5/23/2016

♪ LG စမတ်ဖုန်း ၃ မျိုးကို အထူးလျှော့ဈေးဖြင့် ရောင်းချမည် ♫


LG စမတ်ဖုန်း ၃ မျိုးကို အထူးလျှော့ဈေးဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း Junction Mawtin တွင် ဖွင့်လှစ်ထားသည့် Techno Life Audio, Electronics, IT & Mobile အရောင်းဆိုင်မှ သိရသည်။

အဆိုပါစမတ်ဖုန်း ၃ မျိုးမှာ ၅ လက်မမျက်နှာပြင် အရွယ်အစားရှိ LG L Bello, ၅.၅ လက်မမျက်နှာပြင် အရွယ်အစားရှိ LG G3 Stylus နှင့် ၅ လက်မမျက်နှာပြင် အရွယ်အစားရှိ LG AKA တို့ဖြစ်ပြီး ၎င်း စမတ်ဖုန်း ၃ မျိုးအား ၅၀,၀၀၀ ကျပ်ဝန်းကျင်အထိ ဈေးလျှော့ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။ ဖုန်းသုံးမျိုး စလုံးအတွက် ၁ နှစ်အာမခံ ပါဝင်မည်ဖြစ်ပြီး Internal Memory 8 GB, RAM 1 GB ပါဝင် သော LG L Bello အား ၁၅၀,၀၀၀ ကျပ်၊ Internal Memory 8 Gb, RAM 1 GB ပါဝင်သော LG G3 Stylus အား ၂၁၀,၀၀၀ ကျပ်၊ Internal Memory 16 Gb, RAM 1.5 GB ပါဝင်သော LG AKA အား ၂၇၄,၀၀၀ ကျပ် တို့ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပရိုမိုးရှင်းကာလအား သတ်မှတ်ထားခြင်းမရှိဘဲ ဖုန်းမော်ဒယ် တစ်မျိုးလျင် ၂ လုံးနှုန်းဖြင့် မော်ဒယ် ၃ မျိုးအတွက် ဖုန်း ၆ လုံးအား ဦးရာလူ စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အသေးစိတ်သိရှိလိုပါက Techno Life အရောင်းဆိုင် ဖုန်း-၀၉ ၇၉၈၈ ၉၄၀၆၆ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်သည်။

Credit to ==> Internet Journal

<<< စိတ်ဝင်စားတယ်ဆိုရင်အောက်ကကြော်ငြာကိုဝင်ရောက်လေ့လာနိုင်ပါတယ်ဗျာ။ >>>