာ သင့် မိုဘိုင်းအင်တာနက်နဲ့ broadband အင်တာနက် မြန်လား နှေးလားဆိုတာကို အခမဲ့တိုင်းပေးမှာဖြစ်ပါတယ်။

အဓိကအားဖြင့် download speed ကိုပဲ တိုင်းတာပေးသွားမှာဖြစ်ပြီး၊ ping တွေ latency တွေကိုတော့ တွက်ချက်ပေးသွားမှာမဟုတ်ပါဘူး။ ဒါဟာလည်း Netflix က ဒီဝက်ဘ်ဆိုဒ်ကို ရိုးရိုးရှင်းရှင်းနဲ့ အင်တာနက် download speed မြန်နှုန်းဘယ်လောက်ရှိလဲ လွယ်လွယ်တွက်ချက်နိုင်မယ့် ၀က်ဘ်ဆိုဒ်အဖြစ်သာ ရှိစေချင်လို့ ဖြစ်ပါတယ်။

Fast.com ၀က်ဘ်ဆိုဒ်ကို တစ်ကမ္ဘာလုံးက ဖုန်း၊ လက်ပ်တော့၊ စမတ်တီဗီတွေတိုင်းမှာ အသုံးပြုနိုင်ပြီး၊ မြန်နှုန်းတွက်ချက်မှုကလည်း တော်တော်မြန်တာတွေ့ရပါတယ်။

အကယ်၍ကိုယ့် အင်တာနက်မြန်နှုန်းက ကိုယ်ပိုက်ဆံပေးသုံးနေရတဲ့ internet service provider ကုမ္ပဏီပြောထားတာထက် နည်းနေတယ်ဆိုရင် ဝေဖန်အကြောင်းကြားနိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။

Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


www.pyaephyo.com