5/25/2016

♪ " အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြဿ နာများ " ♫


မေး - အစ်ကိုရေ ကျွန်တော့် Samsung S2 ဖုန်းလေး Charging ကြိုးထိုးရင် ပါဝါတစ်ချက်ပွင့်ပြီး အားဝင်ပုံလဲမပြဘူး။ အားလည်း မဝင်ပါဘူး။ ပါဝါပိတ်ပြီးသွင်းရင်လည်း အားဝင်ပုံလေးမပြဘဲ ပါဝါတန်းပွင့်သွားပါတယ်။ ဘာ Error လဲမသိဘူးခင်ဗျာ။
ဖြေ - အစ်ကို့ဖုန်းက Charging ကြိုးထိုးလိုက်တာနဲ့ ပါဝါပွင့်လာတယ်ဆိုတော့ USB ခေါင်းက အလုပ်လုပ်ပါတယ်။ ဒီလို Error မျိုးက Charging IC ကြောင့် အဖြစ်များပါတယ်ခင်ဗျာ။ Charging IC ကိုသာ ဖြုတ်လဲကြည့်ပါခင်ဗျာ။

 မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Huawei ဖုန်းပါဗျ။ Speaker အသံတိုးနေလို့ပါ။ ဝယ်ထားတာ ၆ လလောက်ရှိပြီ။ အစက အသံကျယ်တယ်။ အခုမရတော့လို့ပါ။
ဖြေ - ဟုတ်ကဲ့ပါဗျာ။ အစ်ကို့ဖုန်းကို သေချာသန့်ရှင်းရေးလုပ်ကြည့်ပါ။ Speaker ရဲ့နောက်မှာ ဖုန်ကပ်နေရင် တိုးတတ်ပါတယ်။ နောက်တစ်ခုက Speaker အသစ်လဲကြည့်ပါ။ မရဘူးဆိုရင် Volt မရောက်တာဖြစ်တဲ့အတွက် နီးစပ်ရာဆိုင်ကိုပို့မှ အဆင်ပြေပါလိမ့်မယ်။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက ပါဝါနှိုးရင်အကောင်း။ ဒါပေမဲ့ အားသွင်းလိုက်ရင် ပါဝါသေသွားတယ်။ ပါဝါဖွင့်လည်း ပြန်တက်မလာတော့ဘူး။ အားသွင်းကြိုးဖြုတ်လိုက်ပြီး ပါဝါပြန်ဖွင့်ရင် ပါဝါပြန်တက်တယ်။ အကုန်ပြန်သုံးလို့ရလာတယ်။ ဘာဖြစ်တာလဲ မသိဘူး။
ဖြေ - အစ်ကို အားသွင်းကြိုးမထိုးရင် ဖုန်းက အကုန်သုံးလို့ရတယ်။ USB ကြိုးထိုးလိုက်ရင် ပါဝါသေသွားတာက USB ခေါင်းက Shock ကျတာဖြစ်နိုင်သလို USB ကြိုးက Shock ကျနေတာလည်းဖြစ်နိုင်တယ်။ USB ကြိုးနဲ့ ခေါင်းကို အသစ်လဲပြီးသုံးကြည့်ပါလား။ အသစ်လဲပြီးသုံးလည်းမရဘူးဆိုရင် USB နဲ့ သက်ဆိုင်ရာလမ်းကြောင်းတွေကို စစ်ဆေးကြည့်ရပါမယ်။

 မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Huawei ဖုန်းပါ။ ဖုန်းက Power ဖွင့်ထားရင် Touch က သုံးလို့ရတယ်။ Screen Lock လိုက်ချထားပြီး နည်းနည်းကြာလို့ Power ဖွင့်ရင် Touch က သုံးလို့မရဘူး။ ဘာဖြစ်တာလဲမသိဘူးဗျ။
ဖြေ - အစ်ကို အဲ့တာက Touch အရည်အသွေးညံ့လို့ပါ။ ဆိုင်မှာ Touch တွေလဲဖူးလား။ အဲ့တာက Touch မကောင်းတာပါ။ Touch ပြန်လဲပေးရပါမယ်။ နီးစပ်ရာဆိုင်မှာ သွားပြကြည့်လိုက်ပါ။

 မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက 8813 ပါ။ ဆိုင်မှာ Touch လဲ လိုက်ပါတယ်။ ပြန်ရလာတော့ Sensor အလုပ်မလုပ်တော့ဘူး။ ဘာဖြစ်တာလဲမသိဘူး။
ဖြေ - အစ်ကိုရေ အဲ့တာက Sensor အပေါ်မှာစွပ်ထားတဲ့ ရာဘာအစွပ်လေးပျောက်သွားရင်လည်း Sensor မရပါဘူး။ Sensor နားကို ကော်သေချာမကပ်ရင်လည်း မရပါဘူး။ အဲ့တာကြောင့် အစ်ကိုရေ Touch လဲထားတဲ့ဆိုင်ကို သွားပြကြည့်လိုက်ပါ။

 မေး - ဟုတ်ကဲ့ပါခင်ဗျာ။ ကျွန်တော်က ဖုန်းဆိုင်မှာ Service လေးလုပ်ပါတယ်။ ကျွန်တော့်ဖုန်းက Huawei ပါ။ Version လေး 4.0.3 ပါ။ မြန်မာဖောင့်မပေါ်ဖြစ်နေတယ်။ စဝယ်တုန်းက
မြန်မာဖောင့်ပါပါတယ်။ စက်လေးတော့ Factor Restart ချလိုက်တာ
ပြန်တက်လာတော့ အဆင်မပြေဖြစ်သွားတယ်။ Theme နဲ့လည်း ကစားကြည့်တယ်။ အဆင်မပြေဘူး။ နည်းလမ်းလေးများရှိမလား။ Root လုပ်ပါတယ်/ဖောက်ပါတယ်။ မြန်မာစာမပေါ်ဘူးဖြစ်နေတယ်။ ဘာများဖြစ်လို့လဲမသိဘူးခင်ဗျာ။
ဖြေ - ဟုတ်ကဲ့အစ်ကို။ အစ်ကို့ဖုန်းက မြန်မာတစ်ဝှမ်းနဲ့ နိုင်ငံအားလုံးရဲ့ရောင်းအားအကောင်းဆုံး Huawei ဖုန်းလေးတစ်ခုဖြစ်တယ်။ သုံးရစွဲရတာလည်း အဆင်ပြေတယ်။
မြန်မာနိုင်ငံမှာသုံးတယ်ဆိုတော့ မြန်မာလိုမြင်မှအဆင်ပြေမှာလေ။ Huawei ဖုန်းတော်တော်များများ Version 4 ကျော်ရင် V Root 1.7.9 ဖောက်ပါတယ်။ တချို့ဖုန်းတွေက Root ဖောက်တာနဲ့ အဆင်ပြေပါတယ်။ အဆင်မပြေတဲ့ဖုန်းများကို Zawgyi Changer နဲ့ ကစားပေးရပါတယ်။ 4.3 ကျော်ရင်တော့ MMSD Changer နဲ့ပြုလုပ်ပေးရပါတယ်။ အစ်ကို့ဖုန်းအဆင်ပြေမှာပါ။

 မေး - ကျွန်တော့်ဖုန်းက G610 ပါ။ Touch ပြားလဲလိုက်ပြီးမှ Network မသိတော့လို့ပါ။ ကူညီပါဦးခင်ဗျာ။
ဖြေ - G610 မှာ Touch ပြားလဲရင် ဂရုစိုက်စေချင်ပါတယ်။ Body Cover လဲလိုက်ရင်တော့ ရတတ်တာမျိုးရှိပါတယ်။ Network ငုတ်လေးတွေ ကျိုး/မကျိုးကိုလည်း စစ်ဆေးသင့်ပါတယ်။ ကျိုးနေရင် အသစ်လဲလှယ်ပေးလိုက်ပါ။ အဆင်ပြေပါစေ။

ဤကဏ္ဍကို Today Mobile ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ မှ ကူညီပံ့ပိုးပါသည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal



<<< စိတ်ဝင်စားတယ်ဆိုရင်အောက်ကကြော်ငြာကိုဝင်ရောက်လေ့လာနိုင်ပါတယ်ဗျာ။ ကျွန်တော့်ကိုလည်းတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com