5/26/2016

♪ အင်တာနက် အသုံးပြုစဉ် သတိပြုစရာ လမ်းညွှန်စာအုပ်ကို မိတ်ဆက် ♫


အင်တာနက် အသုံးပြုစဉ် ကြုံတွေ့နိုင်သည့် သတိပြုစရာများကို လမ်းညွှန်စာအုပ်အဖြစ် Telenor Myanmar က မိတ်ဆက်လိုက်ကြောင်း သိရသည်။

“မိမိကလေးကို အင်တာနက်အကြောင်း ဘယ်လိုပြောမလဲ” အမည်ဖြင့် လမ်းညွှန်စာအုပ်ကို ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး မိဘများအနေဖြင့် သားသမီးများ အင်တာနက်အသုံးပြုစဉ် သတိပြုစရာများကို ကူညီရှောင်ရှားပေးရန် အတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။

Telenor သည် (၂၇) ကြိမ်မြောက် Net Monday အစီအစဉ်တွင် အဆိုပါစာအုပ်ကို မိတ်ဆက် ပေးခဲ့ခြင်းဖြစ်ပြီး Net Monday အစီအစဉ်တွင်လည်း ဘေးကင်းသည့် အင်တာနက် အသုံးပြုမှု အတွက် ဦးစားပေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

မိမိကလေးကို အင်တာနက်အကြောင်း ဘယ်လိုပြောမလဲ စာအုပ်ကို http://bit.ly/TelenorSafeInternet အတွင်း အခမဲ့ရယူနိုင်ကြောင်း အဆိုပါစာအုပ်အတွင်း ကလေးများနှင့် အင်တာနက်ကွန်ရက် အကြား ဖြစ်ရပ်များကိုဖော်ပြထားပြီး ကလေးများအတွက်မိဘများ မှပြောပြထား သင့်သည့် အကြောင်းအရာများလည်း ပါဝင်သည်။


Credit to ==> Internet Journal
 

<<< စိတ်ဝင်စားတယ်ဆိုရင်အောက်ကကြော်ငြာကိုဝင်ရောက်လေ့လာနိုင်ပါတယ်ဗျာ။ ကျွန်တော့်ကိုလည်းတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com