Lenovo မှထုတ်ကုန်တစ်ခုဖြစ်တဲ့ Motorola
ဖုန်းအသစ်များကိုပြီးခဲ့တဲ့အင်္ဂါနေ့ ကမိတ်ဆက်ခဲ့ပါတယ်။ Moto G line
ထဲကပဲဖြစ်ပြီးအသစ်မိတ်ဆက်ခဲ့တာကတော့ Moto G4 နဲ့ Moto G4 Plus တို
့ပဲဖြစ်ပါတယ်။
၎င်းတို့ တွင်ပိုမိုကောင်းမွန်တဲ့ကင်မရာ၊ Fingerprint sensor နှင့်အတူ ပိုမိုများပြားတဲ့ RAM ပမာဏလည်းပါဝင်ပါတယ်။ ဖုန်းအရွယ်အစားကတော့ ၅.၅ လက်မခန့် ရှိပြီး G4 Plus တွင်ကင်မရာပိုင်းကိုပိုဦးစားပေးထားပါတယ်။
ဒါကြောင့်လည်း၎င်းတို့ ၏မိတ်ဆက်ပွဲတွင် iphone 6s plus ထက်ကင်မရာကောင်းမွန်ပြီးဈေးသက်သာတဲ့ ဖုန်းလို့ ခေါ်ဝေါ်ခဲ့တာဖြစ်ပါလိမ့်မယ်။ ဈေးနှုန်းတွေကတော့ အမေရိကန်ဒေါ်လာ (၁၅၀) နှင့် (၂၀၀)ကြားမှာ ပဲရှိလိမ့်မယ်လို့ သိရပါတယ်။

Ref;bgr
#Thetmyatnoewei(MMAS)
#Thetmyatnoewei(MMAS)