5/21/2016

App တွေကို install လုပ်စရာမလိုဘဲ၊ အစမ်းသုံးကြည့်နိုင်မယ့် Android Instant Apps ကို Google မိတ်ဆက်


ကယ်လီဖိုးနီးယားပြည်နယ်၊ မောင်တိန်းဗျူးမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Google I/O ဆော့ဖ်ဝဲ developer ညီလာခံပွဲမှာ Google ဟာ ကုမ္ပဏီရဲ့ပရောဂျက်အသစ်ဖြစ်တဲ့ Android Instant Apps ကို စတင်မိတ်ဆက်သွားခဲ့ပါတယ်။

Android Instant Apps ဆိုတာ အက်ပလီကေးရှင်းတွေကို ဖုန်းထဲ install လုပ်စရာမလိုဘဲ၊ အစမ်းသုံးကြည့်နိုင်မယ့် ၀န်ဆောင်မှုဖြစ်ပါတယ်။

ကိုယ့်ဖုန်းထဲမှာ အမြဲထည့်ထားစရာမလိုတဲံ အက်ပလီကေးရှင်းမျိုး၊ ဥပမာ အွန်လိုင်းရှော့ပင်း app မျိုးမှာ၊ ဖုန်းထဲကို install လုပ်စရာမလိုဘဲ၊ သူ့ရဲ့ Instant Apps အင်တာနက်လိပ်စာ (URL) ကို နှိပ်လိုက်ရုံနဲ့၊ အင်တာနက်ပေါ်မှာတင် အဆိုပါ app ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီနည်းအားဖြင့် ဖုန်းstorage space ကို နေရာယူမှာ ပူစရာမလိုတော့ဘဲ၊ ကိုယ်စိတ်ဝင်စားတဲ့ app တွေကိုလည်း ဖုန်းထဲမသွင်းခင်၊ အင်တာနက်ပေါ်မှာတင် စမ်းသုံးကြည့်နိုင်မှာဖြစ်ပါတယ်။

မိမိ ရေးဆွဲထားတဲ့ Android app ကို Instant Apps ပေးချင်သူ developer တွေအနေနဲ့၊ သီးခြား App တစ်ခု ရေးဆွဲစရာလိုမှာမဟုတ်ဘဲ၊ ကိုယ်ဆွဲပြီးသား Android Apps ကိုပဲ ‘ကိုက်ညီမှုရှိအောင်ပြင်ဆင်မှု’ လုပ်ပေးရမှာဖြစ်ပါတယ်။

App တစ်ခုကို ချက်ချင်းသုံးကြည့်ဖို့အတွက် လိုအပ်တဲ့ bits ကိုပဲ Google Play ကနေ ဒေါင်းလုဒ်ယူ၊ run ဖို့ မိမိ App ကို ပြင်ဆင်ပေးရမှာဖြစ်ပြီး၊ သာမန် web စာမျက်နှာတစ်ခုကို ဖွင့်လို့ကြာတဲ့အချိန်အတွင်းမှာ App ကို သုံးနိုင်အောင် လုပ်ပေးရမှာဖြစ်ပါတယ်။

ရိုးရှင်းတဲ့ Apps တွေဆို တစ်ရက်ထဲနဲ့ အပြီးလုပ်နိုင်ပေမယ့်၊ ကိုယ်ရေးထားတဲ့ App ရဲ့ ကုဒ်ရှုပ်ထွေးမှု ပုံစံအပေါ် မူတည်ပြီး အချိန်ကတော့ ပိုကြာနိုင်တယ်လို့ Android Instant Apps ရဲ့ ထုတ်ကုန်မန်နေဂျာ Suresh Ganapathy က ရှင်းပြခဲ့ပါတယ်။

Android Instant Apps ရဲ့ စိတ်ဝင်စားစရာနောက်တစ်ချက်ကတော့ Android N ကျမှ ပါဝင်လာမှာမဟုတ်ဘဲ၊ Jelly Bean ကနေ စတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် Google Play Store နဲ့ Google Services တွေမရတဲ့ တရုတ်ဖုန်းတစ်ချို့မှာတော့ ဒီ feature ကို သုံးနိုင်မှာမဟုတ်ပါဘူး။

Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>