5/25/2016

♪ “MPT မှ သုံးစွဲသူဦးရေ သန်း ၂၀ ပြည့်အဖြစ် ကျပ်သိန်း ၂၀ ဖိုးထိ ဖုန်းဘေရရှိမည့် ကံစမ်းမဲစတင်” ♫


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ သုံးစွဲသူဦးရေ သန်း ၂၀ ပြည့်အထိမ်းအမှတ်အဖြစ် ကျပ်သိန်း ၂၀ ဖိုး အထိ ဖုန်းငွေဖြည့်ပေးမည့် ကံစမ်းမဲ အစီအစဉ် စတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။MPT ၏ ကြိုတင်ငွေချေ စနစ်သုံးနှင့် ကျသင့်ငွေချေစနစ်သုံး GSM/WCDMA/CDMA သုံးစွဲသူတိုင်း အတွက် အကျုံးဝင်ပြီး SMS နံပါတ် 2222 သို့ “20” ဟု စာတိုပေးပို့ လိုက်ရုံ ဖြင့် ဖုန်းငွေဖြည့်ပေးခြင်းကို ဆွတ်ခူးနိုင်မည့် ကံစမ်းမဲ အစီအစဉ်သို့ ပါဝင်ခွင့် ရရှိမည်ဖြစ်သည်။

 မေလ ၂၀ ရက်နေ့မှ ဇွန် လ ၂ ရက်နေ့အတွင်းပြုလုပ်မည့် ထိုကံစမ်းမဲအစီ အစဉ်ကို ပါဝင်သူတိုင်းသည် ဗလာမပါကံစမ်းမဲအနေဖြင့် အများဆုံး ကျပ်သိန်း ၂၀ မှ အနည်းဆုံး ကျပ် ၂၀၀ အထိ ဖုန်း ငွေဖြည့် တန်ဖိုး ကံစမ်းနိုင်မည်ဖြစ်သည်။ ဆုမဲပေါက်သူများအား ဇွန်လ ၈ ရက် နေ့နောက်ပိုင်းတွင် အကြောင်းကြား မည်ဖြစ်ကြောင်း သိရသည်။ ဤကံစမ်းမဲအစီအစဉ်သည် MPT သုံးစွဲသူ မိဘပြည်သူ သန်း ၂၀ အတွက်
“မိသားစု” ဆန်သော အောင်ပွဲခံခြင်းအထိမ်းအမှတ်ဖြစ်ပြီး သုံးစွဲသူတိုင်းက ကံထူးခွင့်ရရှိနိုင်မည့် အခွင့်အရေးဖြစ်ပြီး အ၀င်ဖုန်း ခေါ်ဆိုမှု ပိတ်ခံထား ရသော သို့မဟုတ် အ၀င်/အထွက် ဖုန်းခေါ်ဆိုမှုများ ပိတ်ခံထားရသော SIM ကတ်များလည်း ယခုကံစမ်းမဲ အစီအစဉ်တွင် ငွေပြန်ဖြည့်၍ ပါဝင်နိုင်မည် ဖြစ်သည်။

ဆုကြေးများတွင် ကျပ် ၂,၀၀၀,၀၀၀ (MPT အချင်းချင်း ဖုန်းခေါ်ဆိုမှုအတွက် ကျပ် ၁၀ သိန်းနှင့် ဖုန်းအင်တာ နက် သုံးစွဲရန် ကျပ် ၁၀ သိန်း) ကို အသုံးပြု ခွင့် သက်တမ်း ၅ နှစ်ရရှိမည့် ဆုအရေအတွက် ၂၀၊ ရက်ပေါင်း ၃၆၀ သက်တမ်း အသုံးပြုနိုင်မည့် ကျပ် ၂၀၀,၀၀၀ (MPT အချင်းချင်းဖုန်း ခေါ်ဆိုမှု အတွက် ကျပ် ၁ သိန်းနှင့် ဖုန်းအင်တာ နက်သုံးစွဲရန် ကျပ် ၁ သိန်း) ဆု အရေအတွက် ၂၀၀၊ ရက် ၆၀ သက်တမ်းရှိ ကျပ် ၂၀,၀၀၀ (MPT အချင်းချင်း ဖုန်း ခေါ်ဆိုမှုအတွက် ကျပ် ၁ သောင်းနှင့် ဖုန်းအင်တာနက်သုံးစွဲရန် ကျပ် ၁ သောင်း) ရရှိမည့် ဆုအရေအတွက် ၂၀၀၀၊ ၁၀ ရက်သက်တမ်းအသုံးပြုနိုင် မည့် ကျပ် ၂,၀၀၀ (MPT အချင်းချင်း ဖုန်းခေါ်ဆိုမှုအတွက် ကျပ် ၁ ထောင် နှင့် ဖုန်း အင်တာနက်သုံးစွဲရန် ကျပ် ၁ ထောင်) ဆုအရေအတွက် ၂ သိန်း၊ အနည်းဆုံး ဆုကြေးအဖြစ် ၅ ရက်တာအတွင်း အသုံးပြုနိုင်မည့် ကျပ် ၂၀၀ (MPT အချင်းချင်း ဖုန်းခေါ်ဆိုမှုနှင့် ဖုန်းအင်တာနက် သုံးစွဲရန်) အစရှိသည့် ဆုကြေးများ ပါဝင်မည်ဖြစ်သည်။

