5/26/2016

♪ Android များတွင် password မလိုဘဲ login ပြုလုပ်နိုင်မည့်စနစ် ယခုနှစ်ကုန်တွင် စတင်မည်ဟု Google အတည်ပြု ♫


Google သည် password မလိုဘဲ login ပြုလုပ်နိုင်မည့် စနစ်သစ်ကို ယခုနှစ်ကုန်ပိုင်းတွင် Android developer များထံ ထောက်ပံ့ပေးသွားမည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါ စီမံကိန်းကို အမေရိကန်ရှိ တက္ကသိုလ် ၃၀ ကျော်တွင် စမ်းသပ်လျက်ရှိသလို ဘဏ္ဍာရေးအဖွဲ့အစည်းကြီး အချို့ထံတွင်လည်း ဇွန်လမှစတင်ကာ စမ်းသပ်လုပ်ဆောင်သွားမည် ဖြစ်သည်။
“စမ်းသပ်ဆောင်ရွက်မှုအခြေအနေတွေက ကောင်းမွန်ပါတယ်။ ဒီစနစ်ကို ၂၀၁၆ နှစ်ကုန်ပိုင်းမှာ ကမ္ဘာတစ်ဝန်းက Android developer များထံ ဖြန့်ချိသွားပါမယ်။

Developer တွေက ဖန်တီးတည်ဆောက်ထားတဲ့ အရာတွေကို မြင်တွေ့ရဖို့အတွက် မစောင့်နိုင်လောက်အောင် ဖြစ်နေပါတယ်” ဟု Google ၏ ATAP သုတေသနဌာနမှ အကြီးအကဲဖြစ်သူ ဒန်နီရယ်ကော့ဖ်မန်းက I/O 2016 တွင် ပြောကြားခဲ့သည်။


Credit to ==> Internet Journal
 

<<< စိတ်ဝင်စားတယ်ဆိုရင်အောက်ကကြော်ငြာကိုဝင်ရောက်လေ့လာနိုင်ပါတယ်ဗျာ။ ကျွန်တော့်ကိုလည်းတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com