5/29/2016

♪ အစိတ်အပိုင်းများ ဖြုတ်၊ တပ်နိုင်တဲ့ ဖုန်းလာပြီ ♫

Capture-1

Google က အစိတ်အပိုင်းများ ဖြုတ်၊ တပ်နိုင်တဲ့ စမတ်ဖုန်းများကို Project Ata စီမံကိန်းကနေတီထွင်နေပါတယ်။ အဲဒီဖုန်းတစ်လုံး ၀ယ်ထားရင်တော့ မိတ်ဆွေ နောက်ထပ် ဖုန်းတစ်လုံး ၀ယ်ဖို့ မလိုတော့ပါဘူ။ တစ်သက်လုံးသုံးနိုင်မှာပါ။

သင့် ဖုန်းရဲ့ ကင်မရာဒိတ်အောက်သွားရင် ဖုန်းအသစ် ၀ယ်ဖို့ မလိုတော့ပါဘူး။ ကင်မရာအသစ်တစ်လုံးကို ၀ယ်ပြီးလဲလိုက်ရုံပါပဲ။ အဲဒီလိုပဲ CPU, Memory , Battery , Graphic , Speaker စတဲ့ အစိတ်အပိုင်းအားလုံးကိုလည်းဒီနည်းနဲ့ အဆင့်မြှင့်နိုင်ပါတယ်။ အခုတော့ Google က အဲဒီ Modular Phone ကိုဒီနှစ်ထဲမှာ ဖြန့်ချီတော့မှာပါ။ ဒါပေမယ့် Developer များအတွက်ပါ။

စားသုံးသူများအတွက်လည်းနီးလာပြီဆိုတဲ့ သဘောပါပဲ။ Google ရဲ့ သရုပ်ပြချက်အရဖုန်းမှ အစိတ်အပိုင်းတစ်ခုကို ဖြုတ်ချင်ရင် Settings ထဲသွားလုပ်ရမှာပါ။ ဒီထက်လွယ်တဲ့ နည်းက Ok Google Command ကိုသုံးပြီးပါးစပ်နဲ့ ပြောလိုက်ရုံပါပဲ။ Google ထက် လက်ဦးမှု ယူပြီးဈေးကွက်ထဲစတင် ရောင်းချနိုင်တဲ့ ဖုန်းကတော့ LG G5 ပါပဲ။

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com