မက်ဆေ့ပေးပို့လိုက်သူများထဲမှ ဆုကြေးများအား ဇွန်လ ၂ ရက် နေ့ နောက်ပိုင်းတွင် အကြောင်းကြားပေးမည် ဖြစ်ပြီး ဆုကြီးများအတွက် ဖေ့ဘုတ်နှင့် အခြားမီဒီယာများမှ လည်း ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 Prepaid ဆင်းကတ်အသုံးပြုသူများအတွက် ဆုကြေးငွေကို အလိုအလျောက် ဖြည့်ပေးသွားမည်ဖြစ်ပြီး postpaid ဆင်းကတ် အသုံးပြု သူများအတွက် ဖုန်းဘေကျသင့်ငွေထဲမှ လျှော့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ MPT မိုဘိုင်း သုံးစွဲသူ အားလုံးတစ်ကြိမ်သာ မက်ဆေ့ ပေးပို့ ကံစမ်းခွင့်ရရှိမည်ဖြစ်သည်။MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က “ပထမဆုံးအနေနဲ့ MPT ကို အစဉ်တစိုက် အားပေးနေကြတဲ့ သုံးစွဲသူ မိဘပြည်သူအားလုံးကို ကျေးဇူး တင်ပါတယ်။ MPT ဟာ မြန်မာပြည်ရဲ့ ပထမဆုံးနဲ့ သက်တမ်းအရှည်ကြာဆုံး အော်ပရေတာဖြစ်ပါတယ်။

 အခုဆိုရင် MPT ဟာ ဆက်သွယ်ရေးနယ်ပယ်မှာ ဆန်းသစ်တီထွင်မှုတွေနဲ့အတူ အသုံးပြုသူများအတွက် အကျိုးကျေး ဇူးတွေ အများကြီး ပါရှိနေပြီး စိတ်ဝင်စားစရာကောင်းတဲ့ အနေအထားမှာ ရှိနေပါပြီ။ ကျွန်တော်တို့ ရဲ့ ရှေ့သို့လှမ်းချီမြန်မာပြည်ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ဖြစ်မြောက်အောင် ကူညီပံ့ပိုးခဲ့ကြတဲ့ သုံးစွဲသူတွေအတွက် ကျေးဇူးတုံ့ပြန် လိုပါတယ်။ ဒါကြောင့်လည်း ဒီသုံးစွဲသူ သန်း ၂၀ လုံး ပါဝင်ခံစားနိုင်မယ့် ကံစမ်းမဲအစီအစဉ်ကို ပြုလုပ်ခြင်းဖြင့် ကျေးဇူးတုံ့ပြန်တာဖြစ်တဲ့ အပြင် MPT မိသားစုဝင်တွေ ပိုမိုများပြားလာဖို့လည်း သုံးစွဲသူအသစ်တွေကို ကြိုဆိုနေပါတယ်” ဟု ပြောသည်။

ယခုအကြိမ်သည် သုံးစွဲသူ သန်း ၂၀ ပြည့် အထိမ်းအမှတ်အတွက် ပထမ အကြိမ် promotion ဖြစ်ပြီး အခြား ပရိုမိုးရှင်းအစီအစဉ်များကို ထပ်မံပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် MPT မိုဘိုင်း သုံးစွဲသူ ဦးရေ သန်း ၂၀ ရှိနေပြီဖြစ်ပြီး မြန်မာနိုင်ငံ လူဦးရေ၏ ၉၆% အား နက်ဝေါ့ လွှမ်းခြုံထားနိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန် ထားပါသည်။

ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal



<<< စိတ်ဝင်စားတယ်ဆိုရင်အောက်ကကြော်ငြာကိုဝင်ရောက်လေ့လာနိုင်ပါတယ်ဗျာ။ ကျွန်တော့်ကိုလည်းတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com