5/26/2016

♪ “Android Apps များကို အင်စတောမလုပ်ဘဲ သုံးနိုင်တော့မည်” ♫


Google I/O 2016 Developer Conference မှာ Google က Android Apps များကိုအင်စတောမလုပ်ဘဲ သုံးနိုင်မယ့် စွမ်းဆောင်ချက် အသစ်တစ်ခုကို မိတ်ဆက် လိုက်ပါတယ်။ Android Apps သန်းပေါင်းများစွာရှိပါတယ်။ ဒါပေမယ့် အသုံးပြုသူအများစုဟာ App များစွာကိုအင်စတောမလုပ်ချင်ကြ ပါဘူး။ Google က သူ့ရဲ့ စွမ်းဆောင်ချက်အသစ်ကို Android Instant လို့ အမည်ပေးထားပါတယ်။

အဆိုပါ စွမ်းဆောင်ချက်ဟာ Cloud ကနေ App များကိုအသုံးပြုလို့ရစေတာ ဖြစ်ပြီး လိုအပ်တဲ့ အစိတ်အပိုင်းများကိုသာ အသုံးပြုသူထံသို့ ပေးပို့တာဖြစ်ပါတယ်။ Google က Android Instant ရဲ့ စွမ်းဆောင်ချက်များကိုလည်းစင်ပေါ်မှာ ပြသခဲ့ပါတယ်။ သရုပ်ပြမှုတစ်ခုတွင် အသုံးပြုသူတစ်ယောက်က အရောင်းဆိုင် B&H မှ ပစ္စည်းတစ်ခုကိုရှာဖွေပြီး နှိပ်ကြည့်လျှင် B&H App ကိုဖွင့်ပြီးပြသမှာဖြစ်ပါတယ်။

B&H ကိုသင့်ဖုန်းမှာ အင်စတောလုပ်ထား စရာမလိုပါဘူး။ ဒါ့အပြင် မိုဘိုင်းဝက်ဆိုက်များကို ဖွင့်ကြည့်တာထက် App ကနေဖွင့်ပေးတာဟာအသုံးပြုသူများအတွက် ပိုမိုအဆင်ပြေစေပါတယ်။ အထူးသဖြင့် Storage နည်းပါးတဲ့ ဖုန်းများ အတွက် အသုံးဝင်ပါတယ်။ စမတ်ဖုန်းများက လူသားများရဲ့ နေ့စဉ်လူနေမှု ဘ၀များကို ကဏ္ဍပေါင်းစုံကနေထောက်ပံ့နေပါတယ်။ အဲဒီအတွက် စမတ်ဖုန်းများမှာ Apps များစွာကို ထည့်သွင်းထားကြမှာ ဖြစ်ပါတယ်။

အနာဂတ်မှာတော့ Android Instant ရဲ့ စွမ်းရည်ကြောင့် Storage ကုန်ကျမှု မရှိဘဲ Apps များစွာကိုအသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ နောက်ပြီး Google က Android Instant Apps များကို Web Results များနဲ့ ချိတ်ဆက်ထားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ဖုန်းများကနေ ၀က်ဆိုက်များ ဖွင့်ကြည့်တဲ့အခါမှာ ပိုမိုကောင်းမွန်တဲ့ Apps များနဲ့ ပြသပေးတော့မှာဖြစ်ပါတယ်။

Android Instant နည်းပညာမှာ Apps များကိုအစိတ်အပိုင်းများစွာဖြစ်အောင် ခွဲခြမ်း ထားပါတယ်။ Google Play က အသုံးပြုသူလိုအပ်တဲ့ App အစိတ်အပိုင်းများ ကိုသာပေးပို့ဖို့ စီမံမှာပါ။ Developers များက သူတို့ရဲ့ Apps များမှာ Android Instant စွမ်းရည်ကိုထည့်သွင်းနိုင်မှာပါ။

Mobile Guide Journal (Every Monday)
https://web.facebook.com/officialmobileguidejournal



<<< စိတ်ဝင်စားတယ်ဆိုရင်အောက်ကကြော်ငြာကိုဝင်ရောက်လေ့လာနိုင်ပါတယ်ဗျာ။ ကျွန်တော့်ကိုလည်းတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com