ကိုယ်ရိုက်ချင်တဲ့စကားကို အလိုအလျောက်ခန့်မှန်းပေးနိုင်တဲ့ feature
ကြောင့် နာမည်ကျော်တဲ့ SwiftKey ကီးဘုတ်ဟာ အခုအခါ emoji တွေကို
ခန့်မှန်းပေးမယ့် ကီးဘုတ်အသစ်တစ်ခုကို စမ်းသပ်လျက်ရှိတယ်လို့ သိရပါတယ်။
Swiftmoji လို့ အမည်ပေးထားတဲ့ အဆိုပါ Android ကီးဘုတ်အသစ်ဟာ ၎င်းရဲ့ prediction engine ကို အသုံးပြုပြီး၊ ကိုယ်ရိုက်ထားတဲ့စာသားနဲ့ လိုက်မယ့် emoji တွေကို ခန့်မှန်းပေးမှာဖြစ်ပါတယ်။
Microsoft ကုမ္ပဏီက မကြာသေးခင်က၀ယ်ယူထားတဲ့ SwiftKey ရဲ့ ပြောကြားချက်အရ emoji ခန့်မှန်းပေးတဲ့ဘားကို ကီးဘုတ်အတွင်းက word suggestion ဘားအပေါ်မှာ တွေ့မြင်ရမှာဖြစ်ပြီး၊ စာသားနဲ့ အလိုက်ဆုံး emoji တွေကို ရွေးချယ်ဖော်ပြပေးမှာဖြစ်ပါတယ်။
Swiftmoji ကီးဘုတ်ကို beta စမ်းသပ်ချင်တဲ့လူတွေအနေနဲ့ အောက်က လင့်ခ်ကို ကလစ်နှိပ်ပြီး စမ်းသပ်သုံးကြည့်နိုင်ပါတယ်။
Sign up for the Swiftmoji beta on Android
Credit to ==> Digital Times