ဆက်သွယ်ရေးအော်ပရေတာ
တစ်ခုဖြစ်သည့် Ooredoo သည် မန္တလေးမြို့၌ အလုပ်အကိုင် ပြပွဲတစ်ခုကို
work.com.mm နှင့် ပူးပေါင်းကျင်းပမည်ဖြစ်သည်။ အဆိုပါ အလုပ်အကိုင်ပြပွဲတွင်
Ooredoo က အလုပ်အကိုင်ခေါ်ယူခြင်းကို တိုက်ရိုက်လုပ်ကိုင်
ဆောင်ရွက်သွားမည်ဟု သိရသည်။
မေလ ၂၈ ရက်နေ့တွင် နံ နက် ၉ နာရီမှ ညနေ ၅ နာရီအထိ မန္တလေး Swan Hotel တွင် အလုပ်အကိုင်ပြပွဲကို ကျင်းပမည် ဖြစ်ပြီး ဝန်ထမ်းပေါင်း အယောက် ၁၀၀ ဝန်းကျင်ကို Contact Center အတွက် တိုက်ရိုက်အင်တာဗျူး၍ အလုပ်ခန့်အပ်သွားမည် ဖြစ်သည်။

Credit to ==> Internet Journal